Pages

Monday, May 19, 2014

၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။

     
  ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်းရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ အလိုဘဲ ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀ပါး သီလကို ဆောက်တည် စောင့်ထိန်းရ၏။



         လူအများမှာ ၅ ပါး သီလ၊ ၈ ပါး သီလ၊ (၈ ပါး သီလတွင် မေတ္တာစိတ်ထားကို ထည့်၍ )
၉ ပါး သီလ၊ အာဇီဝဌမက သီလ များကို ဆောက်တည် စောင့်ထိန်း ကြရ၏။ စွမ်းနိုင်လျှင် ၁၀ပါး သီလကိုလည်း စောင့်ထိန်းနိုင်၏။ (၀ိသုဒ္ဓိ ၁၊ ၁၅။ ဣတိ ဌ၊ ၁၉၄ )


         ကဿပ ဘုရားရှင် လက်ထက်တော် အခါ၌၊ ဃဋိကာရ အိုးထိန်းသည်၊ ကိကီ မင်းကြီး၏
သမီး ၇ ယောက်၊ ဂေါတမဘုရားရှင် လက်ထက်တော်အခါ၌ ဟတ္ထက ဥပသကာ၊ ဟတ္ထာဠ၀ကဥပသကာ စသည်တို့  ၁၀ ပါး သီလကို အသက်ထက်ဆုံး ဆောက်တည် ထိန်းသိမ်းကြပါ၏။ ။


{လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကူးယူရေးသားပူဇော်ပါသည်။}


http://www.damanady.tk/2014/05/blog-post_4996.html

No comments:

Post a Comment