စိတ်ဓာတ်ကို ပျိုးထောင်ပါ။
••••••••••••••••••••••••
ဒေါသတွေ ခဏခဏ
ထွက်နေရတယ်ဆိုတာ
ထားရှိရမယ့်သဘောထား
မကြီးသေးလို့ဖြစ်နိုင်ပါတယ်။
စိတ်ဓါတ်တွေအစဉ်သဖြင့်
ညှိုးငယ်နေရတယ်ဆိုတာ
အတွေးအခေါ်အယူအဆတွေ
မကျယ်ပြန့်သေးလို့
ဖြစ်နေနိုင်ပါတယ်။
အမြဲတမ်းစိတ်ပူ
နေရတယ်ဆိုတာ
ကိုယ့်ကိုယ့်ကို
စိတ်အေးချမ်းအောင်
မနေတတ်သေးလို့
ဖြစ်နေနိုင်ပါတယ်။
အမြဲတမ်းစိတ်ဆင်းရဲ
နေရတယ်ဆိုတာ
ကိုယ့်ရဲ့စိတ်ဓာတ်
မခိုင်မာသေးလို့
ဖြစ်နေနိုင်ပါတယ်။
စိတ်တွေညှိုးမှိုင်း
နေရတယ်ဆိုတာ
ကိုယ်ကပွင့်ပွင့်လင်းလင်း
မရှိသေးလို့
ဖြစ်နေနိုင် ပါတယ်။
ကိုယ့်စိတ်ကို
ဂရုတစိုက်
ပြင်ဆင်ဖို့တတ်နိုင်တဲ့
ဆရာဝန်က
ကိုယ်တိုင်ပဲဖြစ်တယ်
ဆိုတာကို
မမေ့လိုက်ဖို့လိုပါတယ်။
ကိုယ့်မျက်နှာက
အညစ်အကြေးတွေကို
အစဉ်တစိုက်
ဂရုစိုက်ကြသလို
ကိုယ့်ရဲ့ စိတ်ဓါတ်လေးကိုလည်း
ရှင်သန်ကြီးထွားအောင်
ပျိုးထောင်ပြုစုပေးသင့်ပါတယ်။
*ခိုင်(ငြိမ်းလဲ့)
ငြိမ်းလဲ့ Page မှ ကူးယူပါသည်။
ညှိုးငယ်နေရတယ်ဆိုတာ
အတွေးအခေါ်အယူအဆတွေ
မကျယ်ပြန့်သေးလို့
ဖြစ်နေနိုင်ပါတယ်။
အမြဲတမ်းစိတ်ပူ
နေရတယ်ဆိုတာ
ကိုယ့်ကိုယ့်ကို
စိတ်အေးချမ်းအောင်
မနေတတ်သေးလို့
ဖြစ်နေနိုင်ပါတယ်။
အမြဲတမ်းစိတ်ဆင်းရဲ
နေရတယ်ဆိုတာ
ကိုယ့်ရဲ့စိတ်ဓာတ်
မခိုင်မာသေးလို့
ဖြစ်နေနိုင်ပါတယ်။
စိတ်တွေညှိုးမှိုင်း
နေရတယ်ဆိုတာ
ကိုယ်ကပွင့်ပွင့်လင်းလင်း
မရှိသေးလို့
ဖြစ်နေနိုင် ပါတယ်။
ကိုယ့်စိတ်ကို
ဂရုတစိုက်
ပြင်ဆင်ဖို့တတ်နိုင်တဲ့
ဆရာဝန်က
ကိုယ်တိုင်ပဲဖြစ်တယ်
ဆိုတာကို
မမေ့လိုက်ဖို့လိုပါတယ်။
ကိုယ့်မျက်နှာက
အညစ်အကြေးတွေကို
အစဉ်တစိုက်
ဂရုစိုက်ကြသလို
ကိုယ့်ရဲ့ စိတ်ဓါတ်လေးကိုလည်း
ရှင်သန်ကြီးထွားအောင်
ပျိုးထောင်ပြုစုပေးသင့်ပါတယ်။
*ခိုင်(ငြိမ်းလဲ့)
ငြိမ်းလဲ့ Page မှ ကူးယူပါသည်။
No comments:
Post a Comment