Pages

Friday, July 18, 2014

ထား လို့ ခွဲ ရမှာချည်းပါ

Photo: ထား လို့ ခွဲ ရမှာချည်းပါ
***************
သူကမင်းကို ထားသွားခဲ့မှာလို့
ကြားထဲဝင်ပြောတဲ့အခါ
စိတ်မဆိုးပါနဲ့နော်.....

တကယ့်လက်ရှိမှာလည်း
တစ်ယောက်ကိုတစ်ယောက်
တစ်ယောက်မဟုတ်တစ်ယောက်ကတော့
ထားသွားမှာပါပဲ...

ဘာလို့လဲဆိုတော့
တို့တစ်တွေဟာ
ရှင်ကွဲမကွဲရင်တောင်
သေကွဲ ကွဲကြမယ့်သူတွေချည်းပဲလေ...

ဆုံလာတယ်ဆိုတာ ကွဲဖို့ဖန်လာတာပါပဲ
ပိုင်ဆိုင်တယ်ဆိုတာလည်း
ဆုံးရှုံးဖို့ ဖန်လာတာပါပဲ...

သူကအရင်ထားမလား
ကိုယ်ကအရင်ထားမလား
ရှင်ကွဲမဟုတ်ရင်တော့
သေမင်းရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တာပေါ့နော်...

သေချာတာ တစ်ခုကတော့
တို့တွေအားလုံး 
ကွဲကွာကြလို့ ခွဲခွာရမှာချည်းပါပဲ ဆိုတာသာပဲ...

(ကွဲကွာတဲ့အခါ မငိုကြနဲ့)

မေတ္တာဖြင့်
Baby Hsu(မေတ္တာပန်းကလေး)


ထား လို့ ခွဲ ရမှာချည်းပါ
***************
သူကမင်းကို ထားသွားခဲ့မှာလို့
ကြားထဲဝင်ပြောတဲ့အခါ
စိတ်မဆိုးပါနဲ့နော်.....

တကယ့်လက်ရှိမှာလည်း
တစ်ယောက်ကိုတစ်ယောက်
တစ်ယောက်မဟုတ်တစ်ယောက်ကတော့
ထားသွားမှာပါပဲ...

ဘာလို့လဲဆိုတော့
တို့တစ်တွေဟာ
ရှင်ကွဲမကွဲရင်တောင်
သေကွဲ ကွဲကြမယ့်သူတွေချည်းပဲလေ...

ဆုံလာတယ်ဆိုတာ ကွဲဖို့ဖန်လာတာပါပဲ
ပိုင်ဆိုင်တယ်ဆိုတာလည်း
ဆုံးရှုံးဖို့ ဖန်လာတာပါပဲ...

သူကအရင်ထားမလား
ကိုယ်ကအရင်ထားမလား
ရှင်ကွဲမဟုတ်ရင်တော့
သေမင်းရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တာပေါ့နော်...

သေချာတာ တစ်ခုကတော့
တို့တွေအားလုံး
ကွဲကွာကြလို့ ခွဲခွာရမှာချည်းပါပဲ ဆိုတာသာပဲ...

(ကွဲကွာတဲ့အခါ မငိုကြနဲ့)

မေတ္တာဖြင့်
Baby Hsu(မေတ္တာပန်းကလေး)

No comments:

Post a Comment