Pages

Sunday, July 27, 2014

သီသီကလေးနှင့် တစ်သက်လုံး လွှဲချော်တတ်၏




သီသီကလေးနှင့်
**************
တစ်သက်လုံး လွှဲချော်တတ်၏

********************

`` ရုပ်မှန်း, နာမ်မှန်း၊ အနိစ္စအချက်မှန်း၊
ဒုက္ခအချက်မှန်း၊ အနတ္တအချက်မှန်း
မသိဘဲလျှက် ထွက်သက်လေ၊
ဝင်သက်လေကိုသာ အာရုံပြု၍
မှတ်နေလျှင် `သမထ´ ပင်ဖြစ်သည်။



ရုပ်မှန်း နာမ်မှန်း၊
အနိစ္စ, ဒုက္ခ, အနတ္တအချက်မှန်းသိလျက်
ထိုရုပ်နာမ်တို့၏ အဖြစ်အပျက်ကို
လက္ခဏာတင်၍ သုံးသပ်ပါမှ
`ဝိပဿနာ´ ဖြစ်လေတော့၏။

နားမလည်လျှင် သီသီကလေးနှင့်
တစ်သက်လုံး လွဲချော်တတ်၏။

ထွက်သက်လေ ဝင်သက်လေတို့သည်
ဝါယောဓာတ်ဟုဆိုရသော်လည်း
ပထ၀ီ၊ အာပေါ၊ တေဇောဓာတ်တို့လည်း
ပါမြဲဖြစ်လေသည်။


* ထွက်သက်လေမဟာဘုတ်နှင့်
ဝင်ထွက်လေမဟာဘုတ်သည် ရုပ်၊


* ဝင်မှန်း ထွက်မှန်းသိသော
စိတ်သည် နာမ်၊


* စိတ်ဉာဏ်က အစ, အလယ်, အဆုံး
မလိုက်နိုင်မူ အဝင်၌ အဖြစ်တစ်ချက်ကို ဖမ်း၊


* အထွက်၌ အပျက်တစ်ချက်ကို ဖမ်း၊
အဖြစ်ကိုဖြစ်စေ၊ အပျက်ကိုဖြစ်စေ
တစ်ချက်ချက်မိလျှင် မဂ်ကိစ္စပြီးနိုင်သည်။
အရေးကြီးသောအချက်၊ ကောင်းစွာမှတ်။´´


သပိတ်အိုင် ဆရာတော်ဘုရားကြီး
ဦးကိတ္ထိ


Creat Post By ..... လှိုင် တိုး

No comments:

Post a Comment