Pages

Wednesday, June 18, 2014

“မမေ့သင့်သော ထိုသုံးမျိုး”

Photo: “မမေ့သင့်သော ထိုသုံးမျိုး”

၁။ ဝယဓမ္မသင်္ခါရ - ဖြစ်ပြီးတိုင်း ပျက်ရမည့် သေခြင်းတရား မမေ့သင့်၊

၂။ တိသရဏရတန - သင့်အတွက် ဖြစါပေါ်လာသော ရတနာမြတ်သုံးပါး မမေ့သင့်၊

၃။ မဟာလာဘိက ဒုလ္လဘ - သင်အသက်ရှင်ဆဲ ဆွဲသုံးနိုင်သည့် ဒုလ္လဘငါးပါး မမေ့သင့်၊

ထိုသုံးပါးတို့တွင် ရှင်တော်မြတ်ဘုရားသည် သေခြင်းတရားကို ပရိနိဗ္ဗာန်ဝင်ခါနီးအထိ သတိ
ပေးတော်မူသွား၏။

သရဏဂုံကိုကား သီလခံယူကြလေတိုင်းပင် သတိပေးတော်မူသွား၏။

ဒုလ္လဘတရားကိုကား တစ်နေ့လျှင် တစ်ကြိမ်ကျ သတိပေးတော်မူသွား၏။ အဘယ်ကြောင့်ဆို
သော် သေခြင်းကို မေ့ပျောက်လေသူသည် နေခြင်းကိုလည်း မေ့ပျောက်နေတတ်လှ၍ ...

အနေများ အမှားကြာလေသူသည် သူ့ဖို့ စောင့်စား ရတနာသုံးပါးကိုလည်း မေ့ပျောက်နေတတ်
လှ၍ ရတနာများ အလကားထားသူသည် မိမိ၏ လူ့ဘဝ အရ မတော်လှတော့၍ ...

ထိုလူသား ...

မိမိရှိ ယုံကြည်ချက်စွမ်းပကား ဘေးပစင်သွား လုံးပါးပါး ချေပြီတကား။

မိမိ၏ လွတ်မြောက်ရေးလမ်းစ အဝေးကြီး ဝေးရရှာ ချေပြီတကား။

မိမိ ရထိုက်ရှိ အခွင့်အရေးများ လက်လွတ်ဆုံးပါးရရှာ ချေပြီတကား။

မဟာဗောဓိမြိုင်ဆရာတော်
Buddhavasa Tiloka 

“မမေ့သင့်သော ထိုသုံးမျိုး”

၁။ ဝယဓမ္မသင်္ခါရ - ဖြစ်ပြီးတိုင်း ပျက်ရမည့် သေခြင်းတရား မမေ့သင့်၊

၂။ တိသရဏရတန - သင့်အတွက် ဖြစါပေါ်လာသော ရတနာမြတ်သုံးပါး မမေ့သင့်၊



၃။ မဟာလာဘိက ဒုလ္လဘ - သင်အသက်ရှင်ဆဲ ဆွဲသုံးနိုင်သည့် ဒုလ္လဘငါးပါး မမေ့သင့်၊

ထိုသုံးပါးတို့တွင် ရှင်တော်မြတ်ဘုရားသည် သေခြင်းတရားကို ပရိနိဗ္ဗာန်ဝင်ခါနီးအထိ သတိ
ပေးတော်မူသွား၏။

သရဏဂုံကိုကား သီလခံယူကြလေတိုင်းပင် သတိပေးတော်မူသွား၏။

ဒုလ္လဘတရားကိုကား တစ်နေ့လျှင် တစ်ကြိမ်ကျ သတိပေးတော်မူသွား၏။ အဘယ်ကြောင့်ဆို
သော် သေခြင်းကို မေ့ပျောက်လေသူသည် နေခြင်းကိုလည်း

 မေ့ပျောက်နေတတ်လှ၍ ...

အနေများ အမှားကြာလေသူသည် သူ့ဖို့ စောင့်စား ရတနာသုံးပါးကိုလည်း မေ့ပျောက်နေတတ်
လှ၍ ရတနာများ အလကားထားသူသည် မိမိ၏ လူ့ဘဝ အရ မတော်လှတော့၍ ...

ထိုလူသား ...

မိမိရှိ ယုံကြည်ချက်စွမ်းပကား ဘေးပစင်သွား လုံးပါးပါး ချေပြီတကား။

မိမိ၏ လွတ်မြောက်ရေးလမ်းစ အဝေးကြီး ဝေးရရှာ ချေပြီတကား။

မိမိ ရထိုက်ရှိ အခွင့်အရေးများ လက်လွတ်ဆုံးပါးရရှာ ချေပြီတကား။

မဟာဗောဓိမြိုင်ဆရာတော်
Buddhavasa Tiloka


 ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....

No comments:

Post a Comment