/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, July 7, 2014

အချိန်ကိုအသုံးချတတ်ပါစေ။

Photo: အချိန်ကိုအသုံးချတတ်ပါစေ။
------------------------------

လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ဘဝအဆင့်အတန်းချင်းမတူ။ အသိုင်းအဝိုင်းချင်းမတူ။ သြဇာအာဏာချင်းမတူ။ ပညာအဆင့်အတန်းချင်းမတူ။ သို့တစေ သဘာဝတရားက လူသားတိုင်းအား တူညီသောအခွင့်အရေးတရပ်ကိုမူ ပေးထားပါ၏။ ယင်းအခွင့်အရေးကား လူသားတိုင်း တစ်နေ့လျှင် ၂၄နာရီဟူသော အချိန်ကို ညီတူညီမျှ ရရှိပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။ တစ်ရက်လျှင် ၂၄နာရီထက်ပို၍ မည်သူမျှမပိုင်ဆိုင်။ လျှော့၍လည်း မပိုင်ဆိုင်။

ဤသို့တန်းတူညီမျှ ရရှိထားသော အချိန်ပေါ်တွင် လူတစ်ဦးနှင့်တစ်ဦး အသုံးပြုပုံပြုနည်းချင်း မတူညီကြပေ။ ယင်းသို့ မတူညီမှုအပေါ်မူတည်ပြီး လူတစ်ဦးနှင့်တစ်ဦး ပညာအဆင့်အတန်း ဓနအဆင့်အတန်း ဂုဏ်ဒြပ် အဆင့်အတန်းများ ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားသွားခြင်း ဖြစ်ပါ၏။ 

အချိန်နှင့် ပျင်းရိခြင်းပေါင်းလျှင် ရလဒ်မှာ "သုည" သာဖြစ်ပါသည်။ အချိန်နှင့် လုံ့လဥဿာဟ ပေါင်းစပ်လျှင် ရလဒ်မှာ ကိန်းဂဏန်းတွေ ဖြစ်လာပါသည်။အချိန်ကိုသုံးသလား ဖြုန်းသလားဟူသောအချက်က လူတစ်ယောက်၏ ဘဝအဆင့်အတန်းကို ပြဋ္ဌာန်းပါ၏။ လူတစ်ယောက်၏ တန်ဖိုးကို သတ်မှတ်နိုင်ပါ၏။ 

အချိန်ဟူသည် သူ့ချည်းသက်သက်ဆိုလျှင် အဖြူထည်မျှသာဖြစ်၏။ သူ့အပေါ် အသုံးချမှုအပေါ်တည်မှီပြီး  တန်ဖိုးရှိလာခြင်းဖြစ်ပါ၏။ အချိန်ဟူသည် လူပျင်းတို့လက်ထဲတွင် မည်သည့်တန်ဖိုးမျှမရှိ။ သို့သော် လုံ့လဖြင့် ပညာရှာနေသူတို့လက်ထဲတွင် အချိန်သည် ပညာကိုပေးနိုင်၏။ ဥစ္စာရှာသူတို့ လက်ထဲတွင် အချိန်သည် ဥစ္စာကိုပေးနိုင်၏။ ကုသိုလ်ပြုသူတို့လက်ထဲတွင် အချိန်သည် ကုသိုလ်ကိုပေးနိုင်၏။ အချိန်ကိုစနစ်တကျ အသုံးချတတ်သူတို့၏ လက်ထဲတွင် အချိန်သည် ပညာလည်းမည်၏။ ဥစ္စာလည်းမည်၏။ ကျော်ကြားမှုလည်းမည်၏။ ကုသိုလ်လည်းမည်၏။ 

အချိန်ကိုဖြုန်းနေသူသည် မိမိအကျိုးလည်း မဆောင်ရွက်နိုင် သူတစ်ပါးအကျိုးကိုလည်း မဆောင်ရွက်နိုင်။ ယင်းသို့ မိမိအကျိုးသူတစ်ပါးအကျိုးကို မဆောင်ရွက်နိုင်ရုံမျှမက သူတစ်ပါးအပေါ် အမှီပြု၍ ရှင်သန်နေရသောကြောင့် မိဘဆွေမျိုးများအတွက် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်စေပါသည်။ ဆိုရလျှင် ထိုသူတို့သည် လောကအတွက် " လာခြင်းမကောင်းသောဧည့်သည်" များဖြစ်ပါ၏။ အချိန်ကိုဖြုန်းနေသူ၌ မည်သည့်ပညာမျှလည်းမရှိ။ မည်သည့်ဥစ္စာမျှလည်းမရှိ။ မည်သည့်အကျော်စောမျှလည်းမရှိ။ ထိုလူမျိုးအတွက် လူ့အဖွဲ့စည်းတွင် နေရာထိုင်ခင်းလည်းမရှိပေ။ အချိန်ဖြုန်းသူ၏ ဘဝနေဝင်ချိန်သည် မလှတတ်ပေ။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေကြောင်းကို ကျေးဇူးရှင် စမ်းအေးမြိုင် ဆရာတော်ဘုရားကြီးက ဤသို့ဆုံးမတော်မူခဲ့ပါ၏။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေပါတယ်။

၁။ စီးပွားဥစ္စာရှာနေသူအတွက် အချိန်သည် စီးပွားဥစ္စာဖြစ်ပါတယ်။

၂။ ပညာသင်ကြားလေ့လာနေသူအတွက် အချိန်သည် ပညာဖြစ်ပါတယ်။ 

၃။ တရားရှာမှီးအားထုတ်နေသူအတွက် အချိန်သည် တရာဖြစ်ပါတယ်။

အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်လျှင် သူ့အကျိုး ကိုယ့်အကျိုး နှစ်မျိုးလုံးကို ပြီးစေနိုင်ပါတယ်။

*****************************

(မင်းနန် မော်ကျွန်း) 


အချိန်ကိုအသုံးချတတ်ပါစေ။
------------------------------

လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ဘဝအဆင့်အတန်းချင်းမတူ။ အသိုင်းအဝိုင်းချင်းမတူ။ သြဇာအာဏာချင်းမတူ။ ပညာအဆင့်အတန်းချင်းမတူ။ သို့တစေ သဘာဝတရားက လူသားတိုင်းအား တူညီသောအခွင့်အရေးတရပ်ကိုမူ ပေးထားပါ၏။ ယင်းအခွင့်အရေးကား လူသားတိုင်း တစ်နေ့လျှင် ၂၄နာရီဟူသော အချိန်ကို ညီတူညီမျှ ရရှိပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။ တစ်ရက်လျှင် ၂၄နာရီထက်ပို၍ မည်သူမျှမပိုင်ဆိုင်။ လျှော့၍လည်း မပိုင်ဆိုင်။

ဤသို့တန်းတူညီမျှ ရရှိထားသော အချိန်ပေါ်တွင် လူတစ်ဦးနှင့်တစ်ဦး အသုံးပြုပုံပြုနည်းချင်း မတူညီကြပေ။ ယင်းသို့ မတူညီမှုအပေါ်မူတည်ပြီး လူတစ်ဦးနှင့်တစ်ဦး ပညာအဆင့်အတန်း ဓနအဆင့်အတန်း ဂုဏ်ဒြပ် အဆင့်အတန်းများ ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားသွားခြင်း ဖြစ်ပါ၏။

အချိန်နှင့် ပျင်းရိခြင်းပေါင်းလျှင် ရလဒ်မှာ "သုည" သာဖြစ်ပါသည်။ အချိန်နှင့် လုံ့လဥဿာဟ ပေါင်းစပ်လျှင် ရလဒ်မှာ ကိန်းဂဏန်းတွေ ဖြစ်လာပါသည်။အချိန်ကိုသုံးသလား
 ဖြုန်းသလားဟူသောအချက်က လူတစ်ယောက်၏ ဘဝအဆင့်အတန်းကို ပြဋ္ဌာန်းပါ၏။ လူတစ်ယောက်၏ တန်ဖိုးကို သတ်မှတ်နိုင်ပါ၏။

အချိန်ဟူသည် သူ့ချည်းသက်သက်ဆိုလျှင် အဖြူထည်မျှသာဖြစ်၏။ သူ့အပေါ် အသုံးချမှုအပေါ်တည်မှီပြီး တန်ဖိုးရှိလာခြင်းဖြစ်ပါ၏။ အချိန်ဟူသည် လူပျင်းတို့လက်ထဲတွင် မည်သည့်တန်ဖိုးမျှမရှိ။ သို့သော် လုံ့လဖြင့် ပညာရှာနေသူတို့လက်ထဲတွင် အချိန်သည် ပညာကိုပေးနိုင်၏။ ဥစ္စာရှာသူတို့ လက်ထဲတွင် အချိန်သည် ဥစ္စာကိုပေးနိုင်၏။ ကုသိုလ်ပြုသူတို့လက်ထဲတွင် အချိန်သည် ကုသိုလ်ကိုပေးနိုင်၏။ အချိန်ကိုစနစ်တကျ အသုံးချတတ်သူတို့၏ လက်ထဲတွင် အချိန်သည် ပညာလည်းမည်၏။ ဥစ္စာလည်းမည်၏။ ကျော်ကြားမှုလည်းမည်၏။ ကုသိုလ်လည်းမည်၏။

အချိန်ကိုဖြုန်းနေသူသည် မိမိအကျိုးလည်း မဆောင်ရွက်နိုင် သူတစ်ပါးအကျိုးကိုလည်း မဆောင်ရွက်နိုင်။ ယင်းသို့ မိမိအကျိုးသူတစ်ပါးအကျိုးကို မဆောင်ရွက်နိုင်ရုံမျှမက သူတစ်ပါးအပေါ် အမှီပြု၍ ရှင်သန်နေရသောကြောင့် မိဘဆွေမျိုးများအတွက် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်စေပါသည်။ ဆိုရလျှင် ထိုသူတို့သည် လောကအတွက် " လာခြင်းမကောင်းသောဧည့်သည်" များဖြစ်ပါ၏။ အချိန်ကိုဖြုန်းနေသူ၌ မည်သည့်ပညာမျှလည်းမရှိ။ မည်သည့်ဥစ္စာမျှလည်းမရှိ။ မည်သည့်အကျော်စောမျှလည်းမရှိ။ ထိုလူမျိုးအတွက် လူ့အဖွဲ့စည်းတွင် နေရာထိုင်ခင်းလည်းမရှိပေ။ အချိန်ဖြုန်းသူ၏ ဘဝနေဝင်ချိန်သည် မလှတတ်ပေ။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေကြောင်းကို ကျေးဇူးရှင် စမ်းအေးမြိုင် ဆရာတော်ဘုရားကြီးက ဤသို့ဆုံးမတော်မူခဲ့ပါ၏။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေပါတယ်။

၁။ စီးပွားဥစ္စာရှာနေသူအတွက် အချိန်သည် စီးပွားဥစ္စာဖြစ်ပါတယ်။

၂။ ပညာသင်ကြားလေ့လာနေသူအတွက် အချိန်သည် ပညာဖြစ်ပါတယ်။

၃။ တရားရှာမှီးအားထုတ်နေသူအတွက် အချိန်သည် တရာဖြစ်ပါတယ်။

အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်လျှင် သူ့အကျိုး ကိုယ့်အကျိုး နှစ်မျိုးလုံးကို ပြီးစေနိုင်ပါတယ်။

*****************************

(မင်းနန် မော်ကျွန်း)
 
 အားလုံး ကျန်းမာ ချမ်းသာပါစေ....။
ဓမ္မစာပေများ တစ်ဆင့်မျှဝေပူဇော်ခြင်းဖြင့် ကုသိုလ်ပွားများနိုင်ကြပါစေသော်ဝ်......။
 
 

No comments:

Post a Comment