Pages

Friday, June 13, 2014

မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး

      

  မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
 

၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ  ဇော်ကို ခံလျက် အခွင့်အားလျော်စွာ ဒေသနာဓမ္မ ဟောပြတော်မူခြင်းကိစ္စ။



၃။ ပုရိမယာမကိစ္စ = ညဥ့်ဦးယံ၌ ရဟန်းပရိသတ်တို့အား တရားဟောခြင်း၊ ကမ္မဌာန်းပေးခြင်း၊     စသောကိစ္စ။
 

၎။ မဇ္ဈိမယာမကိစ္စ = သန်းခေါင်ယံ၌ စကြ၀ဠာတိုက်တစ်သောင်းမှ စည်းဝေးလာရောက်ကုန်သောနတ်ဗြဟ္မာအပေါင်းတို့၏ အမေးပု စ္ဆာ ပြသနာတို့ကို ဖြေဆိုတော်မူခြင်း   စသော ကိစ္စ။
 

၅။ မ စ္ဆိမယာမကိစ္စ = မိုးသောက်ယံ၏ သုံးစုတစ်စုတွင် ပထမအစု၌ စင်္ကြံကြွတော်မူခြင်း၊ ဒုတိယအစု၌ သီဟသေယျဖြင့်လက်ျာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိ
  ယအစု၌ မဟာဂရုဏာတော်ဖြင့် စတုတ္ထ ဈာန်သမာပတ်ကို ၀င်စားတော် မူ၍ ထိုမဟာဂရုဏာ သမာပတ်မှ ထတော်မူပြီးလျှင် အရုဏ်တက်ခါနီး၌  ယနေ့ချွတ်ထိုက်သော သတ္တ၀ါကို ဗုဒ္ဓစက္ခုဉာဏ်တော်ဖြင့် လောကသုံးပါး    ကို ကြည့်ရှုတော်မူခြင်း စသောကိစ္စများဖြစ်ပါတယ်။
 

{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

   http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment