Pages
▼
"ဓမ္မဒူတ ဆရာတော်ဘုရားကြီး ၏ ချမ်းသာ သက်ရှည်နည်း "
"ဓမ္မဒူတ ဆရာတော်ဘုရားကြီး ၏ ချမ်းသာ သက်ရှည်နည်း "
၁။ အများနှင့်သာ အရာရာ
လျှော်စွာ နေထိုင်တတ်ရမည်။
၂။ အများအကျိုး မြတ်တနိုး
သယ်ပိုး ဆောင်ရွက်ရပေမည်။
၃။ အများဆီမှာ ကိုယ့်မေတ္တာ
လွှတ်ကာ ပွားများနေရမည်။
၎။ ခန္တီချပ်ဝတ် အမြဲဝတ်
ရန်ဓါတ် သည်းခံနိုင်ရမည်။
၅။ ကိုယ့်အလုပ်မှာ ထွဋ်ထိပ်သာ
ရောက်ငှာ မျှော်ကိုးလုပ်ရမည်။
၆။ ရရှိဘောဇဉ် သတိဆင်
ဆင်ခြင်တိုင်းတာ သိရမည်။
၇။ ဆင်ခြင်တိုင်းထွာ သိ၍သာ
သင့်စာ စား၍ နေရမည်။
၈။ ကိုယ်နှင့် လျော်ငြား ကိုယ်လက်များ
လှုပ်ရှား လေ့ကျင့်ပေးရမည်။
၉။ ကိုယ်နှုတ်နှစ်ပါး နားပေးထား
တရားရှုပွားနေရမည်။ ။
(ဓမ္မဒူတ ဆရာတော်ဘုရားကြီး)
No comments:
Post a Comment