Pages

Thursday, May 8, 2014

“ဂုဏ် နဲ့ အပြစ်”

Photo: “ဂုဏ် နဲ့ အပြစ်”
••••••••••••••
ဒီနေရာမှာ စကားစပ်လို့ “ဂုဏ်နဲ့အပြစ်”ဆိုတာကို 
နည်းနည်းလေး ရှင်းပြချင်တယ်။ 
လူအများသိနေတာက ဂုဏ်ဆိုတာ ဘာလဲဆိုတော့
ဂုဏ်ပကာသနတွေလို့ ထင်နေကြတယ်။ 
ဘွဲ့ဒီဂရီတွေကို ဂုဏ်လို့ ထင်နေကြတယ်။
မြတ်စွာဘုရားရဲ့ တရားတော်နဲ့ကြည့်ရင် 
“အနဝဇ္ဇလက္ခဏာ”တဲ့။ 
အပြစ်မရှိတာကို ဂုဏ်လို့ခေါ်ပါတယ်။ 
အပြစ်ဆိုတာ ဘာလဲလို့မေးရင် “လောဘ၊ ဒေါသ၊ မောဟ”
စတဲ့ အကုသိုလ်တရား တွေကို အပြစ်လို့ခေါ်တယ်။ 
ကိုယ့်ရဲ့လုပ်ငန်းမှာ လောဘအပြစ်၊ ဒေါသအပြစ် ရှိသလား၊ 
မရှိဘူးလား သိရမယ်။

ဥပမာအားဖြင့် ဈေးရောင်းတယ်။
ဈေးရောင်းတာ ဘာလုပ်ဖို့ရောင်းသလဲ။
သားသမီးတွေအတွက် ပညာရေးထောက်ပံ့ဖို့။
ဒါဆိုရင် အပြစ်မရှိဘူး။ နောက်ပြီး
သားသမီးတွေ ပညာတတ်လာရင် နိုင်ငံနဲ့လူမျိုးအကျိုး 
ဆောင်ရွက်နိုင်ဖို့။ ငါတို့ ကြီးပွားလာခဲ့ရင် သာသနာတော်ကြီးကို 
ထောက်ပံ့လှူဒါန်းရမယ်။ 
ဒီလိုစိတ်တွေနဲ့ စီးပွားရှာရင် လောဘ၊ ဒေါသအပြစ်တွေ 
နည်းပြီးတော့ “မေတ္တာတရား၊ ကောင်းတဲ့စိတ်”တွေ 
ပွားများလာတယ်။ ဒါကို “ဂုဏ်ရှိတဲ့အလုပ်”လို့ ခေါ်ရပါတယ်။ 
ဒီတော့ ဂုဏ်ဆိုတာ အကျဉ်းချုပ်ပြောပါဆိုရင် 
“အပြစ်ကင်းတာကို ဂုဏ်”လို့ခေါ်ပါတယ်။

ဘာအပြစ်ကင်းတာလဲ။ 
လောဘအပြစ်ကင်းရမယ်။ 
ဒေါသအပြစ်ကင်းရမယ်။
မောဟ အပြစ်ကင်းရမယ်။ 
ဒါကြောင့် လောဘ၊ ဒေါသ၊ မောဟအပြစ် ကင်းတဲ့အလုပ်ကို 
“ဂုဏ်ရှိတဲ့အလုပ်”လို့ ခေါ်ရပါတယ်။
ပြောင်းပြန်ပြန်လိုက်ပါ။ 
လောဘ၊ ဒေါသ၊ မောဟ အပြစ်တွေရှိနေရင် 
“ဂုဏ်မဲ့တယ်”လို့ ခေါ်ရပါတယ်။ 
အပြစ်ရှိတယ်လို့ ခေါ်ရတယ်။

ငါချမ်းသာဖို့၊ ငါ့မိသားစု ဘယ်လိုဇိမ်ခံဖို့စသဖြင့် 
လောဘ၊ ဒေါသတွေ ကြီးပြီးတော့ စီးပွားရေးလုပ်ရင် 
“အပြစ်ကင်းတဲ့အလုပ်”လို့ မခေါ်ပါဘူး။ 
“ဂုဏ်ရှိတဲ့အလုပ်”လို့ မခေါ်ရပါဘူး။

- 【အရှင်ဣန္ဒကာဘိဝံသ】
(မြစကြာဆရာတော်၊ စစ်ကိုင်း)

Dhamma Dãna Source ► 
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment