Pages
▼
**** နိဗ္ဗာန်ရောက်ဖို့ထက် ခက်သောအရာ *****
နိဗ္ဗာန်ရောက်ဖို့ထက် ခက်သောအရာ
---------------------------------------
" အတ္တပျောက်ပြီး အနတ္တပေါက်၍ နိဗ္ဗာန်ရောက်ဖို့ နည်းလမ်းက လွယ်လွယ်ကလေးရယ်
သို့သော်လည်း ပြောမဖြစ်အောင် ခက်နေတဲ့ အခက်ကြီးတစ်ခက်က ရှိနေပြန်တယ်။
အဲဒီအခက်က ဘာလဲဆိုတော့ ဒကာမောင်တို့တွေရဲ့
စိတ်ကလေးတစ်ခုပါပဲ။
အဲဒီစိတ်ကလေးဟာ ' ပါပသ္မိံ ရမတိ မနော' ဆိုတဲ့အတိုင်း
မကောင်းတဲ့နေရာမှာ မကောင်းတဲ့ အာရုံ၌သာ မွေ့လျော်ပျော်ပါး ကျက်စား၍
နေလေ့ရှိတယ်။ လူမနီးသူမနီး လူသံမကြား သူသံမကြား (ဝိဝေက) ဆိတ်ငြိမ်ရာ
အရပ်မှာ ဝိပဿနာတရားပွားများ အားထုတ်ကြစမ်းပါဆိုတော့ တီကောင်ကို
ဆားနှင့်တို့သလို တွန့်လိမ်ကုန်ကြတော့တာပဲ။"
" ကြက်လည်ပင်းဆွဲသလို
အတင်းနင်းကန်ပြီး နောက်ဆုတ်ကုန်ကြတော့တာပဲ။ အဲဒီအထဲမှာ ဘာကြောင့်
ညာကြောင့်ဆိုတဲ့ ပရိယာယ်တွေက ပါလိုက်သေးတယ်။ ဒကာမောင်ရဲ့ အတ္တပျောက်၍
အနတ္တပေါက်ဖို့ တရားဟော လွယ်ကူသလောက် ဒကာမောင်တို့ရဲ့ စိတ်ကလေးဟာ
ဝိပဿနာအလုပ်ဆို သေရတော့မလောက် ကြောက်နေကြတာက ခက်တာ။ အဲဒီစိတ်ကလေးဟာ
ပြုပြင်မှုနှင့် မကင်းနိုင်တဲ့ သင်္ခါရသဘောတရား ဖြစ်လေသောကြောင့် အမြဲတမ်း
ပြုပြင်ပေးနိုင်မှ တော်ရုံကျမယ်။ သို့မဟုတ်ဘဲ သူ့အလို သူ့စရိုက်
သူ့အကြိုက်ကိုသာ လိုက်လျောနေမယ်ဆိုလျှင် အပါယ်လေးပါး တစ်လမ်းသွားဖြစ်မယ်
ဒကာမောင်ရဲ့………………"
" အဲဒါကြောင့် ဒကာမောင်တို့ ယောဂီတွေ
အပါယ်လေးပါး တံခါးပိတ်ပြီး နိဗ္ဗာန်သို့ ရောက်ကြလေအောင် မိမိတို့စိတ်ကို
မိမိတို့ ပြုပြင်ကြရလိမ့်မယ်။ မိမိကိုယ်ကို မိမိ တိဟိတ်လေလော ဒွိဟိတ်လေလော
ပါရမီပြည့်လေသလော ပါရမီမပြည့်လေသလောဟု တွေးတော စဉ်းစားမနေပါနှင့်
သာသနာတော်ကြီးနှင့် ကြုံကြိုက်တဲ့အခါမှာ ပါရမီပြည့်တဲ့
တိဟိတ်ပုဂ္ဂိုလ်တွေပဲလို့ အောက်မေ့ပြီး ဝိပဿနာအလုပ်ကို မလုပ်ချင်-
လုပ်ချင်အောင် မိမိစိတ်ကို မိမိတို့ ပြုပြင်ကြစမ်းပါ"
" သဒ္ဓါဗိုလ်
ဝီရိယဗိုလ် ထက်ထက်သန်သန်နှင့် အရိုးကြေကြေ အရေစုတ်စုတ် နောက်မဆုတ်တော့ဘူး။
အတ္တပျောက်ပြီး အနတ္တပေါက်၍ နိဗ္ဗာန်ရောက်အောင် အားထုတ်ပါတော့မယ်ဆိုတဲ့
စိတ်မျိုးတွေ ဖြစ်ပေါ်အောင် မိမိစိတ်ကို မိမိပြုပြင်ပေးကြဖို့
အရေးကြီးပါတယ်"
---------------------------------
(သံလျင်မြို့ ပျားစည်ကျောင်းဆရာတော် အရှင်ဇယန္တ အရိယာ စစ်တမ်း)
No comments:
Post a Comment