Pages

Thursday, May 1, 2014

**** မိဘကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်ပုံ။ *****

 
၁။ သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရားရှိလာအောင်။

၂။ သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။


၃။ ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်။



၎။ တရား အားမထုတ်ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ် ဖြစ်လာအောင် ပရိယာယ်နဲ့ပဲ
    ဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ ဖန်တီးစီစဉ်ပေးရပါမယ်။ မိဘကို နည်းမျိုးစုံနဲ့ ကျေးဇူးဆပ် နေတဲ့ သားသမီးကို မင်္ဂလာတရားက သူရဲ့ကြောင်းကျိုးအားလျော်စွာ ကျေးဇူးပြုသွားပါမှာပါ။


         တကယ်လို့ ဘ၀မှာ အခက်အခဲတစ်စုံတစ်ရာ ကြုံခဲ့ရင်တောင်မှ ကိုယ်ပြုခဲ့တဲ့ မာတာ ပိတု ဥပဌာန မင်္ဂလာကို သစ္စာဆိုပြီး ဖြေရှင်းပစ်လို့ ရပါတယ်။ ။


{ရဝေနွယ်(အင်းမ)၏ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်}


 http://www.damanady.tk/2014/05/blog-post_1.html

No comments:

Post a Comment