မေတ္တာသုတ်ပရိတ်တော်
==============
၄၅။ ယဿာနုဘာဝတော
ယက္ခာ ၊ နေ၀ ဒေဿန္တိ ဘီသနံ။
*(ယတ်သာနုဘာဝတော
ယက်ခါ ၊ နေ၀ ဒတ်သေန်တိ ဘီသနံ။)
ယဥှိ စေ၀ါနုယုဉ္ဇန္တော
၊ ရတ္တိန္ဒိဝ’မတန္ဒိတော။
*(ယဉ်ညှိ(ယံဟိ)
စေ၀ါနုယုန်(ယုဉ်)ဇန်တော၊ ရတ်တိံဒိဝ’ မတန်ဒိတော။)
၄၇။ သုခံ
သုပတိ သုတ္တော စ ၊ ပါပံ ကိဉ္စိ န ပဿတိ။
*(သုခံ သုပတိ
သုတ်တောစ ၊ ပါပံ ကိန်(ကိဉ်)စိ န ပတ်သတိ။)
ဧ၀မာဒိ ဂဏူပေတံ
၊ ပရိတ္တံ တံ ဘဏာမ ဟေ။
*(ဧ၀မာဒိ
ဂုဏူပေတံ ၊ ပရိတ်တံ တံ ဘဏာမ ဟေ။)
၄၈။ ကရဏီယ’မတ္ထကုသလေန
၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ ။
*(ကရဏီယ’
မတ်ထကုသလေန ၊ ယန်တ သန်တံ ပဒံ အဘိသမစ်(မေစ်)စ။)
သက္ကော ဥဇူ
စ သုဟုဇူ စ ၊ သူဝစော စဿ မုဒု အနတိမာနီ။
*(သက်ကော
ဥဇူ စ သုဟုဇူ စ ၊ သူဝစော စတ်သ မုဒု အနတိမာနီ။)
၄၉။ သန္တုဿကော
စ သုဘရော စ ၊
*(သန်တုတ်သကော
စ သုဘရော စ ၊ )
အပ္ပကိစ္စော
စ သလ္လဟုက၀ုတ္တိ။
*(အပ်ပကိတ်(ကိစ်)စော
စ သန်(သလ်)လဟုက၀ုတ်တိ။)
သန္တိန္ဒြိယော
စ နိပကော စ ၊ အပ္ပဂဗ္ဘော ကုလေသွ’နနုဂိဒ္ဓေါ။
*(သန်တိန်ဒရိယော
စ နိပကော စ ၊ အပ်’ပဂတ်(ဂဗ်)ဘော ကုလေသ၀’ နနုဂိတ်(ဂိဒ်)ဒေါ။)
၅၀။ န စ ခုဒ္ဒ’မာစရေ
ကိဉ္စိ ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
*(န စ ခုတ်(ခုဒ်)ဒ’
မာစရေ ကိန်(ကိဉ်)စိ ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။)
သုခိနော ဝ
ခေမိနော ဟောန္တု ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
*(သုခိနော
ဝ ခေမိနော ဟွန်(ဟောန်)တု ၊ သတ်(သဗ်)ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။)
၅၁။ ယေ ကေစိ
ပါဏဘူတ’တ္ထိ ၊ တဿာ ၀ါ ထာဝရာ ၀’န၀သေသာ။
*(ယေ ကေစိ
ပါဏဘူတတ်’ထိ ၊ တတ်သာ ၀ါ ထာဝရာ ၀’န၀သေသာ ။)
ဒီဃာ င၀ါ
ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
*(ဒီဃာ ၀ါ
ယေ၀ မဟန်တာ ၊ မစ်(မဇ်)ဇိ(ဈိ)မာ ရတ်သကာ အဏုကထူလာ။)
၅၂။ ဒိဋ္ဌာ
ဝါ ယေ ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
*(ဒိတ်ဌာ
ဝါ ယေ ၀ အဒိတ်ဌာ ၊ ယေ ၀ ဒူရေ ၀သန်တိ အ၀ိဒူရေ ။)
ဘူတာ ၀ သမ္ဘဝေသီ
ဝ ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
*(ဘူတာ ဝ
သမ်ဘဝေသီ ၀ ၊ သတ်(သဗ်)ဗသတ်တာ ဘ၀န်တု သုခိတတ်တာ ။)
၅၃။ န ပရေ
ပရံ နိကုဗ္ဗေထ ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
*(န ပရော
ပရံ နိကုတ်(ကုဗ်)ဗေထ ၊ နတိမင်(မဉ်)ညေထ ကတ်ထစိ န ကိန်(ကိဉ်)စိ။)
ဗျာရောသနာ
ပဋိဃသည ၊ နာညမညဿ ဒုက္ခ’မိစ္ဆေယျ။
*(ဗျာရောသနာ
ပဋိဃသင်(သဉ်)ည ၊ နာဉ်ညမဉ်ညတ်သ ဒုက်ခ’မိတ်(မိစ်)ဆေယျ။)
၅၄။ မာတာ
ယထာ နိယံပုတ္တ- မာယုသာ ဧကပုတ္တ’မနုရက္ခေ။
*(မာတာ ယထာ
နိယံပုတ်တ- မာယုသာ ဧကပုတ်တ’ မနုရက်ခေ။)
ဧ၀မ္ပိ သဗ္ဗဘူတေသု
၊ မာနသံ ဘာဝယေ အပရိမာဏံ။
*(ဧ၀မ်ပိ
သတ်(သဗ်)ဗဘူတေသု ၊ မာနသံ ဘာဝယေ အပရိမာဏံ။)
၅၅။ မေတ္တဉ္စ
သဗ္ဗလောကသ္မိံ ၊ မာနသံ ဘာဝယေ အပရိမာဏ ။
*(မေတ်တဉ်စ
သတ်(သဗ်)ဗလောကသမိံ ၊ မာနသံ ဘာဝယေ အပရိမာဏံ။)
ဥဒ္ဓံ အဓော
စ တိရိယဉ္စ ၊ အသမ္ဗာဓံ အဝေရ’မသပတ္တံ။
*(ဥဒ္ဓံ အေဓာ
စ တိရိယဥ္စ ၊ အသမ္ဗာဓံ အေ၀ရ’ မသပတ္တံ။)
၅၆။ တိ႒ံ
စရံ နိသိန္နော ၀ ၊ သယာနော ယာဝတာ’ဿ ၀ိတမိဒ္ဓေါ။
*(တိတ်ဌံ
စရံ နိသိန်နော ၀ ၊ သယာနော ယာဝတာတ်’သ ၀ိတမိဒ်ဓော။)
ဧတံ သတႎ အဓိေ႒ယ်
၊ ဗြဟ္မ’မေတံ ၀ိဟာရ’မိဓ’မာဟု။
*(ဧတံ သတိံ
အဓိတ်ဌေယျ ၊ ဗြဟ်မ’မေတံ ၀ိဟာရ’မိဓ’မာဟု။)
၅၇။ ဒိဋ္ဌိဉ္စ
အနုပဂ္ဂမ္မ ၊ သီလ၀ါ ဒဿနေန သမ္ပန္နော ။
*(ဒိတ်ဌိဉ်စ
အနုပက်(ပဂ်)ဂမ်မ ၊ သီလ၀ ဒတ်သနေန သမ်ပန်နော ။)
ကာမေသု ၀ိနယ
ဂေဓံ ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
*(ကာမေသု
ဝိနယ ဂေဓံ ၊ န ဟိ ဇာတုတ်(တုဂ်)ဂဗ္ဘေသယ် ပုန ရေတိ။)
မေတ္တသုတ္တံ
နိဋ္ဌိတံ။
*(မေတ်တသုတ်တံ
နိတ်ဌိတံ။)
****************************** *******************
မေတ္တာသုတ် ပူဇော်ရခြင်း အကျိုး
====================
ချမ်းချမ်းသာသာ အိပ်ရ နိုးရစေသည်။ အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်။
မျက်နှာ ကြည်လင်၍ လူချစ် လူခင် များလိမ့်မည်။
အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီး အိပ်လျှင်
ညအခါ ဘီလူးစီးခြင်း၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့်
အော်ခြင်း၊ အိပ်ရာနားရှိ တွေ့ကရာ ပစ္စည်းတို့ဖြင့် ယောင်ယမ်း၍ ပစ်ပေါက်ခြင်း စသည်တို့
ကင်းသည်။ ပယောဂ, အပလောက အခြောက်အလှန့် မခံရခြင်း၊ အနာရောဂါ ကင်းခြင်း၊ အဆိပ်
လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှ စ၍ (မေတ္တာဈာန် ရသည်ထိ
ပွားများနိုင်လျှင် သေသည်၏ အခြားမဲ့၌) ဗြဟ္မာဘုံ ရောက်သည်အထိ အကျိုးပေးနိုင်စွမ်း
ရှိလေသည်။
မနောကံဖြင့် မေတ္တာပွားများခြင်း
(မေတ္တာဘာဝနာအား ဝိပဿနာထိ ဆင်ခြင်ပွားများခြင်း)
======================
ဝစီကံ-မေတ္တာအဖြစ် မေတ္တသုတ်တော်ကြီးကို
ပါဠိ-မြန်မာ ပူဇော်ပြီးတိုင်း မနောကံ-မေတ္တာဖြင့် ဆက်လက် ပွားများသင့်ပါတယ်။
မိမိတို့ နေထိုင်ရာ (အိမ်,ကျောင်း,စေတီ) နေရာမှ ရပ်ကွက်, မြို့နယ်, မြို့/ရွာ,
ပြည်, ကမ္ဘာ, အနန္တ-စကြဝဠာအထိ အနုလုံအားဖြင့် လည်းကောင်း၊ အနန္တစကြဝဠာမှ မိမိတို့
နေထိုင်ရာ နေရာသို့ ပဋိလုံအားဖြင့် လည်းကောင်း၊ သတ္တဝါတို့ရဲ့ အကျိုးကို လိုလားသော
မေတ္တာစိတ် သက်သက်ဖြင့် သတိသမ္ပဇဉ်ဉာဏ် ယှဉ်ပြီး မေတ္တာဘာဝနာ ဆိုက်သည်အထိ
ဉာဏ်စိုက်ပြီး မနောကံ-မေတ္တာကို ပွားရပါတယ်။
မေတ္တာစိတ်ကို အနုလုံ-ပဋိလုံ
(ချဲ့ခြင်း-ချုံ့ခြင်း)တို့ဖြင့်  အကြိမ်ကြိမ် မနောသက်သက်ဖြင့် လေ့ကျင့်ကြည့်ပါ။
သမာဓိအား မလိုက်နိုင်လျှင်
(အားလုံးသော သတ္တဝါတွေ ကိုယ်,စိတ် နှစ်ဖြာ ကျန်းမာ-ချမ်းသာကြပါစေ) ဟူ၍သာ
စိတ်သက်သက်ဖြင့် လေ့ကျင့်ပါ။ ထို့နောက် တစ်ဆင့်တက်၍ အရပ်ဆယ်မျက်နှာ
ဖြန့်ပွားနည်းကို လေ့ကျင့်ပါ။
ထို့နောက် အနန္တစကြဝဠာ ဖြန့်ပွားနည်းကို လေ့ကျင့်ပါ။
“မာနသံ ဘာဝယေ အပရိမာဏံ” ဟူသော မေတ္တသုတ်တော် အတိုင်း မေတ္တာစိတ်ကို
ကျယ်ကျယ်ပြန့်ပြန့်ကြီး ဖြစ်အောင် ကြိုးစားပွားများ လေ့ကျင့်သင့်ပါတယ်။
(မေတ္တာဘာဝနာအား ဝိပဿနာထိ ဆင်ခြင်ပွားများခြင်း)
==============================
ကံသုံးပါးဖြင့် မေတ္တာပွားခြင်းဟာ ‘ပညတ် မြင်ရင် မေတ္တာဝင်’ ဆိုတဲ့အတိုင်း
မေတ္တာပွားခြင်း ဖြစ်ပါတယ်။ ပရမတ် မြင်အောင် ဝိပဿနာပွားမယ်ဆိုရင် သတ္တဝါတို့ရဲ့
ရုပ်, နာမ်သဘော၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတို့ကို နှလုံးသွင်း ဆင်ခြင်
ရှုမှတ်ပွားများရပါတယ်။
မေတ္တာ-ဘာဝနာ ပွားများခိုက် ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူတစ်ပါး-ယော က်ျား-မိန်းမ စသော
အမြင်တို့သည် ပညတ်အမြင် တို့သာ ဖြစ်ကြကုန်၏။ ပရမတ် အမြင်အားဖြင့်ကား
ပုဂ္ဂိုလ်-သတ္တဝါစသည် မရှိ၊ ရုပ်အစုအဝေး နာမ်အစုအဝေးမျှသာ ဖြစ်ကြကုန်၏။
ထိုရုပ်,
နာမ်တရားတို့သည်လည် မမြဲသော အနိစ္စသဘော, ဆင်းရဲသော ဒုက္ခသဘော, အနှစ်သာရ မရှိသော
အနတ္တသဘောတို့သာတည်း။
ထို့ကြောင့် ရုပ်, နာမ်တရားတို့သည် အနိစ္စ-ဒုက္ခ-အနတ္တ။
ရုပ်, နာမ်တရားတို့သည် ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ အတ္တမဟုတ်။
{ရုပ်-ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။
ဖြစ်-ပျက် နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တစ်ရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊
နှစ်မပါဘူး။
ပညာစက္ခု၊ မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ-အနတ္တာ၊
မှန်လှစွာ၏။ ငါ-ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။
နာမ်-ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။
ဖြစ်-ပျက် နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တစ်ရံမစဲ၊ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမာ၊
နှစ်မပါဘူး။ ပညာစက္ခု၊ မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ-အနတ္တာ၊
မှန်လှစွာ၏။ ငါ-ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။}
(တိပိဋကဓရ မင်းကွန်းဆရာတော်
ဘုရားကြီး၏ လင်္ကာ)
(အလျဉ်းသင့်၍ လူတို့၌ မထားသင့်
မထားအပ်သော မြတ်ဗုဒ္ဓ၏ အဆိုအမိန့် တစ်ရပ်ကို ထပ်မံ တင်ပြလိုပါသည်။
‘ပဋိဃနိမိတ္တဉ္စ - မနှစ်သက်အပ်သော
အနိဋ္ဌာရုံသည်လည်းကောင်း။
အယောနိသော မနသိကာရော စ - မသင့်မတင့်
နှလုံးသွင်းခြင်းသည် လည်းကေင်း။
ဘိက္ခဝေ - ရဟန်းတို့။ ခေါ - စင်စစ်။ ဒေါသဿ - ဒေါသ၏။
ဥပ္ပါဒါယ - ဖြစ်ခြင်းငှာ။ ပစ္စယာ - အကြောင်းတို့ကား။ ဣမေ ဒွေ - ဤ
နှစ်ပါးတို့သာလျှင်တည်း။’ ဟု ဆိုပါသည်။ ဒေါသ၏ မူလ ရင်းမြစ်ကို ပယ်သတ်၍ မေတ္တာ
ပွားနိုင်ရန် လိုအပ်လှပါကြောင်း ထပ်ဆောင်း တင်ပြအပ်ပါသည်။)
****************************** ****************
မေတ္တာသုတ် ပရိတ်တော် ဖြစ်စဉ်
=====================
အခါတစ်ပါး ရှင်တော်မြတ်ဘုရားသည်
သာဝတ္ထိပြည်မှာ သီတင်းသုံးနေတော်မူသောအခါ ငါးရာသော ရဟန်းတော်တို့သည် ရှင်တော်
မြတ်ဘုရားထံမှ ကမ္မဋ္ဌာန်းတရားကို မှတ်သား နာယူပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်၌
ဝါကပ်တော်မူကြရန် လူသူမနီး တောကြီး ဟိမဝန္တာသို့ ရှေးရှုကြွသွားတော်မူကုန်၏။
ယူဇနာတစ်ရာမျှ ဝေးကွာသောအရပ်သို့ ရောက်ကြလျှင် ဟိမဝန္တာတောအစပ် တစ်ခုသော
တောင်ခြေအရပ်၌ ရပ်တန့် အပန်းဖြေရန် တစ်ညဥ့်မျှ သီတင်းသုံးတော်မူကြ၍ မိုးသောက်ချိန်
ကာလတွင် မနီးမဝေးသော ရွာတစ်ရွာသို့ ဆွမ်းခံကြွတော်မူကြရာ ရွာသူရွာသား
ဒကာဒကာမများလည်း ရတနာ သုံးပါး၌ အားထား ယုံကြည်သူများ ဖြစ်သဖြင့် “ဤအရပ်၌ ဝါတွင်း
သုံးလတို့ပတ်လုံး သီတင်းသုံး နေထိုင်တော်မူကြပါဘုရား”ဟု တောင်းပန်
လျှောက်ထားကြ၍
ငါးရာသော ကမ္မဋ္ဌာန်းကျောင်းတို့ကို ဆောက်လုပ် လှူဒါန်းကြပြီးလျှင် ညောင်စောင်း,
အင်းပျဉ်, ရေအိုးစင်, သောက်ရေ, သုံးရေ စသော အလုံးစုံသော အသုံးအဆောင် တို့ကို
စီရင်ကြကုန်၏၊
“တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့ထံ၌ သရဏဂုံနှင့်
ငါးပါးသီလတို့ကို စောင့်ထိန်းကြပါကုန်မည်” ဤသို့ စသည်ဖြင့် လျှောက်ထားကြကာ
ပစ္စည်းလေးပါး ဒကာအဖြစ် ခံယူကြကုန်၏။
နှစ်ရက်မြောက်သောနေ့၌ ငါးရာသော ရဟန်းတော်တို့သည် အခြားရွာတစ်ရွာသို့
ကြသွားကြကုန်၏၊ ထိုရွာသူရွာသားတို့သည်လည်း ရှေးရွာသူရွာသားများနည်းတူသာလျှ င်
ဝါကပ်ရန် တောင်းပန်ကြပြန်၏၊ ရဟန်းတော်တို့သည်လည်း အန္တရယ်ကင်းလျှင် သီတင်းသုံး
ဝါဆိုကြမည်ဟု ဝန်ခံ ကတိပြုကြသဖြင့် ရွာသူ ရွာသား ဒကာ ဒကာမများလည်း
အားရဝမ်းသာစွာဖြင့် ရွာနှင့် မလှမ်းမကမ်း တောင်ခြေ တောစခန်း၌
ကမ္မဋ္ဌာန်းကျောင်းတစ်ရာကို ကောင်းစွာ ဆောက်လုပ် လှူဒါန်းကြကုန်၏၊ ငါးရာသော
ရဟန်းတော်တို့သည် ထားရှိအပ်သော ကတိကဝတ်နှင့် အညီ ကျောက်စည်ကို တီးခတ်လျှင်
အသီးသီးသော အရပ်မှ သစ်ပင်ရင်းသို့ ချဉ်းကပ်တော်မူကြကာ ကမ္မဋ္ဌာန်း တရားအားထုတ်တော်မူကြကုန်၏။
ထိုတောစခန်းရှိ ရုက္ခစိုးနတ်တို့သည် ရဟန်းတော်ငါးရာ ကြွလာသောအခါ မှစ၍ ရဟန်းတို့၏
သီလတန်ခိုးကြောင့် သားငယ်တို့ကို ချီပိုး၍ ညှိးငယ်သော အသွင်ဖြင့် မိမိတို့၏
သစ်ပင်ဗိမာန်ထက်မှ ဆင်းသက်ကြပြီးလျှင် မြေပြင်ထက်၌ ထိုမှ ဤမှ ပြေးသွားလှည့်လည်ကြကာ
ငါးရာသော ရဟန်းတော်တို့၏ ပြန်ကြွမည့်ရက်ကို စောင့်မျှော်လျက်
နေကြရရှာကုန်၏။
ယင်းသို့ မရပ်မတည် လှည့်လည်ပြေးသွားကြရင်း စောင့်မျှော်ကာနေခဲ့ကြရာ လခွဲပင်
ကြာသော်လည်း ပြန်ကြွတော်မူကြမည့် အကြောင်းကို ကောင်းစွာ သိရှိကြပါသဖြင့် ညီညွတ်စွာ
တိုင်ပင်၍ ထိုရဟန်းတော်များ တရားအားထုတ်သော ညဥ့်အခါ၌
လွန်စွာကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် ဆူညံဟတ်ကြွေး၍ လည်းကောင်း၊
လွန်စွာကြောက်မက်ဖွယ်ကောင်းသော အပုပ်နံ့တို့ဖြင့်လည်းကောင်း၊ ချောက်လှန့်ကြကုန်၏။
ယင်းသို့သော အဆင်း အသံ အနံ့တို့ကြောင့် ရဟန်းတော် အရှင်မြတ်တို့သည်
စိတ်တွေပျံ့လွင့်၍ ကမ္မဋ္ဌာန်း အလုပ်ကို ယုတ်လျော့စေသည့်အပြင် လန့်ဖျပ်မူးဝေ
သွေးလေချောက်ချား၍ အိပ်စားမရ အမျိုးမျိုးသော ရောဂါဘယတွေ ခံစားနေကြရကုန်၏၊ ထိုသို့
ခံစားရသော်လည်း အချင်းချင်းမှာမူကား ထိုအကြောင်းအရာတွေကို တစ်ခါတစ်လေမျှ
မပြောရှာကြချေ။
ထို့နောက် တစ်နေ့သ၌ စည်းဝေးချိန်ကာလတွင် သံဃာ့ထေရ်က “ငါ့ရှင်တို့ - ဤတောအုပ်သို့
ငါတို့လာစ သုံးလေးရက် ရသည်တိုင်အောင် အားလုံးသော ငါ့ရှင်တို့သည်
ကြည်လင်ရွှင်လန်းစွာဖြင့် ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ကြ၍ သပ္ပါယမျှတပုံ ရကြ၏။
ယခုအခါသော် အဘယ်ကြောင့် ညှိုးလျော်ပိန်ချုံး တစ်ကိုယ်လုံး အဆင်းမလှ ဖြစ်နေကြပါသနည်း။
ဤတောအုပ်၌ သပ္ပာယ မမျှတကြသလော” ဤသို့ စောကြောမေးသောအခါ ရဟန်းတော် တစ်ပါးသည် “
အရှင်ဘုရား တပည့်တော်သည် ညဥ့်အခါ၌ ဤသို့ ဤသို့ သဘောရှိသော ကြောက်မက်ဖွယ်ကောင်းသော
အဆင်းကိုလည်း မြင်ရပါ၏၊
အသံကိုလည်း ကြားရပါ၏၊ အနံ့ကိုလည်း နံ့ပါ၏၊ ထို့ကြောင့်
တပည့်တော်၏ စိတ်တွေ ပျံ့လွင့်နေပါ၏” ဤသို့သော နည်းဖြင့် အလုံးစုံသော ရဟန်းတို့သည်
အသီးသီး မိမိတို့ စွဲကပ်လာသော ရောဂါဝေဒနာများကို ပြောကြားကြကုန်၏။
ထိုအခါ သံဃာ့ထေရ်ကြီးက “ ငါ့ရှင်တို့ ဤသို့ဆိုလျှင် ဝါတွင်းပင် ဖြစ်သော်လည်း
ရှင်တော်မြတ်ဘုရားသည် ဒုတိယ ဝါကပ်မှုကို ခွင့်ပြုတော်မူခဲ့၏၊
ငါတို့သည်
ဤနေရာမှတစ်ပါး အခြားသပ္ပါယ မျှတသော နေရာသို့ ရွှေ့ပြောင်းရန် ရှင်တော်ဘုရား၏
အထံတော်ပါး၌ သွား၍ လျှောက်ထားကြကုန်အံ့” ဟု ဆိုပြီးလျှင် ကျောင်းအိပ်ရာ
နေရာများကို ကောင်းစွာသိုမှီး သိမ်းဆည်းစေပြီးနောက် ပစ္စည်းလေးပါးတို့၌
ရောင့်ရဲလွယ်သော “အန္တုဿကဂုဏ်”၊
ဒါယကာတို့ မွေးမြူပြုစုလွယ်သော “သုဘရဂုဏ်”၊
နည်းပါးသော နဝကမ္မအမှု ဟူသော “အပ္ပကိစ္စဂုဏ်”၊ ဒကာ ဒကာမတို့၌ တဏှာ သံဃော မက်မော
တွယ်တာခြင်း မရှိသော “ကုလေသွ န နဂိဒ္ဓဂုဏ်” စသော ရဟန်းတို့၌ ရှိအပ်သော
ဂုဏ်တို့နှင့် ပြည့်စုံကြသော ပုဂ္ဂိုလ်များ ဖြစ်၍ မည်သည့် ဒကာ ဒကာမများကိုမျှ
မပန်ကြားဘဲ သာဝတ္ထိပြည် ရှင်တော်ဘုရား ရှိရာသို့ တိစီဝရိတ် ကိုယ်စီဖြင့်
ပြန်လည်ကြွလာတော်မူကြ၏။
ဘဂဝါဘုန်းလှိုင် နှုန်းပြိုင်ဘက်ကင်း တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရားသည်
ထိုပြန်လည်ကြွလာသော ရဟန်းတို့ကို မြင်တော်မူ၍ “အိုချစ်သား ရဟန်းတို့ ငါဘုရားသည်
ဝါတွင်း သုံးလမှာ ခရီးဒေသစာရီ မလှည့်လည်အပ်ဟု ပညတ်တော်မူခဲ့သည် မဟုတ်လော၊
အဘယ်ကြောင့် သင်တို့သည် လှည့်လည်သွားလာကြဘိသနည်း” ဟု မိန့်တော်မူလျှင်
ထိုရဟန်းတို့သည် မြတ်စွာဘုရားအား အကြောင်းအရာ အစုံအလင်ကို ကုန်စင်အောင်
လျှောက်တင်ကြကုန်၏၊
ထိုအခါ ရှင်တော်မြတ်ဘုရားသည် “ချစ်သား ရဟန်းတို့ အလုံးစုံသော
ဇမ္ဗူဒိပ် မြေအပြင်ကို ငါဘုရား ဆင်ခြင်တော်မူသော်လည်း သင်တို့၏ နေရာဟောင်းထက်
ကောင်းမွန်လျောက်ပတ် သင့်မြတ်သော နေရာကို အယုတ်ဆုံး ခြေလေးချောင်း ချလောက်သော
တစ်ခုသော အင်းပျဉ်နေရာမျှလည်း ငါဘုရားမြင်တော်မမူချေ၊ ထိုနေရာသို့သာ ပြန်ကြကုန်လော့၊
သင်တို့အတွက် အာသဝေါကုန်ခန်း၍ ရဟန္တာ ဖြစ်ကြမည့် နေရာသည် ထိုနေရာဟောင်းပင်
ဖြစ်ပေ၏”ဟု
မိန့်တော်မူသော်လည်း ပြန်ပြီး မကြွဝံ့ကြသဖြင့် “ရဟန်းတို့ သင်တို့သည်
ယခင်ကမူ လက်နက်ကို မယူဘဲ သွားကြရကုန်၏၊ ယခုအခါ လက်နက်ကို ယူဆောင်၍
သွားကြကုန်လော့”ဟု အမိန့်တော် ရှိတော်မူရာ ရဟန်းတို့သည် အဘယ်လက်နက် ဖြစ်ပါသနည်း။
ဘုရားဟု ပြန်၍ လျှောက်ထားကြသောအခါ “ကရဏီယမတ္ထ ကုသလေန” စသော ဤမေတ္တသုတ် ဒေသနာတရားကို
ဟောကြားတော်မူ၍ “ချစ်သား ရဟန်းတို့ ဤမေတ္တာလက်နက် ပရိတ်စက်ကို တောနက်သို့ ဝင်လျှင်
ဆင်ခြင်ရွတ်ပွား သရဇ္ဈယ်၍ သွားကြကုန်လော့” ဟု မှာကြားတော်မူလိုက်၏။
ငါးရာသော ရဟန်းတို့သည် ရှင်တော်ဘုရား မှာကြားတော်မူသည့်အတိုင်း
ပြန်လည်ကြွသွားရာတွင်
မေတ္တသုတ်ဒေသနာဖြင့် တစ်စုံတစ်ရာ အနှောင့်အယှက်
မရှိကြသည့်အပြင် အလျင်က မနှစ်မျို့သော နတ်တို့သည်
မေတ္တာစိတ် ယိုဖိတ်ကြကုန်လျက်
ရဟန်းတော်တို့၏ သပိတ်သင်္ကန်းကို လှမ်းယူကြပြီးလျှင် ခရီးဦးကြိုဆိုကြကုန်၏၊
ကျောင်းအာရာမ်တွင်း၌လည်း ရှင်းလင်း သုတ်သင်ကြကုန်၏၊ ခြေလက်ဆုပ်နယ် သောက်ရေ
သုံးဆောင်ရေ တည်ခြင်းစသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ် တို့ကိုလည်း ပြုလုပ်ကြကုန်၏၊
ဤသို့လျှင် ရဟန်းတော် ငါးရာတို့သည် လျောက်ပတ်သာယာ အေးချမ်းစွာဖြင့် မေတ္တာကို
အခြေခံပြီး ဝိပဿနာဉာဏ်ကို တစ်ဆင့်တက်ကာ ရင့်ကျက်သော အသိဉာဏ်ကြောင့် ဝါတွင်းသုံးလ
အတွင်း၌ပင် ပဋိသမ္ဓဒါပတ္ထ ရဟန္တာချည်း ဖြစ်တော်မူကြ၏။
ထို့ကြောင့် မေတ္တာသုတ် ဒေသနာတော်သည် မေတ္တာဘာဝနာ၏ အကျိုး ၁၁-မျိုးကိစ္စ၊ ဘေးရန်
အန္တရယ် ကာကွယ်တားဆီးခြင်း ကိစ္စများကို ပြည့်စုံပြီးမြောက်ရုံမက မေတ္တာကို အခြေခံ၍
ဝိပဿနာဉာဏ်ကို တစ်ဆင့်တက်ကာ ရင့်ကျက်ပါလျှင် နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော
ဒေသနာတော်ကြီး
ဖြစ်ပါသတည်း။
မေတ္တသုတ်အဓိပ္ပါယ်...
==============
တစ္ဆေသူရဲ ဘီလူးများ ခြောက်လှန့်မှု
မပြုအောင် စွမ်းအားထက်လှသော မေတ္တသုတ် ပရိတ်တော်ကို နေ့ရောညဥ့်ပါ ရွတ်ဆိုခြင်းဖြင့်
-
၁-ချမ်းသာစွာ အိပ်ရခြင်း၊
၂-အိပ်မက်ဆိုးများ မမြင်မက်ခြင်း စသော အကျိုးများ ရရှိနိုင်ပါသည်။ အို
သူတော်ကောင်း အပေါင်းတို့၊ အထက်ပါ ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော မေတ္တာသုတ်
ပရိတ်တော်ကို ရွတ်ဆိုကြပါကုန်စို့။
လောကီ, လောကုတ္တရာ
နှစ်ဖြာအကျိုးစီးပွား၌ တတ်သိလိမ္မာ ပညာရှိ သူတော်ကောင်းများသည် မေတ္တာမပွားမီ
အောက်ပါ သူတော်ကောင်း ကျင့်စဉ်များကို လိုက်နာ ကျင့်သုံးရပေမည်။
၁။ ကုသိုလ် ကောင်းမှု ပြုလုပ်ရန်
စွမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၂။ ကိုယ်, စိတ် နှစ်ပါး ရိုးသား
ဖြောင့်မှန်သူ ဖြစ်ရမည်။
၃။ စိတ်သဘောထား အထူး ဖြောင့်မှန်သူ
ဖြစ်ရမည်။
၎။ မှန်ကန်သော စကားရှိသူ ဖြစ်ရမည်။
၅။ စိတ် နှလုံး နူးညံ့ သိမ်မွေ့သူ
ဖြစ်ရမည်။
၆။ မာန်မာန ထောင်လွှားသူ မဖြစ်ရ။
၇။ ရသမျှနှင့်
ရောင့်ရဲတင်းတိမ်နိုင်သူ ဖြစ်ရမည်။
၈။ အစားအစာ ထွေရာ မများသူ ဖြစ်ရမည်။
၉။ အလုပ်ကိစ္စ နည်းသူ ဖြစ်ရမည်။
၁၀။ အသက်မွေး လွယ်ကူသူ ဖြစ်ရမည်။
၁၁။ ဣနြေ္ဒ သိက္ခာရှိသူ ဖြစ်ရမည်။
၁၂။ ရင့်ကျက်သော အသိပညာနှင့်
ပြည့်စုံသူ ဖြစ်ရမည်။
၁၃။ မကြမ်းတမ်း မခက်ထန်သူ ဖြစ်ရမည်။
၁၄။ ဆွေမျိုး (ဒကာ-ဒကာမ) များ၌
မတွယ်တာသူ ဖြစ်ရမည်။
၁၅။ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော
မကောင်းမှု တစ်စုံတစ်ခုကို အနည်းငယ်မျှပင် မပြုမကျင့်ရာ။ (အထက်ပါ ကျင့်ဝတ်
၁၅-ပါးနှင့် ပြည့်စုံပြီးနောက် မေတ္တာ ပွားရမည်။)
သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ၊
ဘေးမရှိကြပါစေနှင့်၊ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့်
ပြည့်စုံကြပါစေ။
၁။ အားလုံးသတ္တဝါ ဝေနေယျာ
ချမ်းသာကြပါစေ။
၂။ သက်ရှိသတ္တဝါ ဝေနေယျာ
ချမ်းသာကြပါစေ။
၃။ ကြောက်တတ်သတ္တဝါ ဝေနေယျာ
ချမ်းသာကြပါစေ။
၎။ တည်ငြိမ်သတ္တဝါ ဝေနေယျာ
ချမ်းသာကြပါစေ။
၅။ ကိုယ်ရှည်ခန္ဓာ သတ္တဝါ
ချမ်းသာကြပါစေ။
၆။ ကိုယ်တိုခန္ဓာ သတ္တဝါ
ချမ်းသာကြပါစေ။
၇။ မရှည်မတို ကိုယ်ရှိခန္ဓာ
သတ္တဝါ ချမ်းသာကြပါစေ။
၈။ ကိုယ်ကြီးခန္ဓာ သတ္တဝါ
ချမ်းသာကြပါစေ။
၉။ ကိုယ်သေးခန္ဓာ သတ္တဝါ
ချမ်းသာကြပါစေ။
၁၀။ မကြီးမသေး အလယ်ခန္ဓာ သတ္တဝါ
ချမ်းသာကြပါစေ။
၁၁။ ဝသောခန္ဓာ သတ္တဝါ ချမ်းသာကြပါစေ။
၁၂။ ပိန်ကြုံခန္ဓာ သတ္တဝါ
ချမ်းသာကြပါစေ။
၁၃။ မပိန်မဝ ရကြခန္ဓာ သတ္တဝါ
ချမ်းသာကြပါစေ။
၁၄။ မြင်ရသတ္တဝါ ဝေနေယျ
ချမ်းသာကြပါစေ။
၁၅။ မမြင်ရပါ သတ္တဝါ
ချမ်းသာကြပါစေ။
၁၆။ ရပ်ဝေးနေရှာ သတ္တဝါ
ချမ်းသာကြပါစေ။
၁၇။ ရပ်နီးနေရှာ သတ္တဝါ
ချမ်းသာကြပါစေ။
၁၈။ ဖြစ်ပြီးသတ္တဝါ ဝေနေယျာ
ချမ်းသာကြပါစေ။
၁၉။ ဖြစ်ဆဲသတ္တဝါ ဝေနေယျာ
ချမ်းသာကြပါစေ။
၂၀။ သတ္တဝါချင်းချင်း
မေတ္တာနှင်း၍ စိတ်ရင်းမလှန် မျက်မပြန် သည်းခံနိုင်ပါစေ။
၂၁။ သတ္တဝါချင်းချင်း မညှဉ်းဆဲဘဲ
အမြဲဂရု အလေးပြု ကျိုးစုဆောင်ပါစေ။
၂၂။ သတ္တဝါချင်းချင်း ရန်ငြိုးကင်း
ချစ်ခြင်း မေတ္တာရှိပါစေ။
၂၃။ သတ္တဝါချင်းချင်း လေးစားရင်း
မြဲတင်းရှိပါစေ။
၂၄။ သတ္တဝါချင်းချင်း မေတ္တာနှင်း၍
ဆင်းရဲဒုက္ခ မပေးကြ သုခဆောင်ပါစေ။
၂၅။ အများသတ္တဝါ ချင်းချင်းသာ
မေတ္တာပွားနိုင်ကြပါစေ။
အမိသည် မိမိဝမ်း၌ လွယ်၍ မွေးထားရသော
တစ်ဦးတည်းသော သားကို အသက်လောက် ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့်ရှောက်သည့် နည်းတူ
သတ္တဝါအားလုံးတို့ အပေါ်၌ အတိုင်းမသိ ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။
တစ်လောကလုံး မေတ္တာဖုံးအောင်
ကျယ်ကျယ်ပြန့်ပြန့် မေတ္တာပို့ပါ၊ အထက်, အောက်, ဘေးဘီ အရပ်မျက်နှာ အားလုံး
အကျဉ်းအမြောင်း မရှိ၊ ရန်သူ မိတ်ဆွေ နှစ်ထွေ ခွဲခြား မထားဘဲ မေတ္တာ ပွားများစေရာ၏။
မေတ္တာပို့ရန် အချိန်အခါမှာ
အထူးကန့်သတ်ချက် မရှိပါ၊ အိပ်ပျော်ချိန်မှ တစ်ပါး ကျန်သော အချိန်များသည်
မေတ္တာပို့ချိန် ဖြစ်ပါသည်။ ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊
ထိုင်ခြင်းရှိသော သူတော်ကောင်းကို ‘ဗြဟ္မ ဝိဟာရ - မြင့်မြတ်စွာ နေထိုင်သူ’ဟု
ဘုရားမြတ်စွာ ချီးကျူးတော်မူပါသည်။
မှားသော အယူဝါဒကို လက်မခံဘဲ
ကိုယ်ကျင့်သီလ ရှိစေရာ၏။ မဂ်ဉာဏ် အမြင်နှင့် ပြည့်စုံစေရာ၏။ ကိလေသာအာရုံ
ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌
တစ်ဖန် ပဋိသန္ဓေ မနေရတော့ပေ။ (ဝဋ်ဘဝ ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ။)
အားလုံး ကျန်းမာ,ထီပေါက် နိဗ္ဗာန်ရောက်စေ-
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
No comments:
Post a Comment