Pages

Wednesday, July 30, 2014

ပထမဦးစားပေး



 ပထမဦးစားပေး
*************

လူတစ်ယောက်ဟာ
စိတ်ချမ်းသာဖို့
သိပ်အရေးကြီးပါတယ်။


စိတ်ချမ်းသာနေမှ
လောကီအလုပ်ပဲလုပ်လုပ်၊
လောကုတ္တရာအလုပ်ပဲလုပ်လုပ်
အဆင်ပြေတာပါ။



ဆင်းရဲနေတဲ့စိတ်ကို
စိတ်နဲ့ပဲ ပြန်ကုရပါတယ်။


လူတစ်ယောက်ရဲ့ ဘဝမှာ
ကုသိုလ်နဲ့အကုသိုလ်မှာ
အကုသိုလ်မဖြစ်ဖို့ကို
ပထမဦးစားပေးပါ။
ကုသိုလ်ဖြစ်ဖို့ကို
ဒုတိယဦးစားပေးပါ။


ဆိုလိုတာက
ကုသိုလ်မဖြစ်ရင်နေပါစေ၊
အကုသိုလ်မဖြစ်အောင်တော့
အထူးစောင့်ထိန်းရမှာပါ။

ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် - အင်းမ)

No comments:

Post a Comment