Pages

Friday, May 23, 2014

အသာခံလမ်းစဉ်နှင့် အနာခံလမ်းစဉ်…


 
အသာခံလမ်းစဉ်နှင့် အနာခံလမ်းစဉ်…

အရှင်ဒေ၀ဒတ်သည် အရာရာ၌ အသာချည်း စံခဲ့သည်။ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်သည် ယခုအခါ အ၀ီစိ ငရဲသို့ ကျရောက်နေရပြီ ဖြစ်၏။ ထို့အတူ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သူ မှန်သမျှသည် အရှင်ဒေ၀ဒတ် နောက်သို့ လိုက်ကြရမည် ဖြစ်၏။

ဗုဒ္ဒသည် အရာရာ၌ အနာခံခဲ့သည်။ အနာခံခြင်း ၀ါဒကို တည်ထောင်ခဲ့သော ဗုဒ္ဓသည် ယခုအခါ နိဗ္ဗာန်သို့ ရောက်နေပြီ ဖြစ်၏။ ထို့အတူ အနာခံခြင်း ၀ါဒကို ကျင့်သုံးသူ မှန်သမျှသည် ဗုဒ္ဓနောက်သို့ လိုက်ကြရမည် ဖြစ်၏။

သစ္စာစကားဖြင့် ပြောလျှင် အသာစံခြင်းသည် “သမုဒယသစ္စာ” ခေါ် တဏှာကို သိမ်းပိုက်ထားခြင်း ဖြစ်၏။ အနာခံခြင်းသည် သမုဒယသစ္စာ ခေါ် တဏှာကို စာတွေ့မဟုတ်ဘဲ ငါတွေ့အလုပ်ဖြင့် ပယ်သတ်ခြင်း ဖြစ်၏။

ထို့ကြောင့် နိဗ္ဗာန်ကို ရယူလိုသူ မှန်သမျှ အနာခံခြင်း ၀ါဒကို ကျင့်သုံးရမည် ဖြစ်သည်…

[အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)]

No comments:

Post a Comment