သေမင်းဆိုတာ မိမိကိုယ်တိုင်ဖက်ကင်းတလဲ ပြုစုစောင့်ရှောက် နေရတဲ့
အသုဘခန္ဓာကိုယ်ကြီးကိုပြောတာ၊ သူ့ကိုဘာတွေနဲ့ပြုပြင်ပေးရသလဲ?
ကံ၊ဥတု၊စိတ်၊အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးသဟဇာတမျှအောင်
ပြုပြင်ပေးရတယ်။တစ်ပါးသောသူရဲ့ ပယောဂနဲ့သေတာမြင်မှ သေခြင်းဆိုးလိုက်
တဲ့ဖြစ်ခြင်းလို့မအောက်မေ့ပါနဲ့။
သူတစ်ပါးပယောဂနဲ့မသေခဲ့ရင်လည်း သေချာတာ
တစ်ခုက မိမိပယောဂနဲ့တော့ သေရမှာအမှန်ဘဲ။

တရားတော်တွေကို နားလည်မူ
တန်ဆာဆင်ပြီးပြောဆိုဆုံးမတာသာရှိတာပါ။ အမှန်တကယ်တော့ မြတ်စွာဘုရား
ဟောပြောခဲ့မူတရားတွေမှာဆိုရင်ဖြင့် သေခြင်းတရားဟာ
ကောင်းပါတယ်လို့ ချီးမွမ်း
တာမရှိခဲ့ပါဘူး။ခန္ဓာကိုယ်ကြီးကပြောတယ်...ငါဟာတဲ့!!!အချိန်တိုင်း အို ,ပလိုက်မယ်
အချိန်တိုင်း နာ ,ပလိုက်မယ် ။ အချိန်တိုင်း သေ ,ပလိုက်မယ် ...ဒီလို တကဲကဲ လုပ်နေတာပါ။

သေမင်းဆိုတာ မိမိရဲ့ယခုပစ္စုပ္ပန်အသုဘခန္ဓာကိုယ်ကြီးကိုပြောတာ။ဒီခန္ဓာကိုယ်ကြီးကို
အမြဲတမ်း သူအကြိုက်လိုက်ပြီး ချော့မော့ပြုစုပေးနေရတာ။မိမိနဲ့အတူရှိနေတဲ့ မရဏမင်းကို
ခင်တွယ်ချင်သေးရဲ့လားဗျာ။သိတဲ့သူကပြောပေးတယ်။ဒါကိုမှ ခင်ချင်သေးတယ် တွယ်ချင်သေး
တယ်ဆိုမှဖြင့် ဒီ့ထက်အမိုက်ပိုတာမရှိတော့ပါဘူး။
ဒါဖြင့် ဒီလိုသာဆုံးဖြတ်ချက်ချပါတော့
ဒါန၊သီလ၊သမထလောက်နဲ့တော့ ၀ဋ်ဒုက္ခသိမ်းတဲ့ဇာတ်မရှိသေးပါဘူး။ ၀ိပဿနာတရားတွေ
ပွားများအားထုတ်ကြပါ။ စာစကားမှာတော့.... ၀ိပဿနာတရားကျင့်ကြံအားထုတ်ကြလို့
မဂ်ခရီးတွေပေါက်ရောက်အောင်မြင်သွားပြီဆိုမှဖြင့်
သေမင်းမမြင်တဲ့နိုင်ငံရောက်ပြီတဲ့။
သေမင်းဆိုတာမိမိရဲ့ရန်သူလား?မိတ်ဆွေလား? ခွဲခြားဖို့ကောင်းတယ်။

မိမိကိုသေတွင်းသေဝ
ရောက်အောင် ပို့ပေးမယ့်လက်ရှိခန္ဓာကိုယ်ကြီးကို ခင်ရင်ခင်သလောက် တွယ်ရင်တွယ်
သလောက် ဒုက္ခရောက်ဖို့ပြင်။ ရန်သူဆိုရင်ဝေးဝေးကရှောင်ရပါမယ်မလား။ ရန်သူဆိုတာ ကိုယ့်ရဲ့
ကောင်းကျိုးလိုလားသူတော့မဟုတ်ဘူး။ ဆင်းရဲခြင်းတွေသာသယ်ယူလာမှာပါ။

ဒါကြောင့် ဘုရားဟောတရားတွေမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက...
ငါကွာတဲ့!!!
၃၁ဘုံမှာ ခန္ဓာနဲ့ပါတ်သတ်လို့ ကောင်းကျိုးဆိုတာ မြူမျှပင်မတွေ့ပါဘူး။ ကိုယ်တော်မြတ်ကြီး
ကိုယ်တိုင်ပြောခဲ့တဲ့မှာတမ်း။ စဉ်းစားဖို့ကောင်းတယ်နော်။ သုံးသပ်ဖို့ကောင်းတယ်။
မေတ္တာဖြင့်..... Myo Aung Oo(holiness)

No comments:
Post a Comment