Pages
Tuesday, July 1, 2014
ဗုဒ္ဓကို ဘာကြောင့်ကိုးကွယ်သလဲ
Photo: *အလေ့အကျင့်များရင်
***************
များသည့်အလျောက်*
****************
   စစ်မှန်တဲ့ ဝိပဿနာသမားတွေသည်
အကုလိုလ်ကိုပယ်နိုင်သမျှပယ်တယ်။
ကုသိုလ်ကိုလုပ်နိုင်သမျှလုပ်တယ်။
သီလကို ထိန်းနိုင်သမျှထိန်းတယ်။
လှူနိုင်သမျှလှူတယ်။ပကာသနမဖက်။
ဘွဲ့ ထူး ဂုဏ်ထူး ဝိသေသနအထူးတွေ
ကိုမမက်။ဘယ်သူအသိအမှတ်ပြုပြု
မပြုပြု ကောင်းတာကိုပဲလုပ်တယ်။
ပတ်ဝန်းကျင်ကိုကူညီပံ့ပိုးတယ်။နာမည်
မထွက်လည်း လောကကို အလှဆင်
တယ်။သတိ သမာဓိအားနည်းတဲ့အခါ
နည်းသည့်အလျောက် လူ့ သဘာဝ
အတိုင်း လောဘ ဒေါသ မောဟ မာန
ရာဂ အစရှိတဲ့ ကိလေသာတွေဖြစ်တယ။်
   သတိရှိရမယ်၊ထိန်းသိမ်းရမယ်လို့ သိ
တယ်။ကုသိုလ်နဲ့ အကုသိုလ်ကိုသေသေ
ချာချာ ခွဲခြားနားလည်တယ်။
   သတိ သမာဓိအားနည်းသွားသည့်
အခါ အကုသိုလ်ကိုလုပ်ဖြစ်သွားပေမယ့်
ဘယ်ဟာမှန်တယ်၊ဘယ်ဟာမှားတယ်၊
ဘယ်ဟာကောင်းတယ်၊ဘယ်ဟာဆိုး
တယ်ဆိုတာသိတယ်။သတိရှိလာတိုင်း
လည်းပြုပြင်တယ်။ကိုယ် စိတ်ဆိုးမိတာ၊
လောဘတက်မိတာ၊မာနကြီးမိတာ၊ပြော
မိဆိုမိ လုပ်မိ မှားမိတာကို နောင်တရ
တယ်။တစ်ဖက်သားကိုပြန်ပြီး မေတ္တာပို့ 
နိုင်တယ်။နောက်ထပ်မမှားအောင်ဆင်
ခြင်တယ်။ကိုယ့်အမှားအတွက် ကိုယ်
တာဝန်ယူတယ်။
ကံမှု၊နှလုံးသွင်းမှုတွေကို ကုသိုလ်ဘက်
ရောက်အောင်ပြူပြင်တယ်။
   တတ်နိုင်သမျှသတိနဲ့ နေတယ်။
တတ်နိုင်သမျှ မေတ္တာစိတ်နဲ့ နေတယ်။
  လက်ရှိအခြေအနေထက်ပိုရင့်ကျင့်ရ
မယ်။လက်ရှိအခြေအနေထက် ပိုတရား
ရှိရမယ်လို့ ခံယူတယ်။ကိုယ်တရားထိုင်
တာနည်းနေသေးတယ်။ဝီရိယနည်းသေး
တယ်။ဒီထက်ပိုကြိုးစားရမယ်။အသေ
မဦးခင်ဥာဏ်ဦးရမယ်လိုမြင်တယ်။
သဘောပေါက်တယ်။ကိုယ့်ထက်ပိုလုပ်
နိုင်သူ၊ပိုတရားရှိသူကိုချီးကျူးတယ်။
အားကျတယ်။ကိုယ်လည်းလုပ်မယ်လို့ 
အောက်မေ့တယ်။
   ဝိပဿနာသမားသည် ဘာမဆို
အရာရာတိုင်း ရှုမြင်သုံးသပ်တယ်။
အကောင်း အဆိုးခံစားချက်တွေကို
ဥပေက္ခာပြုနိုင်သလောက်ပြုတယ်။
မှန်ကန်သောနှလုံးသွင်းမှုပြုတယ်။
  နေ့ စဉ်ဘဝ နေ့ စဉ်လုပ်ငန်းတွေ
အပေါ်မှာ စိတ်တည်ငြိမ်စွာနဲ့  သတိ
သမာဓိရှိစွာ ဖြတ်သန်းနိုင်ကြတယ်။
  အခုဘဝ အရိယာမဖြစ်သေးသည့်တိုင်
သံသရာအတွက်"ပါရမီ"ဖြစ်တယ်။
   ကမ္မဋ္ဌာန်းနဲ့ နီးရင် နီးသလောက်
အပေါ် ကောင်းသောအကျိုးသက်
ရောက်မှုရှိတယ်။ကမ္မဋ္ဌာန်းနဲ့ ဝေးရင်
သတိ သမာဓိအားက လျော့သွားတယ်။
ကောင်းတဲ့စရိုက် လက္ခဏာလည်းလျော့
ပါးတယ်။
    ဒါပေမယ့် တရားပြန်ထိုင်တဲ့အခါ
ရောက်ဖူးခဲ့တဲ့လမ်း ပြန်သွားရင် သိပ်
မခက်သလိုပါ။
   သမ္မသနဥာဏ်စဉ်အထိ ပေါက်
ရောက်ခဲ့ရင် ဖြစ်လေရာဘဝတွေမှာ
အယူမှန်တဲ့ဘဝကိုသာပြန်ရောက်မှာပါ။
*ကျန်ရှိသောတရားများကိုဆက်လက်
တင်ပြပေးပါဦးမည်။*
မှတ်ချက်။   ။မောင်တေဇော၏"သမထ
ဝိပဿနာပွားများခြင်း၏သော့ချက်များ"
စာအုပ်မှကောက်နုတ်ကူးယူပူဇော်
မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်
နှစ်ဖြာကျန်းမာချမ်းသာနိုင်ကြပါစေ။
ဗုဒ္ဓကို ဘာကြောင့်ကိုးကွယ်သလဲ
•••••••••••••••••••••••••••••
ဘာကြောင့်
မြတ်ဗုဒ္ဓကို အားကိုးရသလဲဆိုရင်
အဖြေက တစ်လုံးတည်းရယ်။
အမှန်တရားကို ပြောပြလို့
ဘုန်းကြီးတို့ အားကိုးနေရတာ
ဟုတ်ဘူးလား။
ဗုဒ္ဓကို ဘာကြောင့်ကိုးကွယ်သလဲ။
သစ္စာတရားကို ဟောပြလို့
ဆရာအနေနဲ့ ကိုးကွယ်တာ။
ဗုဒ္ဓရဲ့ ဂုဏ်တော်ကိုးပါးထဲမှာ
`သတ္တာဒေဝ မနုဿာနံ´
ဒီလိုပါတယ် မဟုတ်လား။
ဗုဒ္ဓသည် သတ္တ-ဆရာ
ဘယ်သူ့ဆရာလဲ။
လူနှင့် နတ်တို့၏ ဆရာ။
အကြီးဆုံးသောဆရာ။
ဒီတော့ ဘုန်းကြီးတို့
အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတွေနဲ့
ဘုန်းကြီးတို့က
ဗုဒ္ဓကို ကိုးကွယ်တာဟာ
သက်ရှိလောကကြီးတစ်ခုလုံးရဲ့
ဆရာအနေနဲ့ ကိုးကွယ်နေကြပါတယ်။
ကယ်တင်ဖို့ ဘေးအန္တရာယ်တွေ
စောင့်ရှောက်ပေးဖို့ ဆိုတာမျိုးလည်း
တစ်ကယ်လို့ စိတ်ထဲမှာရှိရင်လည်း
အဲဒါ နောက်ဆုံးကပဲ ရှိရမယ်။
ဒါရှေ့တန်းက မရှိရဘူး။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
No comments:
Post a Comment