Pages

Monday, July 28, 2014

ကောင်းတဲ့အစိုးရအဖွဲ့




ကောင်းတဲ့အစိုးရအဖွဲ့
*****************

ကောင်းတဲ့အစိုးရအဖွဲ့ဟာ
လူများစုရဲ့ဘဝမှာ
မျှော်လင့်စရာ မျှော်မှန်းစရာတွေ
များများရှိအောင် စီစဉ်ပေးတယ်။
စိုးရိမ်စရာ ကြောက်စရာ
နည်းအောင် လုပ်တယ်။

ကြောက်နေအောင်
စိုးရိမ်နေအောင် မလုပ်ဘူး။
ရိုးရိုးသားသား လုပ်တယ်။
မလှည့်စားဘူး၊ တရားမျှတမှုရှိတယ်။

မတရားတာကို မလုပ်ဘူး။
မြို့တွေ ရွာတွေ
အေးချမ်းမှုရှိအောင် လုပ်ပေးတယ်။

ဘယ်အချိန်မှာဖြစ်ဖြစ်
အချိန်မရွေး သွားချင်တဲ့နေရာကို
ဘေးရန်အန္တရာယ်မရှိ
သွားနိုင် လာနိုင်အောင် လုပ်ပေးတယ်။
လွတ်လပ်မှုကို ကာကွယ်ပေးတယ်။
လွတ်လပ်မှုမရှိအောင် မလုပ်ဘူး။

ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
 

No comments:

Post a Comment