Pages
▼
အမုန်းနဲ့အစွန်းရောက်စိတ်တွေကိုဖျောက်မှ ငြိမ်းချမ်းမှုရောက်မယ်
အမုန်းနဲ့အစွန်းရောက်စိတ်တွေကိုဖျောက်မှ
***************************
ငြိမ်းချမ်းမှုရောက်မယ်
***************
ဘဝသံသရာဆိုတာ သိပ်ရှည်ခဲ့ပြီဆိုတာကိုသိ၊
ဘယ်လောက်များရှည်ခဲ့သလဲဆိုရင်
ပြောလို့မဆုံးနိုင်အောင်ရှည်ခဲ့ကြတယ်။
ဒါကြောင့် မြတ်စွာဘုရားက
ဘဝသံသရာကြီးထဲမှာ အမေမတော်ဖူးတဲ့သူ၊
အဖေမတော်ဖူးတဲ့သူ၊ ညီအကိုမောင်နှမ
မတော်စပ်ခဲ့ဖူးသူဆိုတာ မရှိဘူး။
`မေတ္တာသဟဂတေန စေတသာ
သဗ္ဗပါဏ ဘူတေသု´ --
သတ္တဝါတွေအပေါ်မှာ တန်းတူမေတ္တာထားရမယ်။
မုန်းစရာတွေ့ရင်တောင် အရင်ဘဝတုန်းက
သူဟာ ငါ့အမေ၊ ငါ့အဖေ၊
ငါ့ဆွေမျိုးတော်စပ်ခဲ့ဖူးတာပဲ။
ငါတို့ဟာ မေ့နေကြလို့သာပဲလို့ နှလုံးသွင်းလိုက်ရင်
လူအချင်းချင်းအမုန်းတရားတွေဟာ
ပျောက်ကွယ်သွားမှာပါ။
လောကမှာ အမုန်းတွေ၊ ပဋိပက္ခတွေ၊
စစ်ပွဲတွေကို အပြီးငြှိမ်းသတ်နိုင်တာဟာ
ကိုယ်စီလူသားစိတ်သန္တာန်မှာ
အမုန်းတရားတွေပျောက်နေဖို့ပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့သန္တာန်မှာ
အမုန်းတရားတွေပျောက်သွားပြီဆိုရင်
ပထမဆုံး ကိုယ့်နှလုံးသားအေးချမ်းမယ်။
သတ္တဝါတွေ အေးချမ်းမယ်။
တိုင်းနိုင်ငံတွေ အေးချမ်းမယ်။
ဒါပေမယ့် လူတွေက အကာဖြစ်တဲ့ရာထူး၊
စည်းစိမ်၊ ဂုဏ်သိမ်အာဏာကို တစ်ဘဝစာ
တန်းတန်းစွဲဖြစ်နေကြတော့
အကာချစ်သူတွေပီပီ
ပဋိပက္ခတွေ ဖြစ်ကုန်တော့တာပေါ့။
အစွန်းရောက်စိတ်ဓာတ်တွေကို လျှော့ပြီး
မေတ္တာတရားကိုလက်ကိုင်ပြု
အဆုံးတစ်နေ့မှာ မေတ္တာတရားကသာ
အောင်ပွဲခံပါလိမ့်မယ်။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(ပါမောက္ခချုပ်ဆရာတော်)
[First weekly ဂျာနယ်]
No comments:
Post a Comment