Pages

Sunday, August 3, 2014

ပညာပါရမီ မရင့်သေးတို့၏ခံယူချက်နိယာမ

 

ပညာပါရမီ မရင့်သေးတို့၏ခံယူချက်နိယာမ

လူမှုရေးရာ အဖြာဖြာ၌

ပညာသည် ပဓာနမကျ၊

ခံစားမှုသည်သာ ပဓာနကျ၏။

လောကုတ္တရာရေးရာ အဖြာဖြာ၌ကား

ခံစားမှုသည် ပဓာနမကျ၊

ပညာသည်သာ ပဓာနကျ၏။



ဤသို့ အဆိုအမိန့်ရှိလေရာ
တစ်ခါတစ်ရံ ပုထုဇဉ်တို့သည်
တစ်ချို့သော ကိစ္စများ၌
မလုပ်သင့်မှန်းသိပါလျက်
မခံချင်သောစိတ်၊
ခံစားချက်ပြင်းထန်သောစိတ်ဖြင့်
ဇွတ်လုပ်တတ်ကြ၏။


ဖြစ်ချင်ရာဖြစ်ဟု
သဘောထားတတ်ကြ၏။


ဤသည်မှာ ပညာပါရမီ
မရင့်ကျက်သေးသူတို့၏
ခံယူချက်နိယာမတည်း။

ဆရာကြီး ဦးရွှေအောင်

No comments:

Post a Comment