Pages
▼
ချမ်းသာစွာ အိပ်စက်ရသူ
ချမ်းသာစွာ အိပ်စက်ရသူ
......................................
အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠ၀တီပြည် နွားတို့သွားရာလမ်းခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ သီတင်းသုံးတော်မူ၏ ။
ထိုအခါ ဟတ္ထက အာဠာဝက မင်းသားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ခဲ့ရာ
၊ မြတ်စွာဘုရားကိုမြင်သောကြောင့် ၊ အနီးသို့ချဉ်းကပ်ပြီး ၊ရှိခိုး၍ "
အရှင်ဘုရား အသို့ပါနည်း ၊ မြတ်စွာဘုရားသည် ချမ်းသာစွာ
ကျိန်စက်တော်မူရပါ၏လော့ ဟု လျှောက် ။ " မြတ်စွာဘုရားက ငါသည်ချမ်းသာစွာ
ကျိန်စက်ရ၏ ၊ လောက၌ ချမ်းသာစွာ အိပ်စက်ရသူတို့တွင်ငါသည်
တစ်ဦးအပါအ၀င်ဖြစ်သည် ၊ မိန့်တော်မူ၏ ။
မင်းသား ။ ။ အရှင်ဘုရား
ဆောင်းရာသီ ညာဉ့်ဖြစ်၍ အေးချမ်းလှပါ၏
၊တပိုတွဲနှင့်တပေါင်းအကူးကြားရှစ်ရက်သည် ဆီနှင်းများကျသောအခါဖြစ်ပါ၏
၊မြေပြင်သည်နွာခွါရာတို့ဖြင့် ကြမ်းတမ်းလှပါ၏ ၊သစ်ရွက်အခင်းသည် ပါးလှပါ၏ ၊
သစ်ပင်၏ အရွက်တို့သည် ကျဲလှပါကုန်၏ ၊သင်္ကန်တော်များသည် အေးလှပါကုန်၏
၊အရပ်လေးမျက်နှာမှ လေအေးသည် ၊တိုက်ခတ်နေပါ၏ ၊သို့စဉ်လျှက် ငါသည်
ချမ်းသာစွာအိပ်စက်ရသည်ဟု အရှင်ဘုရား ၊မိန့်တော်မူဘိ၏ ။
ဘုရား ။ ။
"မင်းသား .. ရာဂ ၊ဒေါသ ၊ မောဟ ကြောင့်ဖြစ်ကုန်သော ကိုယ်စိတ်
ပူလောင်ခြင်းတို့သည် ၊ပူလောင်သောသူသည် ၊ဆင်းရဲစွာ အိပ်ရ၏ ၊ ငါသည် ထိုရာဂ
၊ဒေါသနှင့် မောဟ တို့ကို အမြစ်ရင်းနှင့်တကွ အကြွင်းမဲ့ပယ်ပြီးဖြစ်၏ ၊
ထိုကြောင့် ငါသည် ချမ်းသာစွာ ၊ကျိန်းစက်ရ၏ "။
(အင်္ဂုတ္တရနိကာယ် ၊တိကနိပါတ် ၊ဒေ၀ဒူတ၀ဂ် ၊ ဟတ္တကသုတ် )
မှတ်ချက်းးး
ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ပုံဖြင့် ပူဇော်ပါသည် အထူး
ကြည်ညိုမိတော့သည် ဆရာတော်ခရီးသွားခိုက် ကားပျက်နေလို့ သစ်ပင်ရိပ်
ယင်းသို့လျှောင်းစက်တော်မူခဲ့သည် ။
No comments:
Post a Comment