Pages

Tuesday, June 17, 2014

နေလျှင် ခြောက်ချက်

Photo: နေလျှင် ခြောက်ချက်
-----------------------

၁။ အဖိုးမထိုက်သော ကိလေသာအခွာရခက်သည်။

၂။ မထင်ရှားသော ကြိုးဆယ်စင်း အဖြေရခက်သည်။ (သံယောဇဉ် ၁၀ပါး)

၃။ အခိုးမထွက်သော ရာဂမီး (၁၁)မီး အငြိမ်းရခက်သည်။

၎။ မဝေးသောနိဗ္ဗာန်ခရီး အသွားရခက်သည်။

၅။ အရှင်မရှိသောဥစ္စာ အရှာရခက်သည်။ (သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတပ္ပ သူတော်ကောင်းတရား ၇ ပါး)

၆။ ကိုယ်ဝန်ဆောင်သော ယောက်ျားအဖွားခက်သည်။ (အရိယာစာရင်းဝင်မှ ယောက်ျားစင်စစ်ဖြစ်သည်ဟုခေါ်သည်)

သေလျှင် ခြောက်ချက်
-----------------------

ဥစ္စာပစ္စည်း မည်မျှချမ်းသာသည် ဆိုစေကာမူ မွဲ၍သေပါလိမ့်မည်။

ဆဒ္ဒန်ဆင် ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။

အစားအစာကောင်းကို မည်မျှစားနိုင်သည် ဆိုစေကာမူ ငတ်၍သေပါလိမ့်မည်။

နတ်မမှီ လူမမျှလှပသည် ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။

စုံမက်ချစ်ခင်သူ များသည်ဆိုစေကာမူ အမုန်းခံ၍ သေရပါလိမ့်မည်။

(စတုဘုမ္မိကငှက်တွင်းဆရာတော် ဦးပဏ္ဍဝ)

 ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....

No comments:

Post a Comment