Pages

Friday, July 18, 2014

နောင်မှဆိုတာ မသေချာ

 

 

နောင်မှဆိုတာ မသေချာ
********************

နောက်မှကျင့်မယ်၊
နောက်မှကျင့်မယ် ဆိုပြီးတော့
မကျင့်ဖြစ်ဘဲနဲ့ သေသွားတဲ့သူတွေ
အများကြီးပါ။
ကောင်းမှန်းတော့သိပါတယ်။

ဒါပေမယ့် တို့ မအားသေးဘူး၊
ကိစ္စတွေရှိသေးတယ်၊
သားရေး သမီးရေး စီးပွားရေး
လူမှုရေး ကိစ္စအဝဝတွေ
အကြောင်းအမျိုးမျိုးပြပြီးတော့
တစ်ချို့ ဒီဘဝ သေသာသေသွားကြတယ်။
တရားလည်း ဘာမှ
မကျင့်လိုက်ရပါဘူး။

လူဖြစ်လာပြီး အသက်တွေရှည်
တစ်ဘဝလုံး နေကြရပေမယ့်
ဖြစ်ဖြစ်မြောက်မြောက် အောင်အောင်မြင်မြင်
တရားဓမ္မ မကျင့်သုံးလိုက်ရဘူးဆိုရင်
အခွင့်ကောင်းရရဲ့သားနဲ့
အခွင့်ကောင်းတွေ
အရှုံးခံလိုက်တာနဲ့ တူပါတယ်။


ဆရာတော် ဓမ္မဒူတ
ဒေါက်တာ အရှင်ပညိဿရ
 

No comments:

Post a Comment