/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, July 13, 2014

"အသိဉာဏ်နဲ့ ဘုရားကိုးကွယ်ပါ"




"အသိဉာဏ်နဲ့ ဘုရားကိုးကွယ်ပါ"
*************************
တကယ်အားကိုးရာဆိုတာ ဘာလဲလို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်၊
"အဝေစ္စပသာဒ- ဘုရားနဲ့ ပတ်သက်ပြီး ဂုဏ်တော်ကို ထိထိရောက်ရောက် ကြည်ညိုနိုင်ရဲ့လား၊
ဘုရားကို ဘုရားဂုဏ်တော်သိပြီး ကြည်ညိုတဲ့ ကြည်ညိုမှုမျိုး ဟုတ်ရဲ့လား၊
ပညာနဲ့သဒ္ဓါလား ပညာမဲ့သဒ္ဓါလား"
ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ရမယ်နော်။



အဝေစ္စပသာဒ ဆိုတာ အသိဉာဏ်ရှိရှိနဲ့ ဘုရား ကိုးကွယ်တာ။
ဘုရားဆိုတဲ့နေရာမှာ ရုပ်ပွားဆင်းတုက ဘုရားကိုယ်စား အနေနဲ့ရှိတာ။


ဘယ်လိုရုပ်ပွားဆင်းတုမျိုး ကိုးကွယ်ကိုးကွယ်၊ မကိုးကွယ်ကောင်းဘူး ဆိုတာလည်း မရှိဘူး၊
ဘုရားအမှတ်နဲ့ ရှိခိုးဦးချပြီးတော့ ထိုဘုရားမှာ "အရဟံ" စတဲ့ ဂုဏ်တော်ရှိတယ်၊
ကိုယ့်မှာ မရှိနိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။


"သမ္မာသမ္ဗုဒ္ဓ" တရားဓမ္မတွေကို မှန်မှန်ကန်ကန် ကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ် ဆိုတဲ့ အရည်အချင်းတွေ ရှိတယ်။


"ဝိဇ္ဇာစရဏသမ္ပန္န" - အသိပညာ အသိဝိဇ္ဇာ အကျင့်တရားတွေနဲ့ ပြည့်စုံတယ်။
"သုဂတ" - 

နိဗ္ဗာန်ထိအောင် ပေါက်ရောက်ပြီးသားလည်း ဖြစ်တယ်၊
 ကောင်းမြတ်တဲ့တရားစကားကို ဟောပြောနိုင်တယ်။
"လောက၀ိဒူ" - လောကကြီးအကြောင်း ကောင်းကောင်းသိတယ်


စသည်ဖြင့်
ကိုယ်ကြည်ညိုရာ ဗုဒ္ဓရဲ့ဂုဏ်အရည်အချင်းတွေကို သိပြီး မြတ်စွာဘုရား အပေါ်မှာ ယုံကြည်တဲ့ ခိုင်မြဲတဲ့ သဒ္ဓါတရား ရှိနေပြီဆိုလျှင် အဲဒီသဒ္ဓါတရားလေးကြောင့် ဘယ်လိုနည်းနဲ့မှ အပါယ်မကျနိုင်တော့ဘူး။
ဒီ သဒ္ဓါတရားလေးကြောင့် ကောင်းရာသုဂတိ ရောက်မယ်ဆိုရင်

 သေခါနီးမှ ဘယ်သွားလို့ သွားရမှန်း မသိတဲ့အတွက် စိတ်အားငယ်နေတဲ့ ပုဂ္ဂိုလ်အဖို့ လမ်း မဖြောင့်ပေဘူးလား။

ဆိုပါစို့. . . လူတစ်ယောက် ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့်ခရီးကိုလည်း သိတယ်၊ ဟိုရောက်တဲ့အခါမှာလည်း ဘယ်မှာနေရမယ် ဆိုတာကိုလည်း ကိုယ်သိတယ်ဆိုရင် အဲဒီလူဟာ ခရီးသွားတဲ့အခါမှ ပျော်ပျော်ပါးပါး မရှိပေဘူးလား။


အဲဒီလိုမဟုတ်ဘဲနဲ့ ဆွေမရှိ မျိုးမရှိ ကိုယ်မသိတဲ့နေရာကို သွားရမယ်ဆိုရင် ဘယ်လိုများ နေရပါ့မလဲဆိုပြီး စိတ်ထဲမှာ အားငယ်မှုတွေ မဖြစ်ဘူးလား။


ဒါမျိုးလိုပဲ သံသရာဘ၀ခရီးတစ်ခုကို သွားတော့မယ်ဆိုရင် သေခါနီးမှာ အားငယ်တတ်တယ်၊ အားငယ်တာတော့ အမျိုးမျိုးပေါ့၊
လက်ရှိ ကိုယ်ခင်မင်တဲ့ပုဂ္ဂိုလ်တွေကို စွန့်ခွာသွားရမှာ အားငယ်စရာတစ်ခု၊
ကိုယ်မြတ်နိုးတဲ့ ပစ္စည်းဥစ္စာကို စွန့်ထားခဲ့ရမှာလည်း အားငယ်စရာတစ်ခုပေါ့။


ဒီတော့ ကိုယ်ခင်မင်တဲ့ ပုဂ္ဂိုလ်တွေတို့၊ ကိုယ်မြတ်နိုးတဲ့ပစ္စည်းတွေဆိုတာ ကိုယ်အတွက် အားကိုးရာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်။
ကိုယ့်ရဲ့ရင်ထဲ နှလုံးထဲမှာ ဖြစ်ပေါ်တဲ့၊ ဘုရားပေါ်မှာ နှစ်နှစ်ကာကာကြည်ညိုတဲ့ သဒ္ဓါတရား, ပညာနဲ့ကြည်ညိုတဲ့ သဒ္ဓါတရားသည်သာလျှင် ကိုယ့်အတွက် 

အားကိုးရာအစစ်ဖြစ်တယ်၊ အားကိုးလိုက်ပါတဲ့။

အဲဒါ အားကိုးထားပြီး
"မင်းမှာ ဘုရားကို ကြည်ညိုတဲ့ သဒ္ဓါစိတ်တွေ၊ ပညာနဲ့သိတဲ့သဒ္ဓါစိတ်တွေ ရှိနေတယ်၊
ဒါကြောင့် စိတ်အေးလက်အေးနေ,ဘာမှမပူနဲ့၊ သေသွားရင် ဒီထက်ကောင်းတဲ့ဘ၀ရောက်မယ်"လို့၊ ဒီလိုအားမပေးထိုက်ဘူးလား၊
တကယ်အားကိုးတဲ့အတိုင်းရော မဖြစ်ဘူးလားဆို ဖြစ်တယ်။
တကယ် အားကိုးတဲ့အတိုင်း ဖြစ်တယ်။


"သံဝေဂ ယူတတ်ပါစေ"
ဒီဘ၀ ဒီခန္ဓာကိုယ်ကြီးက အသက်အရွယ်ကြီးလာလို့ ကောင်းတော့တာမှ မဟုတ်တာ၊
လောကလူတွေ ကြည့်လေ၊


အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီး ကိုယ့်ဘာသာကိုယ်တွက်ကြည့်။
အဘိုးကြီး အဘွားကြီးတွေ ပြောကြတယ်လေ၊ မျက်စိက မကောင်းဘူးတဲ့၊ မျက်စိမှုန်တယ်။
နားကလည်း မကောင်းဘူးတဲ့။


မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး၊
မျက်စိလည်း မကောင်းဘူးတဲ့၊
နားကလည်း မကောင်းဘူးတဲ့၊
ဒူးလည်း မကောင်းဘူးတဲ့၊ မကောင်းတာတွေ များမလာဘူးလား၊
ဒီ့ထက် ပိုများလာလို့ရှိရင် နှလုံးက မကောင်းဘူးတဲ့၊
ကျောက်ကပ်က မကောင်းဘူးတဲ့၊
အသည်းက မကောင်းဘူးတဲ့၊


ကောင်းတာတွေ တစ်ခုမှကို မရှိတော့ဘူး၊ အကောင်းတွေကုန်သွားရင် ဘာဖြစ်မလဲ၊ သေရတော့တာပေါ့။
ပြီးတော့ မတည့်တဲ့ စာရင်းတွေလည်း များလာတယ်၊
အသက်ကြီးလာရင် အစဆုံး ၀က်သားမတည့်ဘူးတဲ့၊ ဘာဖြစ်လို့လဲ၊ သွေးတိုးရှိလို့၊
သကြားမတည့်ဘူးတဲ့၊ ဘာဖြစ်လို့တုံး၊ ဆီးချိုရောဂါရှိလို့၊
မတည့်တာတွေကော များမလာဘူးလား။


နောက်ဆုံးကျတော့ ဘာနဲ့မှကို မတည့်တော့ဘူးဆိုတဲ့အခါ သုသာန်ရောက်သွားတော့တာပဲ။
သေချာစဉ်းစားကြည့် - မကောင်းတာတွေကလည်း များလာတယ်၊ မတည့်တာတွေကလည်း များလာတယ်၊
ဒါ သံဝေဂဖြစ်စရာ မကောင်းဘူးလား၊
ငယ်ငယ်တုန်းကတော့ မတည့်တာဆိုတာ မရှိဘူး၊ အကုန်စား၊
မကောင်းတာဆိုလည်း မရှိဘူး အကုန်ကောင်းတယ်၊
ဒီတော့ ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးကို ကိုယ်ကိုယ်တိုင် သိရမှာပေါ့။

"တရားဓမ္မနဲ့ တည့်အောင်နေ"
ကျန်တာတွေက မကောင်းဘူး၊ ကျန်တာတွေက မတည့်ဘူးဆိုရင် ကိုယ်တည့်ရမှာက ဘာတုံးဆို တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်။

မျက်စိမကောင်းချင်နေ၊ ခါးမကောင်းချင်နေ၊ နားမကောင်းချင်နေ၊ ကျောက်ကပ်မကောင်းချင်နေ၊

 နှလုံးမကောင်းချင်နေ၊ အသည်းမကောင်းချင်နေ၊
ဘာကောင်းရမတုံး?
စိတ်ကလေးကောင်းနေဖို့ လိုတယ်၊


ဒီ စိတ်ကလေး ကောင်းနေအောင် ဘုရားအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်တဲ့သဒ္ဓါတရားလေး ကောင်းနေဖို့ လိုတယ်။
အဲဒီ သဒ္ဓါတရားလေး ကောင်းနေလို့ရှိရင်. . .
ကျန်တာတွေက ပစ်ထားခဲ့ရမှာပဲ။


ကောင်းလည်း ပစ်ရတာပဲ၊ မကောင်းလည်း ပစ်ရတာပဲ၊
ခန္ဓာကိုယ်ကြီးဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့သူလည်း ကောင်းတုန်း ပစ်ခဲ့ရတာပဲ၊
အသက်ကြီးမှ သေသွားတဲ့သူက မကောင်းလို့ မကောင်းလို့ ပစ်ခဲ့တယ်ဆိုပေမယ့် အသက်ငယ်တဲ့သူလည်း ကောင်းတုန်း ပစ်ထားခဲ့ရတာပဲ။


ဒီတော့ ကိုယ်သတိထားရမှာက အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ဆိုတာ ဘာတုံးဆိုရင် ကိုယ့်ရဲ့ စိတ်ဓာတ်ပဲ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီး နေထားတဲ့စိတ်ဟာ ဘယ်တော့မှ အောက်ကို မရောက်စေဘူး။


"ထောပတ်အိုးခွဲရင်"

မဟာနာမ်မင်းကြီးကို မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်တစ်ခုမှာ
"မဟာနာမ် မပူနဲ့၊


သီလနဲ့ ထုံမွှမ်းထားတဲ့စိတ်၊
သမာဓိစွမ်းအားတွေနဲ့ ထုံမွှမ်းထားတဲ့စိတ်၊
ပညာစွမ်းအားတွေနဲ့ ထုံမွှမ်းထားတဲ့စိတ်ဟာ
ဘယ်တော့မှ အောက်ကိုမကျစေဘူး၊


ဥပမာ - ထောပတ်အိုးကြီးကို ရေထဲမှာ ခွဲလိုက်မယ်ဆိုရင် အိုးကွဲတွေက အောက်ကျသွားတယ်၊ ထောပတ်တွေကတော့ အပေါ် တက်လာမယ်။
ဆီအိုးကြီးကို ခွဲလိုက်မယ်ဆိုရင်လည်း အိုးကွဲတွေက အောက်ကို ရောက်သွားပေမယ့် ဆီကတော့ ရေပေါ်တက်လာမှာပဲ"။


ဒီအတိုင်းပဲ ဘုရားကြည်ညိုစိတ်ကလေးက အပေါ်တက်လာမှာပဲ၊ ဘာမှပူစရာ မရှိဘူး၊ ဒါကြောင့် အားပေးရမယ်။


"လူ့ပြည်က မကောင်းတဲ့ ခန္ဓာကိုယ်ကြီးကို စွန့်ပြီးတော့ နတ်ပြည်ကိုသွား"
လို့ အားပေးတယ်ဆိုတာ မြေအိုးကို ခွဲပြီးတော့ ရွှေအိုးကြီးကို ရယူတာပဲတဲ့။
စိတ်ထားကောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ မြေအိုးခွဲပြီးတော့ ရွှေအိုးကြီး ရယူသူလိုပဲတဲ့၊
လူတိုင်း မြေအိုးခွဲပစ်ကြမှာချည်းပဲ၊
ရွှေအိုးတော့ ရချင်ကြမှာပေါ့။


ဒီတော့ လူ့ဘ၀ကနေ နတ်ဘ၀ ရတယ်ဆိုတာ မြေအိုးကွဲကို ပစ်ထားခဲ့ပြီးတော့ ရွှေအိုးကို ရယူတာနဲ့ အတူတူပါပဲတဲ့၊


ဒါကြောင့် မိမိနဲ့ ရင်းနှီးတဲ့ မိတ်ဆွေသင်္ဂဟတွေ ဆွေမျိုးသားချင်းတွေကို ဒီလိုအားပေးစကားပြောပါတဲ့။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)

No comments:

Post a Comment