Pages

Wednesday, August 27, 2014

ဘေးရန်ကင်းသောနေနည်း

Photo: ဘေးရန်ကင်းသောနေနည်း
---------------------------

    လူသားမှန်သမျှ ဘေးရန်င်းဝေးချင်သူများချည်း ဖြစ်ပါသည်။ ဘေးရန်အန္တရာယ်ဟူသည် ရေကြီးခြင်း မုန်တိုင်းထန်ခြင်း ငလျင်လှုပ်ခြင်း စသော သဘာဝဘေးအန္တရာယ်တို့ ရှိသကဲ့သို့ လူအချင်းချင်း အမုန်းတရား အာဃာတတရားများ အလျှံညီးညီးတောက်လောင်ရာမှ ပေါ်ပေါက်လာသော ဘေးရန်အန္တရာယ်တို့လည်း ရှိတတ်ပါသည်။ 
    သဘာဝဘေးအန္တရာယ်တို့မည်သည် ကြုံကြိုက်ခဲလှသော်လည်း လူအချင်းချင်း ရန်ငြိုးဖွဲ့ခြင်းမှ ထွက်ပေါ်လာသော ဘေးရန်အန္တရာယ်တို့ကား အနည်းနှင့်အများ တွေ့ကြုံရတတ်ပါသည်။ လူ့အဖွဲ့စည်းအတွင်း နေထိုင်သော လူသားများအဖို့ လူမှုဆက်ဆံရေး အဆင်မပြေ မချောမွေ့ရာမှ တစ်ဦးနှင့်တစ်ဦး ရန်ငြိုးအမုန်းပွား အမျက်ထားမှုများနှင့် မလွှဲမရှောင်သာ ကြုံတွေ့ရင်ဆိုင်ရလေ့ ရှိပါသည်။ ယင်းသို့ လူသားအချင်းချင်း မေတ္တာပျက်ရာမှ ပေါက်ဖွားလာသော ဘေးရန်အန္တရာယ်မှာ လွယ်လင့်တကူ ရှောင်သာသော ဘေးရန်အန္တရာယ်မျိုး ဖြစ်ပါသည်။

    လူ၌ ကာယကံမှု ဝစီကံမှု မနောကံမှု ဟူသော ကံသုံးပါးရှိရာ မနောကံစင်ကြယ်နေလျှင် ဝစီကံမှု ကာယကံမှုများလည်း စင်ကြယ်နေပေလိမ့်မည်။ ဣဿာ မစ္ဆရိယ ဒေါသ လောဘများဖြင့် စိတ်နှလုံး၌ လောင်ကျွမ်းနေလျှင် ကာယကံမှု ဝစီကံမှုများ ပူလောင်ဆူပွက်နေပေလိမ့်မည်။ ကာယကံမှု ဝစီကံမှုများ ပူလောင်ဆူပွက် ရိုင်းပျကြမ်းတမ်းခက်ထန်နေလျှင် ပတ်ဝန်းကျင်၏ အမုန်းအာဃာတများကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်ပါ၏။ စိတ်နှလုံး ရှင်းသန့်တည်ကြည် ငြိမ်သက်လျှင် ပြောမှု ပြုမှုဟူသမျှ ငြိမ်းအေးပြေစင်နေပေလိမ့်မည်။ ဝစီကံမှု ကာယကံမှုများ ပျော့ပျောင်းသိမ်မွေ့ခြင်းသည် ပတ်ဝန်းကျင်ရှိလူသားများထံမှ မေတ္တာ စေတနာ ကရုဏာများကိုသာ ဖိတ်ခေါ်ကြိုဆိုခြင်းပင် ဖြစ်ပါသည်။ 

    ထို့ကြောင့် ဝစီကံမှု ကာယကံမှုတို့ကို ဦးဆောင်သော မနောကံကို စင်ကြယ်မြင့်မြတ်စေရန် ငြိမ်းအေးပြေလွင်စေရန် အစဉ်ပျိုးထောင်သူအဖို့ ဘေးရန်အန္တရာယ်များ ကင်းဝေးမည်မှာ ယုံမှားစရာမရှိပါချေ။ 

   ကျေးဇူးရှင် တောင်တန်းသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ အဆုံးအမကို ဦးထိပ်ပန်ဆင်သင့်ပါသည်။

  & လောကမှာ လူအချင်းချင်း မုန်းစိတ်မထားရဘူး။

   မေတ္တာစိတ်ထားကြရတယ်။

   မေတ္တာစိတ် မွေးမြူနေကြ။

   မေတ္တာစိတ်ထားနေလျှင် ဘေးရန်ကင်းတယ်။

   မိမိဘက်မှာလည်း မာန်ကင်းတယ်။
 
  လူနဲ့လူချင်း သနားစိတ်ထားရမယ်။

   မနာလိုစိတ် ဝန်တိုစိတ် အကျင့်မပါစေရဘူး။

   သူတစ်ပါးက မိမိအပေါ် ဒေါသထားသော်လည်း မိမိက ထိုသူတို့အပေါ် မေတ္တာစိတ်သာထား၍ နေသွလျှင် မိမိက အပေါ်စီးအနိုင်ယူလိုက်တယ်လို့ မှတ်ပါ။ ခေတ္တစောင့်ကြည့်နေပါ။ လက်တွေ့သိရမယ်။
---------------------------------------------

တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ

မင်းနန် မော်ကျွန်း


ဘေးရန်ကင်းသောနေနည်း
---------------------------

လူသားမှန်သမျှ ဘေးရန်င်းဝေးချင်သူများချည်း ဖြစ်ပါသည်။
 ဘေးရန်အန္တရာယ်ဟူသည် ရေကြီးခြင်း မုန်တိုင်းထန်ခြင်း ငလျင်လှုပ်ခြင်း စသော သဘာဝဘေးအန္တရာယ်တို့ ရှိသကဲ့သို့ လူအချင်းချင်း အမုန်းတရား အာဃာတတရားများ အလျှံညီးညီးတောက်လောင်ရာမှ ပေါ်ပေါက်လာသော ဘေးရန်
အန္တရာယ်တို့လည်း ရှိတတ်ပါသည်။ 

သဘာဝဘေးအန္တရာယ်တို့မည်သည် ကြုံကြိုက်ခဲလှသော်လည်း လူအချင်းချင်း ရန်ငြိုးဖွဲ့ခြင်းမှ ထွက်ပေါ်လာသော ဘေးရန်အန္တရာယ်တို့ကား အနည်းနှင့်အများ တွေ့ကြုံရတတ်ပါသည်။ လူ့အဖွဲ့စည်းအတွင်း နေထိုင်သော လူသားများအဖို့ လူမှုဆက်ဆံရေး အဆင်မပြေ မချောမွေ့ရာမှ တစ်ဦးနှင့်တစ်ဦး ရန်ငြိုးအမုန်းပွား အမျက်ထားမှုများနှင့် မလွှဲမရှောင်သာ ကြုံတွေ့ရင်ဆိုင်ရလေ့ ရှိပါသည်။ ယင်းသို့ လူသားအချင်းချင်း မေတ္တာပျက်ရာမှ ပေါက်ဖွားလာသော
 ဘေးရန်အန္တရာယ်မှာ လွယ်လင့်တကူ ရှောင်သာသော ဘေးရန်အန္တရာယ်မျိုး ဖြစ်ပါသည်။

လူ၌ ကာယကံမှု ဝစီကံမှု မနောကံမှု ဟူသော ကံသုံးပါးရှိရာ မနောကံစင်ကြယ်နေလျှင် ဝစီကံမှု ကာယကံမှုများလည်း စင်ကြယ်နေပေလိမ့်မည်။ ဣဿာ မစ္ဆရိယ ဒေါသ လောဘများဖြင့် စိတ်နှလုံး၌ လောင်ကျွမ်းနေလျှင် ကာယကံမှု ဝစီကံမှုများ ပူလောင်ဆူပွက်နေပေလိမ့်မည်။ ကာယကံမှု ဝစီကံမှုများ ပူလောင်ဆူပွက် ရိုင်းပျကြမ်းတမ်းခက်ထန်နေလျှင် ပတ်ဝန်းကျင်၏ အမုန်းအာဃာတများကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်ပါ၏။ စိတ်နှလုံး ရှင်းသန့်တည်ကြည် ငြိမ်သက်လျှင် ပြောမှု ပြုမှုဟူသမျှ
 ငြိမ်းအေးပြေစင်နေပေလိမ့်မည်။ ဝစီကံမှု ကာယကံမှုများ ပျော့ပျောင်းသိမ်မွေ့ခြင်းသည် ပတ်ဝန်းကျင်ရှိလူသားများထံမှ မေတ္တာ စေတနာ ကရုဏာများကိုသာ ဖိတ်ခေါ်ကြိုဆိုခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် ဝစီကံမှု ကာယကံမှုတို့ကို ဦးဆောင်သော မနောကံကို စင်ကြယ်မြင့်မြတ်စေရန် ငြိမ်းအေးပြေလွင်စေရန် အစဉ်ပျိုးထောင်သူအဖို့ ဘေးရန်အန္တရာယ်များ ကင်းဝေးမည်မှာ ယုံမှားစရာမရှိပါချေ။

ကျေးဇူးရှင် တောင်တန်းသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ အဆုံးအမကို ဦးထိပ်ပန်ဆင်သင့်ပါသည်။

  လောကမှာ လူအချင်းချင်း မုန်းစိတ်မထားရဘူး။

မေတ္တာစိတ်ထားကြရတယ်။

မေတ္တာစိတ် မွေးမြူနေကြ။

မေတ္တာစိတ်ထားနေလျှင် ဘေးရန်ကင်းတယ်။

မိမိဘက်မှာလည်း မာန်ကင်းတယ်။

လူနဲ့လူချင်း သနားစိတ်ထားရမယ်။

မနာလိုစိတ် ဝန်တိုစိတ် အကျင့်မပါစေရဘူး။

သူတစ်ပါးက မိမိအပေါ် ဒေါသထားသော်လည်း မိမိက ထိုသူတို့အပေါ် မေတ္တာစိတ်သာထား၍ နေသွလျှင် မိမိက အပေါ်စီးအနိုင်ယူလိုက်တယ်လို့ မှတ်ပါ။ ခေတ္တစောင့်ကြည့်နေပါ။ လက်တွေ့သိရမယ်။
---------------------------------------------

တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ

မင်းနန် မော်ကျွန်း
 
 
Ko Latt

No comments:

Post a Comment