Pages

Monday, July 7, 2014

ငါးပါးသီလ ကျုးလွန်ခြင်း အပြစ်များ

Photo: သူ့သမီးမယား၌ သွားလာလွန်ကျူးသူ/
=====================
(ကာမေသုမိစ္ဆာစာရကံ) ကျူးလွန်ခြင်း
=====================
အပြစ် (၁၅) မျိုး
======-===

၁။   အပါယ်လေးပါးသို့ လားရခြင်း။

၂။   မိန်းမ/ပဏ္ဍုက် ဖြစ်ရခြင်း။

၃။   ရန်သူနှင့်တွေ့ခြင်း။

၎။   လူအများမုန်းခြင်း။

၅။   စား ဝတ် အိမ်ရာ ခက်ခဲခြင်း။

၆။   ဆင်းဆင်းရဲရဲအိပ်ရ နိုးရခြင်း။

၇။   အမျက်ဒေါသကြီးခြင်း။

၈။   လောကုတ္တရာတရား မရရှိခြင်း။

၉။   စည်းစိမ်ဥစ္စာ ပျက်သုဉ်းခြင်း။

၁၀။ ယုံကြည်မှု ကင်းမဲ့ခံရခြင်း။

၁၁။ ဘေးတွေ့ရခြင်း။

၁၂။ ယုံမှားသံသယများခြင်း။

၁၃။ ချစ်သူတို့နှင့် ခွဲနေရခြင်း။

၁၄။ အသက်တိုခြင်း။

၁၅။ ဆင်းရဲကြီးစွာနေရခြင်း။

#######################

မမှန်စကားဆိုခြင်း/မုသာဝါဒကံ၏ အပြစ်
======================
(၁၅) မျိုး
=====

၁။   မကြည်ညိုဖွယ်ရာ ရုပ်အဆင်းရှိခြင်း။

၂။   သွားမညီညွတ်ရှိခြင်း။

၃။   နားမချမ်းသာရှိခြင်း။

၎။   ဝလွန်း ဆူလွန်းခြင်း။

၅။   ပိန်လွန်း သေးလွန်းခြင်း။

၆။   နိမ့်လွန်း ပုလွန်းခြင်း။

၇။   ကြမ်းတမ်းသော အသားအရေရှိခြင်း။

၈။   မြင့်လွန်းရှည်လွန်းခြင်း။

၉။   ခံတွင်းပါးစပ်ပုပ်ညှီခြင်း။

၁၀။ ဆွံ့အ တုန်လှုပ်ခြင်း။

၁၁။ သူတစ်ပါးတို့ မယုံကြည်ခြင်း။

၁၂။ လျှပ်ပေါ်တတ်ခြင်း။

၁၃။ မိုက်မဲတွေဝေခြင်း။

၁၄။ ဥာဏ်ပညာ နည်းပါးခြင်း။

၁၅။ ကြောက်ရွံ့တတ်ခြင်း။

••ကျမ်းကိုး။  ခုဒ္ဒကပါဠိ အဋ္ဌကထာ။

#######################

အရက်သောက်စားခြင်းအပြစ် (၆) ပါး
====================

   ဥစ္စာယုတ်ခြင်း။ ငြင်းခုံများစွာ။ ရောဂါထူ

ပြော။ ကျော်ဇောမဲ့တုံ။ မလုံအင်္ဂါ။ ပညာ

နည်းရှား ဤခြောက်ပါးကား သောက်စား

သေစာ အပြစ်တည်း။

          •••••••°°°••••••

   'သုရာ' ဆိုသည်မှာ မီးနှင့်မချက်ရဘဲ မူး
ယစ်စေနိုင်သည့် စိမ်ရည်တစ်မျိုးဖြစ်သည်။
'မေရယ' ဆိုသည်မှာ မီးနှင့် ချက်ရလုပ်ရ
သောအရက်အမျိုးအစားဖြစ်သည်။ 'မဇ္ဇ' ဆို
သည်မှာ ဆေးခြောက် ဘိန်းမဲ ဘိန်းဖြူ ကုတ်ကင်း စသော မူးယစ်ဆေးဝါးအမျိုးမျိုး
ဖြစ်သည်။ ယင်းတို့ကို သောက်မျိုသုံးစွဲပါက
ကုသိုလ် ကောင်းမှုတို့ကို မေ့လျော့စေခြင်း
ကြောင့် 'ပမာဒဌာန' ဟုခေါ်ရသည်။ 

   မြတ်စွာဘုရားရှင်က ''ရဟန်းတို့ အရက်
ကို ကြိမ်ဖန်များစွာ သောက်သုံးသည်ရှိ
သော် တမလွန်ဘဝ၌ ငရဲ၌ ဖြစ်စေနိုင်၏။
တိရစ္ဆာန်မျိုး၌ ဖြစ်စေနိုင်၏။ ပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏။ အရက်သောက်ခြင်းကြောင့်
အပေါ့ဆုံး ရရှိသည့် အပြစ်သည် ဘဝတိုင်း
ဘဝတိုင်း၌ အရူးအနှမ်းဖြစ်စေတတ်၏''ဟူ
၍ ဟောတော်မူခဲ့သည်။စီးပွားဥစ္စာ ကုန်ခမ်း
ပျက်စီးခြင်း ခိုက်ရန် ဖြစ်ပွားခြင်း ရောဂါအ
မျိုးမျိုး ဖြစ်ပွားတတ်ခြင်း တွေဝေထုံထိုင်း မိန်းမောခြင်းတို့ကား မလွဲမသွေ ရင်ဆိုင်ရ
မည့် သာမန်ဆိုးကျိုးများဖြစ်သည်။ သေအ
ရက်ဖြစ်ခြင်း သောက်လိုစိတ်ရှိခြင်း သောက်ဖြစ်အောင်လုံ့လ ပြုခြင်း သောက်
မျိုချခြင်း ဤအင်္ဂါလေးပါးနှင့်ညီလျှင် သုရာ
မေရယကံ မြောက်ထိုက်တော့သည်။

**ကျမ်းကိုး။   ဣတိဝုတ် အဋ္ဌကထာ။

~~~~~~~~~~~~~~~~~~~~~~~

သူ့အသက် သတ်ဖြတ်ညှဉ်းဆဲခြင်း၏
====================
အပြစ် ( ၂၃ ) မျိုး

==========

သူ့အသက်ကို သတ်သူတို့ ခံစားတွေ့ကြုံ
ရသော မကောင်းကျိုးများမှာ -

၁။ ကိုယ်အင်္ဂါချို့တဲ့ခြင်း။

၂။ လုံးရပ်နေထား အချိုးအစားမကျခြင်း။



၃။ နှံ့နှေး လေးဖင့်ခြင်း။

၎။ ခြေ လက်ဖဝါးမရှိခြင်း။

၅။ လှပတင့်တယ်မှုမရှိခြင်း။

၆။ အရေအဆင်း မပြောင်ဝင်းခြင်း။

၇။ အသားအရေ ကြမ်းတမ်းခြင်း။

၈။ ကြောက်ရွံ့ခြင်း။

၉။ ခွန်အားဗလ မရှိခြင်း။

၁၀။ စကားပြေပြစ်စွာ မပြောတတ်ခြင်း။

၁၁။ ချစ်ခင်သူမရှိခြင်း။

၁၂။ မိမိပရိသတ် အကြိမ်ကြိမ်ပျက်စီးခြင်း။

၁၃။ ထိတ်လန့်တတ်ခြင်း။

၁၄။ လက်နက် အဆိပ်ဘေးသင့်တတ်ခြင်း။

၁၅။ သူများပယောဂကြောင့် သေခြင်း။

၁၆။ တွေဝေမိုက်မဲခြင်း။

၁၇။ ခြွေရံပရိသတ် နည်းပါးခြင်း။

၁၈။ ရွံစရာကောင်းသော ရုပ်ဆင်းရှိခြင်း။

၁၉။ ကုန်းကော့သော ကိုယ်ရှိခြင်း။

၂၀။ ကြောင့်ကြ စိုးရိမ်မှုများခြင်း။

၂၁။ ဘေးရန်များခြင်း။

၂၂။ ချစ်ခင်သောသားသမီးတို့နှင့် ကွေကွင်း
ရခြင်း။

၂၃။ အသက်တိုခြင်း။

#######################

သူ့ဥစ္စာခိုးယူခြင်း အပြစ် (၁၂) မျိုး
===================

၁။ မြတ်သော ဥစ္စာမျိုး မရရှိနိုင်ခြင်း။

၂။ ယုတ်ညံ့သောဥစ္စာကိုသာ ရရှိနိုင်ခြင်း။

၃။ ပစ္စည်းဥစ္စာနည်းပါးခြင်း။

၎။ အလွန်ဆင်းရဲမွဲတေခြင်း။

၅။ မရသေးသော ဥစ္စာကို မရနိုင်ခြင်း။

၆။ ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီး
ခြင်း။

၇။ လိုရာဥစ္စာကို မရနိုင်ခြင်း။

၈။ ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့
ကြုံရခြင်း။

၉။ သူတပါးနှင့် ဆက်ဆံသော ဥစ္စာမျိုးကို
သာ ရခြင်း။

၁၀။ မရှိစကားကိုသာ ကြားရခြင်း။

၁၁။ ချမ်းသာစွာ မနေရခြင်း။

၁၂။ လောကုတ္တရာဥစ္စာကို မရနိုင်ခြင်း။


***********************************

 
သူ့သမီးမယား၌ သွားလာလွန်ကျူးသူ/
=====================
(ကာမေသုမိစ္ဆာစာရကံ) ကျူးလွန်ခြင်း
=====================
အပြစ် (၁၅) မျိုး
======-===


၁။ အပါယ်လေးပါးသို့ လားရခြင်း။

၂။ မိန်းမ/ပဏ္ဍုက် ဖြစ်ရခြင်း။

၃။ ရန်သူနှင့်တွေ့ခြင်း။

၎။ လူအများမုန်းခြင်း။

၅။ စား ဝတ် အိမ်ရာ ခက်ခဲခြင်း။

၆။ ဆင်းဆင်းရဲရဲအိပ်ရ နိုးရခြင်း။

၇။ အမျက်ဒေါသကြီးခြင်း။

၈။ လောကုတ္တရာတရား မရရှိခြင်း။

၉။ စည်းစိမ်ဥစ္စာ ပျက်သုဉ်းခြင်း။

၁၀။ ယုံကြည်မှု ကင်းမဲ့ခံရခြင်း။

၁၁။ ဘေးတွေ့ရခြင်း။

၁၂။ ယုံမှားသံသယများခြင်း။

၁၃။ ချစ်သူတို့နှင့် ခွဲနေရခြင်း။

၁၄။ အသက်တိုခြင်း။

၁၅။ ဆင်းရဲကြီးစွာနေရခြင်း။

#######################

မမှန်စကားဆိုခြင်း/မုသာဝါဒကံ၏ အပြစ်(၁၅) မျိုး


၁။ မကြည်ညိုဖွယ်ရာ ရုပ်အဆင်းရှိခြင်း။

၂။ သွားမညီညွတ်ရှိခြင်း။

၃။ နားမချမ်းသာရှိခြင်း။

၎။ ဝလွန်း ဆူလွန်းခြင်း။

၅။ ပိန်လွန်း သေးလွန်းခြင်း။

၆။ နိမ့်လွန်း ပုလွန်းခြင်း။

၇။ ကြမ်းတမ်းသော အသားအရေရှိခြင်း။

၈။ မြင့်လွန်းရှည်လွန်းခြင်း။

၉။ ခံတွင်းပါးစပ်ပုပ်ညှီခြင်း။

၁၀။ ဆွံ့အ တုန်လှုပ်ခြင်း။

၁၁။ သူတစ်ပါးတို့ မယုံကြည်ခြင်း။

၁၂။ လျှပ်ပေါ်တတ်ခြင်း။

၁၃။ မိုက်မဲတွေဝေခြင်း။

၁၄။ ဥာဏ်ပညာ နည်းပါးခြင်း။

၁၅။ ကြောက်ရွံ့တတ်ခြင်း။

••ကျမ်းကိုး။ ခုဒ္ဒကပါဠိ အဋ္ဌကထာ။

#######################

အရက်သောက်စားခြင်းအပြစ် (၆) ပါး
====================

ဥစ္စာယုတ်ခြင်း။ ငြင်းခုံများစွာ။ ရောဂါထူ

ပြော။ ကျော်ဇောမဲ့တုံ။ မလုံအင်္ဂါ။ ပညာ

နည်းရှား ဤခြောက်ပါးကား သောက်စား

သေစာ အပြစ်တည်း။

•••••••°°°••••••

'သုရာ' ဆိုသည်မှာ မီးနှင့်မချက်ရဘဲ မူး
ယစ်စေနိုင်သည့် စိမ်ရည်တစ်မျိုးဖြစ်သည်။
'မေရယ' ဆိုသည်မှာ မီးနှင့် ချက်ရလုပ်ရ
သောအရက်အမျိုးအစားဖြစ်သည်။ 'မဇ္ဇ' ဆို
သည်မှာ ဆေးခြောက် ဘိန်းမဲ ဘိန်းဖြူ ကုတ်ကင်း စသော မူးယစ်ဆေးဝါးအမျိုးမျိုး
ဖြစ်သည်။ ယင်းတို့ကို သောက်မျိုသုံးစွဲပါက
ကုသိုလ် ကောင်းမှုတို့ကို မေ့လျော့စေခြင်း
ကြောင့် 'ပမာဒဌာန' ဟုခေါ်ရသည်။

မြတ်စွာဘုရားရှင်က ''ရဟန်းတို့ အရက်
ကို ကြိမ်ဖန်များစွာ သောက်သုံးသည်ရှိ
သော် တမလွန်ဘဝ၌ ငရဲ၌ ဖြစ်စေနိုင်၏။
တိရစ္ဆာန်မျိုး၌ ဖြစ်စေနိုင်၏။ ပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏။ 


အရက်သောက်ခြင်းကြောင့်
အပေါ့ဆုံး ရရှိသည့် အပြစ်သည် ဘဝတိုင်း
ဘဝတိုင်း၌ အရူးအနှမ်းဖြစ်စေတတ်၏''ဟူ
၍ ဟောတော်မူခဲ့သည်။စီးပွားဥစ္စာ ကုန်ခမ်း
ပျက်စီးခြင်း ခိုက်ရန် ဖြစ်ပွားခြင်း ရောဂါအ
မျိုးမျိုး ဖြစ်ပွားတတ်ခြင်း တွေဝေထုံထိုင်း မိန်းမောခြင်းတို့ကား မလွဲမသွေ ရင်ဆိုင်ရ
မည့် သာမန်ဆိုးကျိုးများဖြစ်သည်။


 သေအရက်ဖြစ်ခြင်း သောက်လိုစိတ်ရှိခြင်း သောက်ဖြစ်အောင်လုံ့လ
 ပြုခြင်း သောက်
မျိုချခြင်း ဤအင်္ဂါလေးပါးနှင့်ညီလျှင် သုရာ
မေရယကံ မြောက်ထိုက်တော့သည်။

**ကျမ်းကိုး။ ဣတိဝုတ် အဋ္ဌကထာ။


 ဓမ္မစာပေများ တစ်ဆင့်မျှဝေပူဇော်ခြင်းဖြင့် ကုသိုလ်ပွားများနိုင်ကြပါစေသော်ဝ်......။

No comments:

Post a Comment