Pages

Tuesday, June 10, 2014

သူတို့ ငါ့ကို ချစ်ရဲ့လား


 Photo: သူတို့ ငါ့ကို ချစ်ရဲ့လား
===========

   လူတွေဟာ အချစ်ခံချင်တယ်။

လူတိုင်း အနဲနဲ့အများ အချစ်ခံရရင်

ပျော်တယ်။ လူတော်တော်များများ

ဟာ ကိုယ်က ချစ်ဖို့ထက် အချစ်ခံ

ရဖို့ကို ပိုပြီးစိတ်ဝင်စားတယ်။ ငယ်

ငယ်က မိဘတွေချစ်တာကို ခံခဲ့ရ

လို့ ကျန်းမာပျှော်ရွှင်တဲ့သူ ဖြစ်လာ

တယ်။ မိဘနဲ့ငယ်စဉ်က မရင်းနှီးခဲ့

တဲ့သူဟာ ကြီးလာတဲ့အခါမှာ စိတ်

ဓါတ်ကျဖို့ရာ အလားအလာပိုများ

တယ်။ မိဘချစ်တာ မခံရရင် စိတ်

ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာ

ရေးပါ ထိခိုက်နိုင်တယ်။ ဒါပေမယ့်

ကြီးလာတဲ့အခါမှာ ကိုယ်ကမေတ္တာ

ပေးနိုင်ဖို့ကို ပိုပြီးဦးစားပေးရမယ်။

   သီချင်းတွေ ရုပ်ရှင်တွေ ဗီဒီယို

တွေမှာ ချစ်တာနဲ့ပတ်သက်ပြီး လွဲ

မှားတဲ့အယူအဆတွေ ဆိုပြ ရိုက်ပြ

ကြတာများတယ်။ ''သူမချစ်ရင် ငါ

သေမှာဘဲ'' ဆိုတဲ့အဓိပ္ပါယ် ပေါက်

နေတယ်။ 

  သူမရှိရင် ငါ့ဘဝဟာ မပြည့်စုံဘူး

သူမရှိရင် ငါအသက်ရှင်နေရတာအ

ဓိပ္ပါယ်မရှိဘူးလို့ယူဆပြီးတော့ တ

ခြားတစ်ယောက်ယောက်က ကိုယ့်

ဘဝပြည့်စုံသွားအောင် အဓိပ္ပါယ်ရှိ

သွားအောင် လုပ်ပေးနိုင်လိမ့်မယ်

လို့ မျှော်လင့်ပြီးတော့ စွဲလန်းနေ

တတ်တဲ့သူတွေရဲ့ တစ်ယောက်နဲ့

တစ်ယောက် ဆက်ဆံရေးဟာ အ

ဆင်မပြေတာပဲ များပါတယ်။ကိုယ့်

ဘဝကို ပြည့်စုံအောင် အဓိပ္ပါယ်ရှိ

အောင် တခြားဘယ်သူမှလုပ်မပေး

နိုင်ဘူး။ ကိုယ့်ဟာကိုယ် လုပ်ယူမှ

ပဲ ရမယ်။ 

     ကိုယ့်ကိုယ်ကို တကယ်ချစ်ဖို့ 

ကိုယ့်ကိုယ်ကို အဖက်ဖက်က

ကောင်းလာအောင် ပြုစုပျိုးထောင်

ဖို့ /ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ / ကိုယ့်

အားကိုယ်ကိုးဖို့လိုတယ်။ ဒါမှ ရင့်

ကျက်ခိုင်မာတဲ့စိတ်နဲ့ ချစ်တတ်တဲ့

သူဖြစ်မယ်။ 

   ကိုယ့်အားကိုယ်မကိုးနိုင်တဲ့သူက

တခြားတယောက်ကို ချစ်တယ်ဆို

တာ အမှန်တော့ သူ့ဘဝ ရပ်တည်

ရေးအတွက်ချစ်တာ / သူလိုတာ

တွေကို ပေးနိုင်မယ်ထင်လို့ချစ်တာ

သူ့အခက်အခဲတွေကို ပြဿနာ

တွေကို ဖြေရှင်းပေးနိုင်မယ်လို့မျှော်

လင့်ပြီးချစ်တာ။ အဲဒါမျိုးကို မှီခိုတဲ့

အချစ်လို့ ခေါ်တယ်။

    တစ်ယောက်ကိုတစ်ယောက်အ

ပြန်အလှန် စိတ်ဓါတ်ရင့်ကျက်မှုပိုရှိ

လာအောင် အရည်အချင်းပိုရှိလာ

အောင် အထောက်အကူပေးတဲ့ အ

ချစ်မျိုးနဲ့ ချစ်နိုင်မှ စိတ်ချမ်းသာမှုရ

တဲ့ ဆက်ဆံရေးဖြစ်မယ်။ 

    ကိုယ့်အားကိုယ် မကိုးနိုင်တဲ့သူ

ဟာ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာ

အောင်မနေနိုင်ဘူး။ ကိုယ့်ဟာကို

စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူ

ဟာသူများကိုစိတ်ချမ်းသာအောင် 

အထောက်အကူမပေးနိုင်ဘူး။

   ကိုယ့်ကို တကယ်စစ်မှန်တဲ့ မေ

တ္တာနဲ့ ချစ်မယ့်သူရှိတယ်ဆိုရင်ဝမ်း

သာစရာကောင်းပါတယ်။ ဒါပေမဲ့

အဲဒီလိုလူ မရှိရင်လည်း စိတ်ချမ်း

သာအောင် နေနိုင်ရမယ်။ဒီအချက်

ကို လူငယ်လူရွယ်တွေသေသေချာ

ချာ သဘောပေါက်စေချင်တယ်။

************************

•••ဆရာတော်ဦးဇောတိက

(မဟာမြိုင်တောရ) ၏ "စိတ်နှလုံး

ရွှင်လန်းစေဖို့'' တရားတော် 

pg (164-166) မှ 
်
သူတို့ ငါ့ကို ချစ်ရဲ့လား
===========

လူတွေဟာ အချစ်ခံချင်တယ်။

လူတိုင်း အနဲနဲ့အများ အချစ်ခံရရင်

ပျော်တယ်။ လူတော်တော်များများ

ဟာ ကိုယ်က ချစ်ဖို့ထက် အချစ်ခံ

ရဖို့ကို ပိုပြီးစိတ်ဝင်စားတယ်။



ငယ်ငယ်က မိဘတွေချစ်တာကို ခံခဲ့ရ

လို့ ကျန်းမာပျှော်ရွှင်တဲ့သူ ဖြစ်လာ

တယ်။ မိဘနဲ့ငယ်စဉ်က မရင်းနှီးခဲ့

တဲ့သူဟာ ကြီးလာတဲ့အခါမှာ စိတ်

ဓါတ်ကျဖို့ရာ အလားအလာပိုများ

တယ်။ မိဘချစ်တာ မခံရရင် စိတ်

ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာ

ရေးပါ ထိခိုက်နိုင်တယ်။ ဒါပေမယ့်

ကြီးလာတဲ့အခါမှာ ကိုယ်ကမေတ္တာ

ပေးနိုင်ဖို့ကို ပိုပြီးဦးစားပေးရမယ်။

သီချင်းတွေ ရုပ်ရှင်တွေ ဗီဒီယို

တွေမှာ ချစ်တာနဲ့ပတ်သက်ပြီး လွဲ

မှားတဲ့အယူအဆတွေ ဆိုပြ ရိုက်ပြ

ကြတာများတယ်။ ''သူမချစ်ရင် ငါ

သေမှာဘဲ'' ဆိုတဲ့အဓိပ္ပါယ် ပေါက်

နေတယ်။

သူမရှိရင် ငါ့ဘဝဟာ မပြည့်စုံဘူး

သူမရှိရင် ငါအသက်ရှင်နေရတာအ

ဓိပ္ပါယ်မရှိဘူးလို့ယူဆပြီးတော့ တ

ခြားတစ်ယောက်ယောက်က ကိုယ့်

ဘဝပြည့်စုံသွားအောင် အဓိပ္ပါယ်ရှိ

သွားအောင် လုပ်ပေးနိုင်လိမ့်မယ်

လို့ မျှော်လင့်ပြီးတော့ စွဲလန်းနေ

တတ်တဲ့သူတွေရဲ့ တစ်ယောက်နဲ့

တစ်ယောက် ဆက်ဆံရေးဟာ အ

ဆင်မပြေတာပဲ များပါတယ်။ကိုယ့်

ဘဝကို ပြည့်စုံအောင် အဓိပ္ပါယ်ရှိ

အောင် တခြားဘယ်သူမှလုပ်မပေး

နိုင်ဘူး။ ကိုယ့်ဟာကိုယ် လုပ်ယူမှ

ပဲ ရမယ်။

ကိုယ့်ကိုယ်ကို တကယ်ချစ်ဖို့

ကိုယ့်ကိုယ်ကို အဖက်ဖက်က

ကောင်းလာအောင် ပြုစုပျိုးထောင်

ဖို့ /ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ / ကိုယ့်

အားကိုယ်ကိုးဖို့လိုတယ်။ ဒါမှ ရင့်

ကျက်ခိုင်မာတဲ့စိတ်နဲ့ ချစ်တတ်တဲ့

သူဖြစ်မယ်။

ကိုယ့်အားကိုယ်မကိုးနိုင်တဲ့သူက

တခြားတယောက်ကို ချစ်တယ်ဆို

တာ အမှန်တော့ သူ့ဘဝ ရပ်တည်

ရေးအတွက်ချစ်တာ / သူလိုတာ

တွေကို ပေးနိုင်မယ်ထင်လို့ချစ်တာ

သူ့အခက်အခဲတွေကို ပြဿနာ

တွေကို ဖြေရှင်းပေးနိုင်မယ်လို့မျှော်

လင့်ပြီးချစ်တာ။ အဲဒါမျိုးကို မှီခိုတဲ့

အချစ်လို့ ခေါ်တယ်။

တစ်ယောက်ကိုတစ်ယောက်အ

ပြန်အလှန် စိတ်ဓါတ်ရင့်ကျက်မှုပိုရှိ

လာအောင် အရည်အချင်းပိုရှိလာ

အောင် အထောက်အကူပေးတဲ့ အ

ချစ်မျိုးနဲ့ ချစ်နိုင်မှ စိတ်ချမ်းသာမှုရ

တဲ့ ဆက်ဆံရေးဖြစ်မယ်။

ကိုယ့်အားကိုယ် မကိုးနိုင်တဲ့သူ

ဟာ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာ

အောင်မနေနိုင်ဘူး။ ကိုယ့်ဟာကို

စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူ

ဟာသူများကိုစိတ်ချမ်းသာအောင်

အထောက်အကူမပေးနိုင်ဘူး။

ကိုယ့်ကို တကယ်စစ်မှန်တဲ့ မေ

တ္တာနဲ့ ချစ်မယ့်သူရှိတယ်ဆိုရင်ဝမ်း

သာစရာကောင်းပါတယ်။ ဒါပေမဲ့

အဲဒီလိုလူ မရှိရင်လည်း စိတ်ချမ်း

သာအောင် နေနိုင်ရမယ်။ဒီအချက်

ကို လူငယ်လူရွယ်တွေသေသေချာ

ချာ သဘောပေါက်စေချင်တယ်။

************************

•••ဆရာတော်ဦးဇောတိက

(မဟာမြိုင်တောရ) ၏ "စိတ်နှလုံး

ရွှင်လန်းစေဖို့'' တရားတော်

pg (164-166) မှ

No comments:

Post a Comment