Pages

Wednesday, August 27, 2014

နေထွက်လာတာ ဝင်ဖို့ပါ အဲတာလူ့ဘဝ

 


နေထွက်လာတာ ဝင်ဖို့ပါ အဲတာလူ့ဘဝ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

နေထွက်လာတာ ဝင်ဖို့ပဲ မဟုတ်လား
မွေးဖွားလာတာ သေဆုံးဖို့ပဲ မဟုတ်လား

နေထွက်ခြင်းဟာ နေဝင်ခြင်းမှာ အဆုံးသတ်သလို
မွေးဖွားခြင်းဟာလည်း သေဆုံးခြင်းမှာပဲ
နိဂုံးချုပ်ရတာပဲ မဟုတ်လား

နေမင်းကြီးဟာ မကွယ်ခင်မှာ
ကိုယ်တိုင်လည်းတောက်ပ
လောကကိုလည်း အလှဆင်သလို

လူဟာလည်းမသေခင်မှာ
ကိုယ့်အကျိုးလည်းဆောင်ရွက်
သူတစ်ပါးအကျိုးကိုလည်း
သယ်ပိုးကြရပါမယ်

_/|\_ _/|\_ _/|\_ {{{ဆရာတော်အရှင်ဆန္ဒာဓိက}}}

No comments:

Post a Comment