Pages
▼
မထင်မရှားဖြစ်သော စိတ်များ။
မိမိ၏ စိတ်ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစားကြည့်သောအခါ တချို့စိတ်၏ ဖြစ်ပုံသည်ထင်ရှား၏။ တချို့စိတ်၏ ဖြစ်ပုံကား မထင်ရှား။ အိပ်ပျော်နေသောအခါ၌ စိတ်အစဉ်သည် ဖြစ်မြဲ ဖြစ်နေ၏။ သို့သော် ဖြစ်ပုံကားမထင်ရှားချေ။ နိုးသောအခါမှာလည်းအမှတ်တမဲ့
မြင်ရ၊
ကြားရ၊ နံရ၊ ထိရသောအခါ စိတ်ဖြစ်ပုံ မထင်ရှား။ စိတ်ဖြင့် တွေးမိတွေးရာကို တွေး၍ ငေးမိ
ငေးရာကို ငေးနေသောအခါလည်း စိတ်ဖြစ်ပုံ မထင်ရှား။
ထိုသို့ မထင်ရှားသောအခါ ကုသိုလ်
ဇော၊ အကုသိုလ်ဇော စိတ်စေတနာတွေ ဖြစ်ပေါ်နေသော်လည်း ထို ဇောစေတနာများကြောင့်“ မည်သည့်ကံတစ်ခုမျှ အထမမြောက်ဘဲ ” အမှတ်တမဲ့ မသိမသာဖြစ်သော ဇောစေတနာများ
သည် တစ်နေ့ အဖို့မှာ အတော်များစွာ ဖြစ်ကြသည်။ ။
{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
“ကိုယ်စီခပ်နှိပ်ကြ”
===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထိုထိုသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီခပ်နှိပ် ကြစေသတည်း။ ။
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)
http://www.damanady.tk/2014/05/blog-post_2465.html
No comments:
Post a Comment