Pages

Friday, July 18, 2014

တစ်ယောက်တည်း ပျော်အောင်နေ



 

တစ်ယောက်တည်း ပျော်အောင်နေ
**************************
*
တစ်ယောက်တည်းတော့ နေပါရဲ့၊
ဘိန်းရှူပြီးမှိန်းနေမယ်ဆို
ရင်တော့
  နေရာမကျဘူး။
တစ်ယောက်တည်းတော့ နေပါရဲ့၊
ဖျာလှန်ပြီး ကြမ်းပိုးတွေ
တစ်ကောင်ပြီး တစ်ကောင်
သတ်နေမယ်ဆိုရင်လည်း
  နေရာမကျဘူး။

တစ်ယောက်တည်းတော့ နေပါရဲ့၊
ကာမဂုဏ်ကိစ္စတွေ တွေးပြီး
တဏှာရာဂ
ဖြစ်နေမယ်ဆိုရင်တော့
နေရာမကျဘူး။
တစ်ယောက်တည်းတော့ နေပါရဲ့၊
မကျေနပ်စရာတွေ တွေးပြီး
ဒေါသဖြစ်နေမယ်ဆိုရင်လည်း
  နေရာမကျဘူး။

ဒါကြောင့်
`တစ်ယောက်တည်း ပျော်အောင်နေ´
ဆိုတာဟာ တစ်ယောက်တည်း
တရားဘာဝနာနဲ့နေပါလို့
ဆိုလိုပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
 
 Aung Aung's photo.

No comments:

Post a Comment