Pages

Tuesday, August 5, 2014

ဗြဟ္မစိုရ် ဥပေက္ခာ




ဗြဟ္မစိုရ် ဥပေက္ခာ
***************

  မေတ္တာနဲ့ `ကူ´ နိုင်တဲ့
ကိစ္စ ကူပါ။

ကရုဏာနဲ့ `ထူ´ နိုင်တဲ့
ကိစ္စ ထူပါ။

မုဒိတာနဲ့ `လူ´ နိုင်တဲ့
ကိစ္စ လူပါ။

မကူနိုင်, မထူနိုင်, မလူနိုင်တဲ့
ကိစ္စမျိုးတွေ၊
ကူတိုင်းမဖြစ်, ထူတိုင်းမဖြစ်,
လူတိုင်းမဖြစ်တဲ့ ကိစ္စမျိုးတွေမှတော့
`ကူ´ မနေပါနဲ့၊ `ထူ´မနေပါနဲ့၊
`လူ´မနေပါနဲ့။

`ကူ´`ထူ´`လူ´နေရင်
`ပူ´ရုံ, `ငူ´ရုံ, `ဆူ´ရုံ,
`ညူ´ရုံပဲ ရှိပါလိမ့်မယ်။

သူ့ထိုက်နဲ့ သူ့ကံပဲလို့
ကံတရားဘက်ကိုပဲ
မျက်နှာ `မူ´နေလိုက်ပါတော့။

ကံနဲ့ သတ္တဝါ, သတ္တဝါနဲ့ ကံ
မကွဲမပြား တစ်သားတည်း  
  ဖြစ်နေတာကို အမြဲမပြတ်
သုံးသပ်ဆင်ခြင်နေတာဟာ
ြ ဗြဟ္မစိုရ် ဥပေက္ခာကို
ပွားများ နေတာပါပဲ။


ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)

No comments:

Post a Comment