Pages

Wednesday, April 30, 2014

***** ကလေးများအတွက် ******


ကလေးများအတွက်
***************

အိပ်ရာဝင်သော် သတိရလို့ ဗုဒ္ဓ ဓမ္မ သံဃာရယ် ကိုးကွယ်ပါတယ် စိတ်မှာ ညွတ်လို့ နှုတ်မှာတွတ်တွတ် ရွတ်ရတယ်။

အိပ်ရာထပြန် တစ်ဖန်ထပ်၍ မှန်မှန် မပြတ်ရွတ်ပါကွယ်။

ဘေးအန္တရာယ် ရန်စွယ်ကင်းလို့ ကောင်းခြင်းသုခ ရလိမ့်မယ်။

ဗုဒ္ဓ ကြောင်းရာ ကောင်းစွာသိမှ ဗုဒ္ဓ ကိုလည်းကြည်ညိုမယ်။

ကြည်ညိုသူက ဟောညွှန်ပြမှ စိတ်ကနှစ်ခြိုက်လိုက်ကြမယ်။

ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏ ခဏ ရွတ်သင့်တယ်။

အကျိုးနှင့်ကံ ဝေဖန်တတ်မှ ကံကောင်းကံမြတ်ပြုလိမ့်မယ်။

သရဏဂုံ တည်ရုံမျှဖြင့် ဥပါသကဖြစ်ပါပြီ။

ကိုယ်ကျင့်သိက္ခာ လုံခြုံကြဖို့ ငါးပါးသီလ ပဉ္စသီ။

ဒုစရိုက်တွေ ရှောင်သွေလွှဲလို့ သုစရိုက်လဲ စုံအညီ။

ဆွမ်းပန်းရေတော်မီးတော်ကပ်၍ နေ့စဉ်မပြတ်ပြုသင့်သည်။

တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခ ရနိုင်မည်။

တရားတုတွေကျင့်နေလို့ ဆင်းရဲဒုက္ခ ရောက်ရသည်။

ယခုတစ်ဖန် အမှန်လမ်းသို့ အမြန်လှမ်းဖို့ ချိန်တော်ပြီ။

သို့မှ တိုင်းပြည် ဘာသာရေးကြောင့် သာယာအေးဆေးရှိလိမ့်မည်။

မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ

No comments:

Post a Comment