♣♣♣ အရိယာပုဂ္ဂိုလ်တို့ နှလုံးမသွင်းသော
မပြုလုပ်သော အရာများ ♣♣♣
၁။ သင်္ခါရဟူသမျှ၌ သုခဟူ၍ နှလုံးမသွင်း
၂။ သင်္ခါရဟူသမျှ၌ အတ္တဟူ၍ နှလုံးမသွင်း
၃။ အမိသတ်သောကံကို မလွန်ကျူး
၎။ အဖသတ်သောကံကို မလွန်ကျူး
၅။ ရဟန္တာသတ်သောကံကို မလွန်ကျူး
၆။ဘုရားရှင်သွေးစိမ်းတည်အော
ကံကို မလွန်ကျူး
၇။ သံဃာသင်းခွဲသောကံကို မလွန်ကျူး
၈။ ဗုဒ္ဓသာသနာမှတပါး တစ်ခြားသော
အညတိတ္ထိ ယသာသနာ၌ ဆရာမရှာ
၉။ ဓာတုစေတီကို မဖျက်ဆီး
၁၀။ တိတ္ထိသာသနာ၌ အလှူခံပုဂ္ဂိုလ်ကို မရှာ
၁၁။လောကီမင်္ဂလာဖြင့် သံသရာမှလွတ်မြောက်နိုင်ဟု မယုံကြည်
၁၂။ မျက်နှာလိုက်၍ မပေးကမ်း
၁၃။ အသက်စွန့်ရစေကာမူ အဂတိ
လေးပါးသို့ မလိုက်
၁၄။ ငြင်းခုန်ခိုက်ရန်မပြု
၁၅။ ငါးပါးသီလ မလွန်ကျူး၊ မဖောက်ဖျက်
၁၆။ ဆရာမပြောင်း
၁၇။ မည်သည့်အခါမှ သရဏဂုံမညစ်နွမ်း
၁၈။ အနာရောဂါဝေဒနာခံစားရသော်လည်
သောက မဖြစ်
၁၉။ ဗြဟ္မာ့ပြည်သို့ရောက်သော်
အောက်ပြည်သို့ မဆင်း၊ မဖြစ်
၂၀။ ဟုတ်မှန်သောမိမိဂုဏ်ကိုပင် ထင်ပေါ်ကျော်ကြားအောင်
ပစ္စည်းရအောင် ရည်ရွယ်ချက်ဖြင့်
သူတပါးအားမပြော။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘လူငယ်များအတွက်ဂမ္ဘီရဝိပဿနာ
အတွဲ ၅-၆’ မှမျှဝေပါတယ်။
No comments:
Post a Comment