Pages

Thursday, July 24, 2014

ဆရာတော်ကြီးများ၏ သြဝါဒတော် များပေါင်းချုပ်



 

- တစ်ခါက ဒကာတစ်ဦးက မင်းကွန်းဆရာတော်ဘုရားအား
"ဆရာတော်ကြီး၏ ကျောင်းအဝင်ဝ ဟိုဘက် ဒီဘက်မှာ ခြင်္သေ့
ကြီးနှစ်ကောင်တည်ချင်ကြောင်
း''လျှောက်ထားပါသည်။

ဆရာတော်ကြီးက -

"ဒကာကြီး။ လောကမှာ အကျိုးရှိတဲ့အ
လုပ်နဲ့ အကျိုးမရှိတဲ့အလုပ် ဘယ်ဟာ လုပ်
ကောင်းသလဲ''

''အကျိုးရှိတဲ့အလုပ်က ကောင်းပါတယ်
ဘုရား''

"ဘုန်းကြီးတို့ကျောင်းနဲ့ ခပ်လှမ်းလှမ်း
မှာ ကြမ်းခင်းသက်ငယ်မိုးနဲ့ ဇရပ်ကလေး
ရယ် ထရံကာနဲ့ စာသင်ကျောင်းကလေး
ရယ်ရှိတယ်။ ဒီဇရပ်နဲ့ ကျောင်းကလေးကို
သပ်သပ်ရပ်ရပ်ဖြစ်အောင် သွပ်မိုးပျဉ်ကာ
လုပ်လိုက်ရရင် သူလည်းအကျိုးရှိ/ ကိုယ်
လည်းအကျိုးရှိဖြစ်လိမ့်မယ်'
'

''တင်ပါ့ဘုရား။ အဲဒီဇရပ်နဲ့ စာသင်
ကျောင်းကိုလည်း တပည့်တော်ဖြစ်အောင်
လုပ်မယ်ဘုရား။ ဒီခြင်္သေ့ကိုလည်းလုပ်မယ်
ဘုရား''

''အင်း… လူတွေက အကျိုးမရှိတဲ့အ
လုပ်ကို တယ်လုပ်ချင်ကြတာကိုး"

****ဆရာတော်ကြီးများ၏ သြဝါဒတော်
များပေါင်းချုပ်** မှ

@@@@@@@@@@@@@@@@@@ိ

- "ဗဟုသုတရှိလျက် သီလမရှိလျှင် ရေ
မတည်သော ကန်နှင့်တူ၏။

- ပညာရှိလျက် သီလမရှိလျှင် အသီးမရှိ သော အပင်နှင့်တူ၏။

- စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီး
မချိုသော သစ်ပင်နှင့်တူ၏။

- တရားဟောကောင်းလျက် သီလမရှိလျှင်
အနံ့မမွှေးသောပန်းနှင့် တူ၏။

- ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အ
ဆိပ်သီးပင်နှင့်တူ၏။"

**(ပထမရွှေကျင်ဆရာတော်ဘုရား)

****ဆရာတော်ကြီးများ၏ သြဝါဒတော်
များပေါင်းချုပ်** မှ

@@@@@@@@@@@@@@@@@@

- အလိမ္မာ စာမှာရှိသည်ဆိုသည့်အတိုင်း

စာမှာရှိသော အလိမ္မာကို လူတို့ထံရောက်

အောင် ဆောင်ရွက်ပေးနိုင်လျှင် လူလိမ္မာ

ရဟန်းလိမ္မာတို့ ဖြစ်ကြ၍ ၄င်းတို့သည် သာ

သနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေ
းအ

တွက် တန်ဖိုးမဖြတ်နိုင်သောရတနာမျ
ား

ဖြစ်ကြပါသည်။

•••ပဲခူးမြို့မဆရာတော်ကြီး
****ဆရာတော်ကြီးများ၏ သြဝါဒတော်
များပေါင်းချုပ်** မှ

No comments:

Post a Comment