Pages

Tuesday, July 1, 2014

ကိုယ့်ပစ္စည်းနဲ့ကိုယ် စိတ်ဆင်းရဲမှုမဖြစ်စေချင်ရင်



ကိုယ့်ပစ္စည်းနဲ့ကိုယ်
**************
စိတ်ဆင်းရဲမှုမဖြစ်စေချင်ရင်

*****************

အကူအညီပေးတာ အပြစ်မဟုတ်ပါဘူး
နောင်တစ်ချိန်မှာ ငါ့ကိုပြန်ပြီး ကူညီပါရစေလို့
မျှော်လင့်ချက်ထားမိတာက အပြစ်ပဲ။



ကိုယ့်ပစ္စည်းနဲ့ကိုယ် စိတ်ဆင်းရဲမှုမဖြစ်စေချင်ရင်
သူတစ်ပါးကို ပေးကမ်းကူညီတဲ့အခါတိုင်း
ဘယ်တော့မှ မျှော်လင့်ချက်မထားပါနဲ့။


နဂိုကတည်းက
မျှော်လင့်ချက်မထားဘဲ ကူညီခဲ့ရင်
နောင်တစ်ချိန်မှာ တစ်ဖက်လူက
ကျေးဇူးသိသိ မသိသိ
ဘယ်လိုမှ မခံစားရတော့ဘူး။

ကိုယ်ပြုခဲ့တဲ့ကုသိုလ် ညစ်နွမ်းစရာ
အကြောင်းမရှိတော့ပါဘူး။


မျှော်လင့်ချက်နဲ့ ကူညီခဲ့သူအတွက်
ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်
စိတ်ဆင်းရဲတော့တာပဲ။


ဒါကြောင့်
ဗုဒ္ဓကလည်း စွန့်ကြဲတဲ့အခါ
မုတ္တစာဂီ- ဘာမှမျှော်လင့်ချက်မထားဘဲ၊
လွတ်လွတ်စွန့်ကြဲပါလို့ ဟောခဲ့တာပေါ့။

ဆရာတော် အရှင်ဇဝန
(မေတ္တာရှင် -ရွှေပြည်သာ)


Post By ..... ကိုလှိုင်တိုး

No comments:

Post a Comment