မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Saturday, January 4, 2014
**** သက်မဲ့တွေကိုလည်း လွတ်လပ်ခွင့်ပေးပါ ****
"လူ့လောကကြီး ငြိမ်းချမ်းသာယာစေချင်လျှင်
သက်မဲ့တွေကို လွတ်လပ်ခွင့်ပေးပါ"လို့
ဆရာတော်ကြီးတစ်ပါးက မိန့်တော်မူဖူးပါတယ်။
သက်ရှိတွေက သက်မဲ့တွေ လွပ်လပ်မှုအပေါ်မူတည်ပြီး
ကျေနပ်မှုတွေ ရှာဖွေ ဖန်တီးကြ၊
ငြိမ်းချမ်းသာယာမှုတွေ တည်ဆောက်နေကြတာပါ။
သက်မဲ့တွေကို မတရားသိမ်းပိုက်ပြီး လွတ်လပ်ခွင့် မပေးရင်
သက်ရှိတွေကို မွန်းကြပ်စေတယ်၊
သက်ရှိလူသားတွေရဲ့ သာယာမှု ချမ်းသာမှုတွေကို
ထိခိုက်လာတယ်။
ပြဿနာက သက်ရှိတွေဆီကို ကူးစက်လာပြီး
သက်ရှိတွေကို ရိုင်းစိုင်းမှု ရက်စက်မှုတွေကို
ပုံဖော်စေနိုင်တဲ့အထိ သက်မဲ့တွေက တန်ခိုးကြီးတယ်။
ဒါကြောင့် သက်ရှိလွတ်လပ်ရေးဆင်နွှဲကြသလို
သက်မဲ့လွတ်လပ်ရေး အတွက်လဲ ဆင်နွှဲနေကြတာပေါ့။
သက်ရှိသက်မဲ့အချင်းချင်း
အပြန်အလှန် ကျေးဇူးတရားတွေရှိနေလေတော့
သက်မဲ့လွတ်လပ်ရေး ဆင်နွှဲပြီး သက်မဲ့တွေကို
ကာကွယ်ဖို့ သက်ရှိတွေမှာ တာဝန်ရှိတယ်။
ကျေးဇူးတရား မရှိရင် ကာကွယ်စောင့်ရှောက်မှု
ပြုလုပ်ကြမှာ မဟုတ်ပါဘူး။
သက်မဲ့တွေ လွတ်လပ်ခွင့် မရသေးသမျှလည်း
ငြိမ်းချမ်းမှု သာယာမှုတွေနဲ့ ဝေးနေဦးမှာပါပဲလေ။
ဒါကြောင့် ဆရာတော်ကြီးရဲ့ သြဝါဒနဲ့
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။
"လူ့လောကကြီး ငြိမ်းချမ်းသာယာစေချင်လျှင်
သက်မဲ့တွေကို လွတ်လပ်ခွင့်ပေးပါ"လို့.......
(အံ-၃, ၂၁၀၊ တဏှာမူလကသုတ်နှင့် ဆရာတော်ကြီးတစ်ပါးသြဝါဒကို အခြေခံပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment