Pages

Tuesday, July 22, 2014

ရွှေဥမင်တောရဆရာတော်ကြီး အသိနှင့်သတိ

Photo: ရွှေဥမင်တောရဆရာတော်ကြီး
-------------------------------

အသိနှင့်သတိ
---------------

ဥယျာဉ်မူးသည် ဥယျာဉ်အတွင်း၌ ပေါင်းမြက်တို့ ရှင်သန်ပေါက်ရောက်ခြင်း မရှိအောင် ရှင်းလင်းခုတ်ထွင်ရသည်။ ပန်းပင်လှလှတို့ ရှင်သန်ကြီးထွားအောင် ပျိုးထောင်စောင့်ရှောက်ရသည် ။ စိတ်သည် ပန်းဥယျာဉ်နှင့်တူလျှင် သတိဟူသည် ဥယျာဉ်မူးနှင့်တူသည်ဟု ဆိုချင်ပါသည်။

လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယစသော ကိလေသာများသည် ပေါင်းမြက်နှင့်တူပါသည်။ စိတ်အစဉ်ထဲသို့ ယင်းတို့ဝင်ရောက်လာလျှင် စိတ်သည် မကြည်လင်တော့။ မချမ်းမြေ့တော့။ မတည်ငြိမ်တော့။ လှုပ်ရှားဆူပွက်လာသည်။ ယောက်ယက်ခတ်ဗျာများလာသည်။ သို့ဖြစ်၍ ပေါင်းမြက်နှင့်ပမာတူသော ကိလေသာများဝင်လာလျှင် သတိဖြင့် ထိန်းချုပ်အပ်ပါ၏။ 

သတိဟူသည် မည်သည့်အခါမျှ ပိုသည် မရှိ လိုသည်သာရှိ၏။ စိတ်ခံစားမှု တစ်ခုဖြစ်တိုင်း စိတ်လှုပ်ရှားမှု တစ်ခုခုဖြစ်တိုင်း လောဘလော ဒေါသလော မောဟလောဟု ရှင်သန်ကြီးထွားမလာမီ သတိဖြင့် ဆင်ခြင်အပ်ပါ၏။ သို့မှသာ ဆိုးကျိုးများကို ဖန်တီးဖြစ်ထွန်းစေမည့် လောဘ ဒေါသ မောဟ ပမာဏများ ကြီးထွားအားကောင်းလာခြင်း မပြုမီ ဇက်သတ် ထိန်းချုပ်မှု ပြုနိုင်ပေလိမ့်မည်။ ထိုအခါ မလိုလားအပ်သော ဒုစရိုက်မှုများ အကုသိုလ်အညစ်အကြေးများ ဖြစ်ပွားခွင့်မသာတော့ပေ။

စင်စစ်သော် ကာယကံမှု ဝစီကံမှု မနောကံမှုတို့၌ မပြုမီ မပြောမီ မတွေးကြံမီ သတိဖြင့် သင့်,မသင့် ချင့်ချိန်ရပေမည်။ ပြုသမျှ ပြောသမျှ ကြံသမျှ သတိယှဉ်အပ်ပါ၏။ သတိဟူသည် အကောင်းဆုံး အစောင့်အရှောက် ဖြစ်ပါ၏။

ကံသုံးပါးအပြုအမူမှန်သမျှ  သတိနှင့်အသိ  ယှဉ်၍ ဆောင်ရွက်လုပ်ကိုင်ခြင်းသည် အကောင်းဆုံဘဝနေနည်းဟု ဆိုနိုင်ပါလိမ့်မည်။ 

ဤနည်းနှင့်စပ်လျဉ်း၍ ကျေးဇူးရှင် ရွှေဥမင်တောရဆရာတော်ကြီး၏ အဆုံးအမတော်ကို နှလုံးသွင်းသိမှတ်အပ်ပါ၏။

&  ကိလေသာဆိုတာ လောဘ ဒေါသ မောဟတွေပဲ။ လောဘနဲ့စားတယ်။ လောဘနဲ့ သွားတယ်။ လောဘနဲ့ နေတယ်။ လောဘဖြစ်ရင် ဖြစ်မှန်းသိအောင် ဆင်ခြင်နိုင်ရမယ်။ ဒေါသမှာလည်း ဒေါသဖြစ်ရင် ပူပန်ဆင်းရဲတာပဲ။ ဒေါသမဖြစ်အောင် စောင့်ထိန်းဖို့ဟာ ဒေါသဖြစ်ရင် ဖြစ်မှန်းသိရတာပဲ။

သွားတာ လာတာ စားတာ သောက်တာ နေတာ ထိုင်တာ အားလုံးမှာ အသိနဲ့သတိ ကပ်ထားရမယ်။ အသိနဲ့သတိ တစ်ထပ်တည်းကျဖို့လိုတယ်။ လိုရင်းချုပ်လိုက်တော့ သတိပဋ္ဌာန်ပဲ။ အပ္ပမာဒေန သမ္ပာဒေထ ဘုရားဟောတဲ့တရားကြီးပေါ့။

အဲဒီလို သတိပဋ္ဌာန်ပွားများခြင်း  အရာရာသတိထားခြင်းဟာ တရားအားထုတ်တာပဲ။ သတိပဋ္ဌာန်တရားဟာ မအိုရာ မနာရာ မသေရာ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းအစစ်လည်း ဖြစ်တယ်။ ကိလေသာဖြစ်ကြောင်း တိုစေတယ်။

ဒါကြောင့် သရာဂစိတ္တံ ပဇနာတိ တဲ့။ ဘုရားဟောတယ်။ လောဘ ဖြစ်တိုင်းဖြစ်တိုင်းလည်း လောဘဖြစ်တယ်လို့ သိရမယ်။ အဲဒီလို သိလိုက်တာနဲ့ လောဘဟာ ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတော့ဘူးနော်။ လောဘဖြစ်တယ် လောဘဖြစ်တယ်လို့ သတိနဲ့ အသိကပ်ပြီး ရှုနေခြင်းအားဖြင့် လောဘဟာ တဖြည်းဖြည်းပါးသည်ထက် ပါးသွားရတာပေါ့။ သတိပဋ္ဌာန်တရား အားထုတ်တာဟာ ဥာဏ်ကုသိုလ်အလုပ် လုပ်တာပဲ။

************************************************************

(မင်းနန်-မော်ကျွန်း)  


ရွှေဥမင်တောရဆရာတော်ကြီး
-------------------------------

အသိနှင့်သတိ
---------------


ဥယျာဉ်မူးသည် ဥယျာဉ်အတွင်း၌ ပေါင်းမြက်တို့ ရှင်သန်ပေါက်ရောက်ခြင်း မရှိအောင် ရှင်းလင်းခုတ်ထွင်ရသည်။ ပန်းပင်လှလှတို့ ရှင်သန်ကြီးထွားအောင် ပျိုးထောင်စောင့်ရှောက်ရသည် ။ စိတ်သည် ပန်းဥယျာဉ်နှင့်တူလျှင် သတိဟူသည် ဥယျာဉ်မူးနှင့်တူသည်ဟု ဆိုချင်ပါသည်။

လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယစသော ကိလေသာများသည် ပေါင်းမြက်နှင့်တူပါသည်။ စိတ်အစဉ်ထဲသို့ ယင်းတို့ဝင်ရောက်လာလျှင် စိတ်သည် မကြည်လင်တော့။ မချမ်းမြေ့တော့။ မတည်ငြိမ်တော့။ လှုပ်ရှားဆူပွက်လာသည်။ ယောက်ယက်ခတ်ဗျာများလာသည်။ သို့ဖြစ်၍ ပေါင်းမြက်နှင့်ပမာတူသော ကိလေသာများဝင်လာလျှင် သတိဖြင့် ထိန်းချုပ်အပ်ပါ၏။

သတိဟူသည် မည်သည့်အခါမျှ ပိုသည် မရှိ လိုသည်သာရှိ၏။ စိတ်ခံစားမှု တစ်ခုဖြစ်တိုင်း စိတ်လှုပ်ရှားမှု တစ်ခုခုဖြစ်တိုင်း လောဘလော ဒေါသလော မောဟလောဟု ရှင်သန်ကြီးထွားမလာမီ သတိဖြင့် ဆင်ခြင်အပ်ပါ၏။ သို့မှသာ ဆိုးကျိုးများကို ဖန်တီးဖြစ်ထွန်းစေမည့် လောဘ ဒေါသ မောဟ ပမာဏများ ကြီးထွားအားကောင်းလာခြင်း မပြုမီ ဇက်သတ် ထိန်းချုပ်မှု ပြုနိုင်ပေလိမ့်မည်။ ထိုအခါ မလိုလားအပ်သော ဒုစရိုက်မှုများ အကုသိုလ်အညစ်အကြေးများ ဖြစ်ပွားခွင့်မသာတော့ပေ။

စင်စစ်သော် ကာယကံမှု ဝစီကံမှု မနောကံမှုတို့၌ မပြုမီ မပြောမီ မတွေးကြံမီ သတိဖြင့် သင့်,မသင့် ချင့်ချိန်ရပေမည်။ ပြုသမျှ ပြောသမျှ ကြံသမျှ သတိယှဉ်အပ်ပါ၏။ သတိဟူသည် အကောင်းဆုံး အစောင့်အရှောက် ဖြစ်ပါ၏။

ကံသုံးပါးအပြုအမူမှန်သမျှ သတိနှင့်အသိ ယှဉ်၍ ဆောင်ရွက်လုပ်ကိုင်ခြင်းသည် အကောင်းဆုံဘဝနေနည်းဟု ဆိုနိုင်ပါလိမ့်မည်။

ဤနည်းနှင့်စပ်လျဉ်း၍ ကျေးဇူးရှင် ရွှေဥမင်တောရဆရာတော်ကြီး၏ အဆုံးအမတော်ကို နှလုံးသွင်းသိမှတ်အပ်ပါ၏။

&ကိလေသာဆိုတာ လောဘ ဒေါသ မောဟတွေပဲ။
 လောဘနဲ့စားတယ်။ လောဘနဲ့ သွားတယ်။ လောဘနဲ့ နေတယ်။ လောဘဖြစ်ရင် ဖြစ်မှန်းသိအောင် ဆင်ခြင်နိုင်ရမယ်။ ဒေါသမှာလည်း ဒေါသဖြစ်ရင် ပူပန်ဆင်းရဲတာပဲ။ ဒေါသမဖြစ်အောင် စောင့်ထိန်းဖို့ဟာ
 ဒေါသဖြစ်ရင် ဖြစ်မှန်းသိရတာပဲ။

သွားတာ လာတာ စားတာ သောက်တာ နေတာ ထိုင်တာ အားလုံးမှာ အသိနဲ့သတိ ကပ်ထားရမယ်။ အသိနဲ့သတိ တစ်ထပ်တည်းကျဖို့လိုတယ်။ လိုရင်းချုပ်လိုက်တော့ သတိပဋ္ဌာန်ပဲ။ အပ္ပမာဒေန သမ္ပာဒေထ ဘုရားဟောတဲ့တရားကြီးပေါ့။

အဲဒီလို သတိပဋ္ဌာန်ပွားများခြင်း အရာရာသတိထားခြင်းဟာ တရားအားထုတ်တာပဲ။ သတိပဋ္ဌာန်တရားဟာ မအိုရာ မနာရာ မသေရာ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းအစစ်လည်း ဖြစ်တယ်။ ကိလေသာဖြစ်ကြောင်း တိုစေတယ်။

ဒါကြောင့် သရာဂစိတ္တံ ပဇနာတိ တဲ့။ ဘုရားဟောတယ်။ လောဘ ဖြစ်တိုင်းဖြစ်တိုင်းလည်း
 လောဘဖြစ်တယ်လို့ သိရမယ်။ အဲဒီလို သိလိုက်တာနဲ့ လောဘဟာ ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတော့ဘူးနော်။
 လောဘဖြစ်တယ် လောဘဖြစ်တယ်လို့ သတိနဲ့ အသိကပ်ပြီး ရှုနေခြင်းအားဖြင့် လောဘဟာ တဖြည်းဖြည်းပါးသည်ထက် ပါးသွားရတာပေါ့။ သတိပဋ္ဌာန်တရား အားထုတ်တာဟာ ဥာဏ်ကုသိုလ်အလုပ် လုပ်တာပဲ။

******************************************

(မင်းနန်-မော်ကျွန်း)
 
 
Ko Latt

No comments:

Post a Comment