Pages

Sunday, July 6, 2014

★"ဗုဒ္ဓမြွက်ကြား မာဂဓ စကား ဟူသည်မှာ.."★



ဗုဒ္ဓမြတ်စွာ တရားဦး ဟောတော်မူရာအရပ် သည်"မာဂဓဘာသာ"ပြောဆို သုံးနှုံးကြသည့် နယ်ပယ်ဖြစ်၍"မာဂဓဘာသာ"ဖြင့်တရားဦး ဟောတော်မူ၏။ 

"မာဂဓတိုင်းသားများ" ပြောကြသောဘာသာစကားဖြစ်၍
"မာဂဓဘာသာစကားဟုခေါ်၏။
ယနေ့ဗုဒ္ဓဘာသာဝင်များအလေးအမြတ်ပြုရသော"
ပိဋကတ်တော်ပါဠိ"သည်“မာဂဓဘာသာ”နှင့်သဘောချင်း
တူညီင်္သည်ကိုတွေ့ရ၏။


ဘုရားရှင်တိုင်းလက်ကိုင်ပြုခဲ့တော်မူသော“မာဂဓစကား”ကို

ပင်ပိဋကတ်တော်၌“ပါဠိတော်”ဟုခေါ်တွင်ကြောင်း“ဆရာတော်
အရှင်နာရဒ
(ပုတီးကုန်း) ၏ရေးသားချက်စာတမ်းတွင်”မှတ်သားရဖူးပါသည်။


ဤစကားကိုထောက်၍“မာဂဓဘာသာ”တိုင်းကို“ပါဠိ”ဟုမခေါ်။
ဘုရားဟောပါဠိတော်နှင့်သက်ဆိုင်သောမာဂဓဘာသာအချို့ကိုသာ“ပါဠိ
ဘာသာ”ဟု ခေါ်စမတ်ပြုကြသည်။

“ပဋိသမ္ဘိဒါ”ဟူသည်“ခွဲခြမ်းဝေဖန်၍သိမြင်နိုင်မှု”ကိုဆိုလိုပါသည်။

ပဋိသမ္ဘိဒါ(၄)မျိုးရှိရာ“နိရုတ္တိပဋိသမ္ဘိဒါ”ဟူသည်မှာ“ယုတ္တိယုတ္တာနှင့်
တကွဘာသာစကားကိုသိမြင်သောဉာဏ်အထူး”ကိုဆိုလို၏။
ထိုဉာဏ်အထူးကိုရတော်မူသောပုဂ္ဂိုလ်သည်“ပိဋကတ်ပါဠိတော်”
ကိုအထူးသင်ယူစရာမလိုပဲ
“အရှင်စူဠပန်”ကဲ့သို့အလိုလိုတတ်မြောက်နိုင်စွမ်းရှိ၏။
“သက္ကတဘာသာ”
စသည်ကား“ပဋိသမ္ဘိဒါ”ရသော်လည်းတကူးတကသင်ယူမှသာ
တတ်မြောက်နိုင်၏။

အပြန်အလှန်အားဖြင့်ဆိုရသော်အခြားသောဘာသာမျိုးစုံကိုမည်မျှပင်
တတ်မြောက်စေကာမူ“နိရုတ္တိပဋိသမ္ဘိဒါဉာဏ်”မျိုးကိုရရာရကြောင်း
မဟုတ်ချေ။
“မာဂဓဘာသာ”ဖြစ်သောပရိယတ္တိကိုသင်ယူဖူးသူတို့သာ
ထိုဉာဏ်မျိုးရဖို့ရာ
အထောက်အပံ့ကောင်းရသူဖြစ်၏။

ထို့ကြောင့်အမြော်အမြင်ကြီးမားသော ရှေးရှေးဆရာတော်ကြီးများက “သီလ”ခံယူရာ၌ “ပါဠိဘာသာ”နှင့်စီစဉ်ထားခြင်းဖြစ်၏။

“ပါဠိဘာသာ”သည် “ဖောက်ပြန်ပြောင်းရွေ့မှုမရှိခြင်း ၊ ကမ္ဘာကြေသော်လည်းပျောက်ကွယ်မှုမရှိခြင်း၊ သဘာဝအနက် အဓိပ္ပါယ်ကို ဖော်ပြနိုင်ခြင်း၊မဂ်ဉာဏ်,ဖိုလ်ဉာဏ်ကိုဖြစ်စေနိုင်ခြင်း၊
တစ်ဦးတည်းသောဆရာ၏လက်အောက်၌မူတစ်ခုတည်းကို
သာဖော်ပြသဖြင့်အနက်
အဓိပ္ပါယ်တိကျပြတ်သားခြင်း”စသည်ဖြင့် ပါဠိ၏ကောင်းကျိုးများကိုလေ့လာမှတ်သားနိုင်ပါသည်။
အထက်ဖော်ပြချက်များသည် ဆရာသမားအစဉ်အဆက်ကပါဠိ၏အရေးပါပုံများကို
သွန်သင်ဖော်ပြချက်များဖြစ်၏။

ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မများကိုပါဠိပိဋကတ်တော်ဖြင့်မှတ်တမ်းတင်ထားခြင်းဖြစ်၍
မူရင်းကျကျလေ့လာသိရှိလိုလျှင်
ပါဠိတော်ကိုအလေးထားဂရုစိုက်ရ
မည်ဖြစ်ပါသည်။


သာမန်လူတစ်ခွန်းပြောချိန်တွင်“ဗုဒ္ဓမြတ်စွာဘုရား”ကအခွန်းပေါင်း
များစွာပြောနိုင်သည်ဟုဆိုကြ၏။
ပညာရှင်တို့ကမူ“ဗုဒ္ဓမြတ်စွာဘုရားရှင်”ကိုယ်တော်မြတ်ကြီးသည်
အလွန်ကျစ်လစ်လေးနက်သောစကားလုံးများကိုသုံးနှုံးနိုင်သဖြင့်
ဖောင်းပွသောစကားလုံးအခွန်းပေါင်းများစွာသုံးနှုံးမည့်အစား တစ်ခွန်းတည်းဖြင့် လိုရင်းရောက်အောင်ပြောနိုင်သည်ကို ဆိုလိုကြောင်း “ဆရာကြီးဦးသုခ”က ရေးသားဖူးပါသည်။

သေချာသည်မှာတရားဓမ္မများကိုရေးသားဟောပြောကြရာ၌ ပါဠိစကားလုံးထက်ကျစ်လှစ်လေးနက်သောစကားလုံးကို
မသုံးနှုံးနိုင်ကြသဖြင့် ထိုပါဠိစကားလုံးများကိုပင်တိုက်ရိုက်သုံးစွဲကြရသည်ဟုဆို၏။
မြန်မာစာပေတွင်
ပါဠိသက်ဝေါဟာရများသည်ဝေါဟာရအားလုံး၏(၄၀%)ခန့်ရှိသည်ဟု 
 ပညာရှင်များက ဆိုကြောင်း ဂုဏ်ထူးဦးသိန်းနိုင်ကပြောဖူးသည်။

တစ်ခုထပ်မံပြောလိုသည်မှာ-
ပါဠိစာပေမြင်တိုင်းလည်းဘုရားဟောဟုရမ်း၍မယုံသင့်ချေ။မိရိုးဖလာ

ဗုဒ္ဓဘာသာဝင်များသည်ပါဠိဂါထာ၊
ပါဠိစာပေများကိုမြင်လိုက်သည်နှင့် ဘုရားဟောပဲဟူ၍
ဆုံးဖြတ်လျှက်ယုံကြည်လိုက်ကြ၏။

ထိုပါဠိစာသည်သဒ္ဒါစည်းကမ်းများဖြင့်စစ်ဆေးသော်မှန်ကန်ပါ၏လော၊
အဘိဓာန်အားဖြင့်စစ်ဆေးသော် အဓိပ္ပါယ်ရှိပါ၏ လော၊
ဗုဒ္ဓ၏တရားဓမ္မအတိုင်းဖြစ်ပါ၏လော မဝေဖန်တတ်တော့ချေ။
အချုပ်ဆိုရသော်-
 

ပါဠိဘာသာနှင့်ပတ်သက်၍ အစွန်းတရား(၂)ပါးရှိ၏။
 

(၁)ပထမအစွန်းမှာ ပါဠိစာပေကို လိုအပ်သည်ထက်ပိုအထင်ကြီးလွန်းသဖြင့် ပါဠိလိုရေးသမျှ ဘုဂရားဟောထင်၏။
 

(၂)ဒုတိယအစွန်းမှာပါဠိဘာသာကို ပစ်ပယ်ခြင်းဖြစ်၏။
ထိုအစွန်း(၂)ပါးစလုံးသည် ဗုဒ္ဓတရားတော်ကိုလေ့လာကျင့်ကြံရာ၌ ကြီးစွာသောအဟန့်အတားကိုဖြစ်စေပါကြောင်းတင်ပြ
အပ်ပါသည်။


မူပိုင်- http://www.facebook.com/konyinyi.tin
ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊

သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ
ဉာဏ်လင်းမြို့

No comments:

Post a Comment