Pages

Tuesday, June 17, 2014

သူတောင်းစားခြောက်ယောက်




သူတောင်းစားခြောက်ယောက်.....တဲ့။

၁။မျက်စိက မြင်တာတွေ.လိုချင်လို့ .တောင်းတော့..လိုက်လုပ်ပေးရတယ်။
 

၂။နားကကြားတာလေးတွေ..နားထောင်ချင်လို့ တောင်းတော့..
လိုက်လုပ်ပေးရတယ်။
 

၃။နှာခေါင်းကရနံ့ လေးတွေရှူချင်လို့  တောင်းတော့..
လိုက်လုပ်ပေးရတယ်။

 

၎။လျှာပါးစပ်ကအရသာရှိတာလေးတွေစားချင်လို့  တောင်းတော့...
လိုက်လုပ်ပေးရတယ်။ 

 ၅။ကိုယ်အထိအတွေ့ လေးကလည်း..ကောင်းနိုးရာရာလေး..ခံစားချင်လို
့  တောင်းတော့ လိုက်လုပ်ပေးရတယ်။
 

၆။ဟဒယစိတ်အတွေးတွေကလည်း...လိုချင်တာမှန်သမျှ..မနားတမ်း
 တောင်းနေပြန်
တော့လိုက်လုပ်ပေးနေရတယ်။

ပုထုဇဉ်..အရူးတွေဆိုတော့..


မျက်စိသူတောင်းစား။
နားသူတောင်းစား။
နှာခေါင်းသူတောင်းစား။

လျှာပါးစပ်သူတောင်းစား။
ကိုယ်သူတောင်းစား။
ဟဒယစိတ်သူတောင်းစား..

ဆိုတဲ့..သူတောင်းစား ခြောက် ယောက်...
တောင်းသမျှ လိုက်လုပ်ပေးနေကြတယ်။တဲ့။


အချိန်တန်တော့..အဲဒီ သူတောင်းစားခြောက်ယောက်က .လူသားအားလုံးတို့ ကို
ကျေးဇူးမဆပ်တဲ့ အပြင်..အခေါင်းထဲကိုကန်ချ မှာတဲ့။.


ဓမ္မမိတ်ဆွေ စာဖတ်သူများ အာလုံး ဗဟုသုတ အသိများ ရရှိစေလိုခြင်းငှာ ရေးသားလိုက်ပါသည်...။

ဓမ္မမိတ်ဆွေများ အားလုံး ရွှင်လန်းချမ်းမြေံကြပါစေ ...။
 

No comments:

Post a Comment