
ကိုယ်ကျင့်သီလကောင်းခြင်းဟာ
*********************
ပီယဆေးတစ်မျိုးပါ
***************
ကိုယ်ကျင့်သီလကောင်းခြင်းဟာ
ပီယဆေးတစ်မျိုးပါပဲ။
လူတွေဟာ ပီယဆေးဆိုပြီးတော့
ဟိုအမွှေးနံသာလေးတွေ
ဆောင်လိုက်၊
ဒီအမွှေးနံသာလေးတွေ
ဆောင်လိုက်နဲ့
အဆောင်မျိုးစုံ ဆောင်ထားကြတယ်။
မက်လည်းမက်မောကြတယ်။
သီလသာလုံအောင်
စောင့်ထိန်းပါ။
ကိုယ်ကျင့်တရားကောင်းတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင်သာ
ကြိုးစားပါ။
သီလတည်းဟူသော
အဆောင်လေးသာ ဆောင်ထားရင်
အားလုံးက ချစ်ပါတယ်။
မြင်ရုံနဲ့လည်း ချစ်၊
ကြားရုံနဲ့လည်း ချစ်၊
ချစ်ကြပါတယ်။
သီလထက်ကောင်းတဲ့ ပီယအဆောင်
ရှိပါဦးမလား၊ မရှိပါဘူး။
ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
No comments:
Post a Comment