Pages

Wednesday, April 23, 2014

**** သည်းခံစိတ်ထားမှ သံသရာပြတ်မှာ ****



သည်းခံစိတ်ထားမှ သံသရာပြတ်မှာ
**************************

တရားအားထုတ်တဲ့အခါ
ဝေဒနာကို မကြောက်နှင့်။
ကြောက်ရင်လွဲ၊
ရဲရင်မင်းဖြစ်ဆိုတာ
ဒီနေရာမှာ သုံးရမှာ၊
ခန္ဓာမှာ တရားရှိနေသူအဖို့
သာသနာရှိနေတာပဲ။



တရားမရှိရင်
သာသနာ (ပ)နေတာပဲ။

အမြတ်က မရှုံးစေနဲ့၊
အရှုံးကသာ မြတ်ပါစေ။


အကုသိုလ်က
ကုသိုလ် ဖြစ်ပါစေ။
ကုသိုလ်က
အကုသိုလ် မဖြစ်ပါစေနှင့်။


လောကီချမ်းသာက
တစ်ဘဝ၊ တစ်နပ်စာ၊
လောကုတ္တရာ ချမ်းသာမှ
တစ်သက်လုံး အေးမှာ။

မဟုတ်လည်း သည်းခံ၊
ဟုတ်လည်း သည်းခံရမှာပဲ။


ခံရမယ့် အတူတူတော့
အခုကတည်းက ခံလိုက်တော့
သံသရာ ပြတ်တာပေါ့။


ဆားတောင် ဆရာတော်ဘုရားကြီး

No comments:

Post a Comment