
** ဆင်သေ, ကျီးမိုက် **
အခါတစ်ပါး၌ ဂင်္ဂါမြစ်ထဲသို့ ဆင်သေကြီးတစ်ကောင် မျောပါလာလေရာ
ကျီးကန်းတစ်ကောင် သည် ယင်းဆင်သေ ပေါ်၌ နား၍ ငါတော့ဒီတစ်သက်
စားစရာလုံလောက်ပြီ။ ဆင် သားစားလိုက်၊ ဆင်သွေးသောက်လိုက်နှင့်
တစ်သက်ပူစရာ မလိုတော့ဟု အောက်မေ့လေ၏။
ဆင်သေ ကောင် သည် တဖြည်းဖြည်းနှင့်
ပင် လယ်ဝနားသို့ ရောက်လာပြီဖြစ်ရာ ကျီးကန်းသည် ကမ်းသို့ပျံမည် ဆိုပါက
ပျံချိန် ရ၏။
သို့သော် တစ်သက်စား၍ မကုန်ဟု အောက်မေ့ကာ ဆင်သေပေါ်၌သာ
စား၍ကျေနပ်နေလေ၏။ ဆင်သေသည် ပင် လယ်ဝမှ ပင် လယ်နက်အလယ်သို့ ရောက်သောအခါ ပင်
လယ်ငါးကြီးတို့ ၀ိုင်းဝန်းစားသောက်ကြသဖြင့် ဆင်သေ ကောင်ကြီးမှာ တဖြည်းဖြည်း
ကုန်သွားလေ၏။
ထိုအခါကြမှသာလျှင် ကျီးသည် ဆောက် တည်ရာမရဖြစ်ကာ
နေစရာလည်းမရှိ၊ တောင် ဘက်သို့ ပျံသော် ကမ်းမ တွေ့၊
မြောက်ဘက်သို့ပျံသော်လည်း ကမ်းမမြင်နှင့် ပျံပါများလာသဖြင့် တောင
်ပံတို့သည် မီးဟုန်းဟုန်း တောက်လောင်ကာ ပင် လယ်ထဲသို့ကျ၍ ငါးလိပ်
မကန်းစာများဖြစ်သွား ရ လေ တော့၏။
ဆင်သေ ကောင် ကဲ့သို့သော လောကစည်းစိမ် ကိစ္စအ၀၀တို့တွင် အရွယ်သုံးပါးစလုံး နစ်မြှုပ်၍နေမည်ဆိုပါက တစ်ချိန် သေ ပေါက်သေ၀သို့ ရောက်သည့်အခါ မည်သည့် စည်းစိမ်ဥစ္စာ၊ ဇနီး သားသမီးတို့က လာကယ်နိုင်မည်နည်း။
ဆင်သေ ကောင် ကို တစ်သက်စားမကုန်ဟု မက်၍
လောဘဖြစ်နေ သော ကျီးမိုက်သည် ငါး၊ လိပ် မကန်းတို့ အစာဖြစ် ရသကဲ့သို့ ၊
စည်းစိမ်ဥစ္စာ၊ ကာမဂုဏ် လောကကြီးကို ခင် တွယ်နှစ်သက် မက်မောနေပါက
အပါယ်ဆင်းရဲ ငရဲသားတို့၏အစာ ဖြစ်ရပါလိမ့်မည်
။နှလုံးသားအာဟာရ's Facebook Wallမှ
No comments:
Post a Comment