Pages

Thursday, July 24, 2014

လှေပေါ်မှာ

Photo: ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ 

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ _/|\_ _/|\_ _/|\_

သုံးဆယ့်တစ်ဘုံ အတွင်း၌ ကျင်လည်ကြကုန်သော လူ နတ်

ဗြဟ္မာ ဝေနေယျ သတ္တဝါများအားလုံး ဘေးရန် ကြောင့်ကြ

ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

ကောင်းကျိုး လိုရာ ဆန္ဒများလည်း ပြည့်စုံနိုင် ကြပါစေ


 လှေပေါ်မှာ
  •••••••••••

  တစ်သက်မဝေးအောင်လို့
  ငှက်ကလေးတွေ အစာကျွေး
  ယတြာပေးသမျှကိုလဲ ချေဖူးတယ်။

  မွေးနေ့ဆို ဘုရားတက်
  ရေသက်စေ့ ဘုရားလှူ
  မီးပူဇော် ပန်းတွေကပ်
  လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။

  တကယ်ပေါင်းဖို့ကျတော့
  တပေါင်းမှာလဲ မထူး
  တန်ခူးလဲ မဖြစ်
  တစ်နှစ်က တစ်နှစ်လက်ကမ်း
  ချစ်သက်တမ်းရှည်သမျှ
  တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်
  တစ်အိုးတစ်အိမ်ရယ်လို့တော့
  မထူထောင်ဖြစ်။

  တစ်ယောက်လုပ်ခ
  နှစ်ယောက်လုပ်ခ
  ဘယ်လောက်ဒုတ်ခတွေကိုငြိမ်းအေး
  စားဝတ်နေရေးကို ဘယ်လောက်ကူ
  လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုံး
  ကုန်းဈေးနှုန်း အဲဒီပင်လယ်မှာ
  ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်
  သတ္တိကြောင် သောကအတွေးတွေနဲ့
  ဝေးကြတဲ့နှစ်။

  မောင်စိန်ဝင်း (ပုတီးကုန်း)

  မြန်မာကဗျာများ...မှ။

No comments:

Post a Comment