/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, January 5, 2014

ပါဠိ ပိဋကတ်စစ်တမ်း

ပါဠိ ပိဋကတ်စစ်တမ်း
***************
မြန်မာနိုင်ငံရှိ ပါဠိပိဋကတ်သည် သီဟိုဠ်ကျွန်းမှ ရရှိခဲ့သော ပိဋကတ်ဖြစ်၏။ သီဟိုဠ်သားတို့၏ မဟာဝင်ကျမ်းအလိုအားဖြင့် ဗုဒ္ဓသာသနာသည် ဘီစီ ၃ ရာစု (ဝါ) ခရစ်တော်မပေါ်မီ တတိယရာစုလောက်က အိန္ဒိယပြည် မြောက်ပိုင်းမှ သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာ၏။ သီဟိုဠ်ရဟန်းတို့သည် လက်ဦးပထမ၌ ပိဋကတ်ကို နှုတ်ဖြင့်ဆောင်ကြ၍ ဘီစီပထမရာစု ကုန်ခါနီးလောက်၌ ပေထက်အက္ခရာတင်ကြ၏။ သို့ဖြင့် သီဟိုဠ်ကျွန်းသည် အိန္ဒိယပြည်မှအပ ပထမဦးစွာ ဗုဒ္ဓဝါဒ အခြေစိုက်မိသော နိုင်ငံဖြစ်၍ ပိဋကတ်စာပေသည် သီဟိုဠ်ကျွမ်းမှ အခြားအာရှတောင်ပိုင်း နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ဟန် ရှိ၏။ သီဟိုဠ်သားတို့သည် ပိဋကတ်၃ပုံ၏ အဖွင့်ဖြစ်သော အဋ္ဌကထာကျမ်းများကို ရေးသားခဲ့ကြ၏။ အချို့သော ပိဋကတ်ကျမ်းများသည်လည်း သီဟိုဠ်ကျွန်း၌ စတင်ပေါ်ပေါက်သော ကျမ်းများဖြစ်ကောင်း ဖြစ်ပေမည်။ သို့ရာတွင် ထိုကျမ်းများမှာ အနည်းငယ်သာဖြစ်၍ ဗုဒ္ဓဝါဒအတွက် အရေးကြီးသော ကျမ်းများလည်း မဟုတ်ချေ။ ထိုကျမ်းများမှအပ အခြားပိဋကတ်ကျမ်း အားလုံးသည် အိန္ဒိယပြည်မှ ရောက်လာခဲ့ကြမည် အမှန်ဖြစ်၏။ ထိုသို့ယူဆရန် အထောက်အထားများကို ပိဋကတ်စာပေ၌ လည်းကောင်း အိန္ဒိယပြည် မြောက်ပိုင်း၌ လည်းကောင်း အထင်အရှား တွေ့ရပေသည်။ ပိဋကတ်စာပေ၌ ဟိမဝန္တာ ဂင်္ဂါ ယမုနာစသော အိန္ဒိယတောင်များ မြစ်များကို ဖော်ပြထား၏။ သီဟိုဠ်ကျွန်း၏ ပထဝီအမည်များကို လုံးဝမတွေ့ရချေ။ ပိဋကတ်စာပေသည် ဘီစီ ၆ရာစုခေတ် အိန္ဒိယပြည် မြောက်ပိုင်း၏ အခြေအနေကို ဖော်ပြ၍ ရှေးသီဟိုဠ်သားတို့ အကြောင်းကို အလျှင်းမဖော်ပြချေ။ ဘီစီ ၃ရာစုအတွင်းက အိန္ဒိယပြည် မြောက်ပိုင်း၌ အသောက၏ သာဗရကျောက်စာတွင် ရဟန်းတို့အား အချို့သော ပိဋကတ်သုတ္တန်များကို ကျက်မှတ်ရန် နှိုးဆော်ထား၏ အိန္ဒိယပြည် ဆန်ချီနှင့် ဘာရပ်ဒေသ၌ ထူပါရုံ စေတီတော်ကြီးများ၏ မုခ်ဦးနှင့်နံရံများတွင် ဓမ္မကထိက ပေဋကိန (ပိဋကတ် အာဂုံဆောင်သောသူ) သုတ္တန္တကိနီ (သုတ္တန်များကို အာဂုံဆောင်သော မိန်းမ) စသည်ဖြင့် ရဟန်းယောက်ျား မိန်းမများအား ပေးထားသော ဘွဲ့အမည်များကို ဖော်ပြထား၏။ ပိဋကတ်၌ပါရှိသော ဝတ္ထုများနှင့် ၅၅၀ ဇာတ်ဝတ္ထုများကိုလည်း စေတီနံရံများ၌ ရုပ်လုံးကလေးများဖြင့် ထုထွင်းခြယ်လှယ်ထား၏။ သို့ဖြစ်၍ ပိဋကတ်စာပေသည် အိန္ဒိယပြည်၌ စတင်ပေါက်ဖွားခဲ့ကြောင်း ထင်ရှား၏။ သီဟိုဠ်သားတို့သည် ထိုပိဋကတ်ကို ပြင်ဆင်ပြောင်းလဲခြင်း မပြုဘဲ နဂိုအိန္ဒိယမူအတိုင်း ထားရှိခဲ့သည်ဟု ယူဆရပေမည်။ ထိုပိဋကတ်သည် မူလက အသောကမင်း လက်ထက်၌ တတိယသင်္ဂါယနာတင်သော ဝိဘဇ္ဇဝါဒီရဟန်းတို့ နှုတ်ဖြင့်ဆောင်ခဲ့ကြသော ထေရဝါဒပိဋကတ်ဖြစ်၏။ ထေရဝါဒဂိုဏ်းသည် ဒုတိယသင်္ဂါယနာတင်ပြီးနောက် ပေါ်ပေါက်ခဲ့သော ရှေးဗုဒ္ဓဂိုဏ်းကြီး ၁၈ဂိုဏ်း၌ ပါဝင်သောဂိုဏ်းတစ်ခုဖြစ်၍ ထေရဝါဒပိဋကတ်သည် အခြားဂိုဏ်းများ၏ ပိဋကတ်များနှင့် မည်သို့ခြားနား ကွဲလွဲပါသနည်းဟု စူးစမ်းရန်လိုပေသည်။ ဤတွင် ထိုရှေးအခါက အထူးထင်ရှားသော သဗ္ဗတ္ထိဝါဒဂိုဏ်း၏ ပိဋကတ်ကို စဉ်းစားရာ၏။ သဗ္ဗတ္ထိဝါဒပိဋကတ်ကို သက္ကတဘာသာဖြင့် ရေးသားထား၍ အချို့သော ကျမ်းစာများကို အာရှတိုက်အလယ်ပိုင်း အရှေ့တာကစ္စတန်ပြည်နှင့် နီပေါပြည်၌ တွေ့ရှိခဲ့ကြ၏။ ထိုကျမ်းစာများသည် ဆိုင်ရာပါဠိ ပိဋကတ်ကျမ်းစာများနှငါ့ အတော်များများ တူညီ၏ ဥပမာ သက္ကတဝိနည်း ပိဋကတ်၌ ဖော်ပြထားသော ဝိနည်းသိက္ခာပုဒ်များသည် ပါဠိဝိနည်း ပိဋကတ်မှ သိက္ခာပုဒ်များနှင့် ဘာမျှမခြားနားချေ။ သိက္ခာပုဒ်များ ပညတ်ရခြင်း အကြောင်းရင်းကို ဖော်ပြရာ၌သာ ပိဋကတ်တစ်ခုနှင့်တစ်ခု ကွဲလွဲ၏။ အချို့သော သက္ကတပိဋကတ်ကျမ်းများကို တရုတ် တိဗက် ဂျပန်စသော ဘာသာများသို့ ပြန်ဆိုထား၏။ ထိုမြောက်အာရှတိုင်းသားတို့၏။ ဗုဒ္ဓဝါဒသည် မဟာယာနဝါဒဖြစ်၏။ မဟာယာနဝါဒီတို့သည် မူလဗုဒ္ဓဝါဒကို ချဲ့ထွင်စဉ်းစား ဥာဏ်ကစားလျက် ဝါဒသစ်များ ဖန်တီးခဲ့ကြစေကာမူ အိန္ဒိယပြည်မှ ရရှိသော မူလကျမ်းရင်းများကို ပြုပြင်ပြောင်းလဲခြင်း မပြုခဲ့ကြချေ။ တရုတ်ပိဋကတ်တွင် ပါဠိပိဋကတ်မှာကဲ့သို့ ဓမ္မပဒ ဥဒါန ထေရဂါထာ ဝိမာနဝတ္ထု စသောကျမ်းများ ပါဝင်၏။ သူတို့၏ မဟာဝတ္ထုကျမ်းသည် နိဒါနကထာနှင့် မဟာဝဂ်ပါဠိတော်ကဲ့သို့ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လာပုံကို အကျယ်ပြထား၏ သူတို့၏ ဒီဗျာဝဒါနကျမ်း၌ မဟာပရိနိဗ္ဗာန သုတ်ပါရှိ၍ ထိုသုတ်မှာ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်နှင့် ကွဲလွဲခြင်း မရှိချေ။ ထိုသုတ်၌ ဗုဒ္ဓဝါဒ၏ အခြေခံမူလဖြစ်သော ဗောဓိပက္ခိယ ၃၇ပါးကို ဖော်ပြထား၏။ ထိုတူညီသော တရားဒေသနာများကို ပိဋကတ်နှစ်ခုစီ၌ စီစဉ်ခွဲခြားထားပုံမှာလည်း တစ်ပုံစံတည်းဖြစ်၏။ သို့ဖြစ်၍ ထိုဒေသနာများသည် ဗုဒ္ဓသံဃာဂိုဏ်းမကွဲမီ ရှေးပဝေသဏီကတည်းက ရှိပြီးဖြစ်ရပေမည်။ မတူညီသော ဒေသနာများလည်း ရှိ၏။ များပြားလှသော တရားဒေသနာများကို နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားစီ နှုတ်ဖြင့်ဆောင်ခဲ့ရာမှ ဖြစ်ပေါ်လာသော ပိဋကတ်နှစ်ခုသည် အချို့နေရာများ၌ ကွဲလွဲကြမည်မှာ ဓမ္မတာဖြစ်၏။ ကွဲလွဲသော အချက်အားလုံး ဘုရားဟောစကား ဖြစ်သည်ဟူ၍ကား မဆိုနိုင်ချေ။ သို့ဖြစ်၍ ပိဋကတ်နှစ်ခုတွင် မည်သည့်ပိဋကတ်က ရှေးဦးစွာ ပေါ်ပေါက်လာ၍ မူလဗုဒ္ဓဝါဒနှင့် ပိုမိုနီးစပ်ပါသနည်းဟု စူးစမ်းရန် လိုအပ်၏။ ပိဋကတ်နှစ်ခုစလုံးကို လေ့လာဖူးသော ဥရောပပညာရှင်တို့၏ အဆိုအားဖြင့် ပိဋကတ်နှစ်ခုမှာ စီကုံးဖွဲ့နွဲ့မှု မတူကြချေ။ ပါဠိပိဋကတ်သည် အက္ခရာမတင်မီ နှစ်ပေါင်းအတော်ကြာက ပေါ်ပေါက်ခဲ့ပြီး ဖြစ်ဟန်ရှိ၏။ ပါဠိတော်များကို စာဖြင့်ရေးမှတ်သောအခါ စီကုံးဖွဲ့နွဲ့သော နည်းဟန်ကို မပြောင်းလဲဘဲ နှုတ်ငုံဆောင်ထားသည့်အတိုင်း ရေးမှတ်ခဲ့ကြသောကြောင့် အရေးအသားချောမွတ်ခြင်း မရှိချေ။ သက္ကတပိဋကတ်မှာမူ ပါဠိပိဋကတ်ထက် အရေးအသား ညက်ညောပြေပြစ်၏ စီကုံးဖွဲ့နွဲ့ရာတွင် အချို့နေရာများ၌ အတော် ရွှမ်းရွှမ်းဝေဝေဆာဆာ ရှိ၏။ သို့ဖြစ်၍ ထိုပိဋကတ်သည် အာရှတိုက် အလယ်ပိုင်း၌ စာရေးသားခြင်းအတတ် ပေါ်ပြီးမှ စာပေအဖြစ်သို့ ကူးပြောင်းလာဟန် ရှိ၏။ သမိုင်းသုတေသနပြုမှု မရှိသေးသောခေတ်က စာပေကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ ခေတ်နှင့် ကျမ်းပြုဆရာ၏ ခေတ်အချိန်ကာလ ကွာခြားလေ ဒဏ္ဍာရီပုံပြင်ဆန်ဆန် အကြောင်းအရာများကို ပိုမိုတွေ့ရလေ ဖြစ်၏။ မြန်မာနိုင်ငံတွင် ဘကြီးတော်လက်ထက်က ရေးသားထားသော မှန်နန်းရာဇဝင်ထဲမှ ပြူစောထီး ဒွတ္တဘောင်စသော ရှေးပုဂံခေတ် မတိုင်မီက မင်းများအကြောင်း ရေးသားချက်များ၌ အထက်ပါစကားထင်ရှား၏။ သက္ကတပိဋကတ်၌ ပါရှိသော ဗုဒ္ဓဝင်မှာ အံ့ဖွယ်သရဲများဖြင့် ဖောင်းပွ၍ ဗုဒ္ဓမှာ လူသားစင်စစ် မဟုတ်တော့ဘဲ ထာဝရဘုရား သို့မဟုတ် စကြာဝဠာ မဟာဗြဟ္မာကြီးလိုလို ဖြစ်နေသည်ကို တွေ့ရ၏။ ပါဠိပိဋကတ်၌မူ လူသားမျိုးနွယ် အတုမရှိ သူတော်သူမြတ် အဖြစ်သာ ဖော်ပြထား၏။ ထေရဝါဒီတို့၏ ဗုဒ္ဓအကြောင်း အံ့ဖွယ်သရဲများကို အများအားဖြင့် နောက်မှပေါ်ပေါက်သော အဋ္ဌကထာများ၌ တွေ့ရ၏။ ဗုဒ္ဓကိုယ်တိုင်က မိမိသည် တန်ခိုးပြာဋိဟာပြမှုကို စက်ဆုပ်ကြောင်း မိန့်ကြားခဲ့၏။ (ဤအကြောင်းကို ဗုဒ္ဓကိုးကွယ်မှု အခန်း၌ အကျယ်ပြဆိုအံ့) ဒေဝါတိဒေဝေါ (နတ်တကာတို့၏ နတ်မင်း) ဆိုသော ဗုဒ္ဓ၏ဘွဲ့ကို ဘီစီ ၉၀-၈၀ လောက်က ရေးသားသော မိလိန္ဒပဥှာကျမ်း၌ ပထမအကြိမ်တွေ့ရ၏။ ပါဠိပိဋကတ်၌ ထိုစကားကို မတွေ့ရချေ။ ထို့ကြောင့် အနောက်နိုင်ငံ ပညာရှင်တို့သည် ပါဠိပိဋကတ်မှာ ဗုဒ္ဓဝါဒသမိုင်း၌ ပထမဦးစွာ ပေါ်လာသော စာပေဖြစ်ကြောင်း တညီတညွတ် အသိအမှတ်ပြုကြ၏ ထေရဝါဒက မူလဗုဒ္ဓဝါဒနှင့် မဟာယာနထက် ပိုမိုနီးစပ်သည်ဟု ယုံကြည်၍ ပါဠိပိဋကတ်ကို ဦးစားပေး လေ့လာကြ၏။ ဗုဒ္ဓလက်ထက်က အိန္ဒိယပြည်၌ စာရေးခြင်းအတတ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပိဋကတ်အထောက်အထား ရှိ၏။ သို့ရာတွင် စာရေးရန် ပစ္စည်းကိရိယာ စုံစုံလင်လင် လုံလုံလောက်လောက် မရှိသေးသောကြောင့် ရှည်လျားသောစာများကို မရေးသားကြချေ။ ထို့အပြင် ထိုခေတ်က အိန္ဒိယသားတို့သည် ဘာသာရေးခေါင်းဆောင်ကြီးများ၏ နှုတ်စကားကို စာစကားထက် ပို၍သာလွန်မြတ်နိုး တန်ဖိုးထားကြ၏။ တရားဒေသနာများကို နှုတ်တက်ကျက်မှတ်ပြီးလျှင် သားစဉ်မြေးဆက် နှုတ်ဖြင့်သာ ဆောင်ကြ၏။ သို့ဖြင့် အချို့သော ဘာသာရေးဂိုဏ်းများ၏ ဟောပြောချက်များသည် ပါဠိပိဋကတ်ပေါ်ပေါက်ပြီးနောက် ကာလအတန်ကြာသည့် တိုင်အောင် စာပေအဖြစ်သို့ မရောက်ရှိသေးချေ။ ဂျိန်းဘာသာဝင်တို့၏ ပိဋကတ်သည် အေဒီ ၅ရာစု လောက်ကျမှ စာပေဖြစ်လာကြောင်း သိရ၏။ နှုတ်စကားက စာစကားထက် အချို့နေရာ၌ ပိုမိုထိရောက်ကြောင်း ယုံမှားဖွယ် မရှိချေ။ တရားဟောရာ၌ စာဖတ်၍ ပြောခြင်းထက် စာမဖတ်ဘဲပြောခြင်းက လူပရိတ်သတ်၏ စိတ်ကို ပိုမိုဆွဲဆောင်နိုင်ကြောင်း ထင်ရှား၏။ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦး၏ စကားများကို နဂိုမူမပျက်စေဘဲ သန့်ရှင်းစင်ကြယ်စွာ ကာလတာရှည် တည်မြဲစေလိုက စာဖြင့်မှတ်သားထားရန် လို၏။ ဆရာအစဉ်အဆက် နှုတ်ငုံဆောင်ထားရုံမျှဖြင့် စိတ်ချရမည်မဟုတ်ချေ။ ထို့ကြောင့် အစပထမက နှစ်ပေါင်းများစွာ နှုတ်ဖြင့်ဆောင်ခဲ့သော ပါဠိပိဋကတ်သည် မည်မျှသန့်ရှင်းစင်ကြယ်၍ မူလဗုဒ္ဓဓမ္မကို မည်မျှကိုယ်စားပြုပါသနည်းဟု စဉ်းစားရန်ရှိ၏။ မချို့သော ပါဠိတော်များသည် ဗုဒ္ဓကိုယ်တော်တိုင်ဟောသော ဒေသနာများမဟုတ်ကြောင်း ပိဋကတ်စာပေ၌ အထင်အရှား ပြဆိုထား၏။ အဘိဓမ္မာပိဋကတ်မှ ကထာဝတ္ထုသည် အရှင်မောဂ္ဂလိပုတ္တတိဿ၏ လက်ရာဖြစ်၏။ ဝိနည်းပိဋကတ်မှ ပရိဝါကျမ်းမှာ ဒီပမည်သော မထေရ်တစ်ပါး ရေးသားကြောင်း ကျမ်းနိဂုံး၌ ပြဆိုထား၏။ မဇ္ဈိမနိကာယ်နှင့် ဒီဃနိကာယ်မှ သုတ်ပေါင်း ၂၆ခုမှာ ရှင်သာရိပုတ္တရာ ရှင်အာနန္ဒာ ရှင်ကစ္စည်း စသော တပည့်သာဝကကြီးများ ဟောကြားသည့် သုတ်များဖြစ်၏။ အချို့သော ပါဠိတော်များမှာ သင်္ဂါယနာတင် ရဟန်းတော်များ ထည့်သွင်းထားသော စကားများဖြစ်သည်ဟု အဋ္ဌကထာဆရာများက ဆိုကြ၏။အချို့ထေရီ ဂါထာများသည် သင်္ဂါယနာတင်မထေရ်တို့၏ ဂါထာများဖြစ်ကြောင်း ပရမတ္ထဒီပနီ၌ အဋ္ဌကထာဆရာ ရှင်ဓမ္မပါလက ဖော်ပြထား၏။ သုတ္တနိပါတ် မဟာဝဂ် ပဓာနသုတ်၌လာသော နောက်ဆုံးဂါထာသည် အချို့ဆရာတို့ အဆိုအားဖြင့် သင်္ဂါယနာတင် ရဟန်းတို့၏ လက်ရာဖြစ်၏။ (ဆက်ရန်) {ဦးအေးမောင်}
 
ပါဠိ ပိဋကတ်စစ်တမ်း
***************
မြန်မာနိုင်ငံရှိ ပါဠိပိဋကတ်သည် သီဟိုဠ်ကျွန်းမှ ရရှိခဲ့သော ပိဋကတ်ဖြစ်၏။ 
 
 သီဟိုဠ်သားတို့၏ မဟာဝင်ကျမ်းအလိုအားဖြင့် ဗုဒ္ဓသာသနာသည် ဘီစီ ၃ ရာစု (ဝါ) ခရစ်တော်မပေါ်မီ တတိယရာစုလောက်က အိန္ဒိယပြည် မြောက်ပိုင်းမှ သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာ၏။ သီဟိုဠ်ရဟန်းတို့သည် လက်ဦးပထမ၌ ပိဋကတ်ကို နှုတ်ဖြင့်ဆောင်ကြ၍ ဘီစီပထမရာစု ကုန်ခါနီးလောက်၌ ပေထက်အက္ခရာတင်ကြ၏။ 
 
သို့ဖြင့် သီဟိုဠ်ကျွန်းသည် အိန္ဒိယပြည်မှအပ ပထမဦးစွာ ဗုဒ္ဓဝါဒ အခြေစိုက်မိသော နိုင်ငံဖြစ်၍ ပိဋကတ်စာပေသည် သီဟိုဠ်ကျွမ်းမှ အခြားအာရှတောင်ပိုင်း နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ဟန် ရှိ၏။ သီဟိုဠ်သားတို့သည် ပိဋကတ်၃ပုံ၏ အဖွင့်ဖြစ်သော အဋ္ဌကထာကျမ်းများကို ရေးသားခဲ့ကြ၏။ 
 
အချို့သော ပိဋကတ်ကျမ်းများသည်လည်း သီဟိုဠ်ကျွန်း၌ စတင်ပေါ်ပေါက်သော ကျမ်းများဖြစ်ကောင်း ဖြစ်ပေမည်။ သို့ရာတွင် ထိုကျမ်းများမှာ အနည်းငယ်သာဖြစ်၍ ဗုဒ္ဓဝါဒအတွက် အရေးကြီးသော ကျမ်းများလည်း မဟုတ်ချေ။ 
 
ထိုကျမ်းများမှအပ အခြားပိဋကတ်ကျမ်း အားလုံးသည် အိန္ဒိယပြည်မှ ရောက်လာခဲ့ကြမည် အမှန်ဖြစ်၏။ ထိုသို့ယူဆရန် အထောက်အထားများကို ပိဋကတ်စာပေ၌ လည်းကောင်း အိန္ဒိယပြည် မြောက်ပိုင်း၌ လည်းကောင်း အထင်အရှား တွေ့ရပေသည်။ 
 
 ပိဋကတ်စာပေ၌ ဟိမဝန္တာ ဂင်္ဂါ ယမုနာစသော အိန္ဒိယတောင်များ မြစ်များကို ဖော်ပြထား၏။ သီဟိုဠ်ကျွန်း၏ ပထဝီအမည်များကို လုံးဝမတွေ့ရချေ။ ပိဋကတ်စာပေသည် ဘီစီ ၆ရာစုခေတ် အိန္ဒိယပြည် မြောက်ပိုင်း၏ အခြေအနေကို ဖော်ပြ၍ ရှေးသီဟိုဠ်သားတို့ အကြောင်းကို အလျှင်းမဖော်ပြချေ။ 
 
ဘီစီ ၃ရာစုအတွင်းက အိန္ဒိယပြည် မြောက်ပိုင်း၌ အသောက၏ သာဗရကျောက်စာတွင် ရဟန်းတို့အား အချို့သော ပိဋကတ်သုတ္တန်များကို ကျက်မှတ်ရန် နှိုးဆော်ထား၏ အိန္ဒိယပြည် ဆန်ချီနှင့် ဘာရပ်ဒေသ၌ ထူပါရုံ စေတီတော်ကြီးများ၏ မုခ်ဦးနှင့်နံရံများတွင် ဓမ္မကထိက ပေဋကိန (ပိဋကတ် အာဂုံဆောင်သောသူ) သုတ္တန္တကိနီ (သုတ္တန်များကို အာဂုံဆောင်သော မိန်းမ) စသည်ဖြင့် ရဟန်းယောက်ျား မိန်းမများအား ပေးထားသော ဘွဲ့အမည်များကို ဖော်ပြထား၏။
 
 ပိဋကတ်၌ပါရှိသော ဝတ္ထုများနှင့် ၅၅၀ ဇာတ်ဝတ္ထုများကိုလည်း စေတီနံရံများ၌ ရုပ်လုံးကလေးများဖြင့် ထုထွင်းခြယ်လှယ်ထား၏။ သို့ဖြစ်၍ ပိဋကတ်စာပေသည် အိန္ဒိယပြည်၌ စတင်ပေါက်ဖွားခဲ့ကြောင်း ထင်ရှား၏။ 
 
သီဟိုဠ်သားတို့သည် ထိုပိဋကတ်ကို ပြင်ဆင်ပြောင်းလဲခြင်း မပြုဘဲ နဂိုအိန္ဒိယမူအတိုင်း ထားရှိခဲ့သည်ဟု ယူဆရပေမည်။ ထိုပိဋကတ်သည် မူလက အသောကမင်း လက်ထက်၌ တတိယသင်္ဂါယနာတင်သော ဝိဘဇ္ဇဝါဒီရဟန်းတို့ နှုတ်ဖြင့်ဆောင်ခဲ့ကြသော ထေရဝါဒပိဋကတ်ဖြစ်၏။
 
 ထေရဝါဒဂိုဏ်းသည် ဒုတိယသင်္ဂါယနာတင်ပြီးနောက် ပေါ်ပေါက်ခဲ့သော ရှေးဗုဒ္ဓဂိုဏ်းကြီး ၁၈ဂိုဏ်း၌ ပါဝင်သောဂိုဏ်းတစ်ခုဖြစ်၍ ထေရဝါဒပိဋကတ်သည် အခြားဂိုဏ်းများ၏ ပိဋကတ်များနှင့် မည်သို့ခြားနား ကွဲလွဲပါသနည်းဟု စူးစမ်းရန်လိုပေသည်။ ဤတွင် ထိုရှေးအခါက အထူးထင်ရှားသော သဗ္ဗတ္ထိဝါဒဂိုဏ်း၏ ပိဋကတ်ကို စဉ်းစားရာ၏။ 
 
 သဗ္ဗတ္ထိဝါဒပိဋကတ်ကို သက္ကတဘာသာဖြင့် ရေးသားထား၍ အချို့သော ကျမ်းစာများကို အာရှတိုက်အလယ်ပိုင်း အရှေ့တာကစ္စတန်ပြည်နှင့် နီပေါပြည်၌ တွေ့ရှိခဲ့ကြ၏။ ထိုကျမ်းစာများသည် ဆိုင်ရာပါဠိ ပိဋကတ်ကျမ်းစာများနှငါ့ အတော်များများ တူညီ၏ ဥပမာ သက္ကတဝိနည်း ပိဋကတ်၌ ဖော်ပြထားသော ဝိနည်းသိက္ခာပုဒ်များသည် ပါဠိဝိနည်း ပိဋကတ်မှ သိက္ခာပုဒ်များနှင့် ဘာမျှမခြားနားချေ။ 
 
သိက္ခာပုဒ်များ ပညတ်ရခြင်း အကြောင်းရင်းကို ဖော်ပြရာ၌သာ ပိဋကတ်တစ်ခုနှင့်တစ်ခု ကွဲလွဲ၏။ အချို့သော သက္ကတပိဋကတ်ကျမ်းများကို တရုတ် တိဗက် ဂျပန်စသော ဘာသာများသို့ ပြန်ဆိုထား၏။ ထိုမြောက်အာရှတိုင်းသားတို့၏။ 
 
ဗုဒ္ဓဝါဒသည် မဟာယာနဝါဒဖြစ်၏။ မဟာယာနဝါဒီတို့သည် မူလဗုဒ္ဓဝါဒကို ချဲ့ထွင်စဉ်းစား ဥာဏ်ကစားလျက် ဝါဒသစ်များ ဖန်တီးခဲ့ကြစေကာမူ အိန္ဒိယပြည်မှ ရရှိသော မူလကျမ်းရင်းများကို ပြုပြင်ပြောင်းလဲခြင်း မပြုခဲ့ကြချေ။ တရုတ်ပိဋကတ်တွင် ပါဠိပိဋကတ်မှာကဲ့သို့ ဓမ္မပဒ ဥဒါန ထေရဂါထာ ဝိမာနဝတ္ထု စသောကျမ်းများ ပါဝင်၏။ 
 
သူတို့၏ မဟာဝတ္ထုကျမ်းသည် နိဒါနကထာနှင့် မဟာဝဂ်ပါဠိတော်ကဲ့သို့ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လာပုံကို အကျယ်ပြထား၏ သူတို့၏ ဒီဗျာဝဒါနကျမ်း၌ မဟာပရိနိဗ္ဗာန သုတ်ပါရှိ၍ ထိုသုတ်မှာ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်နှင့် ကွဲလွဲခြင်း မရှိချေ။ ထိုသုတ်၌ ဗုဒ္ဓဝါဒ၏ အခြေခံမူလဖြစ်သော ဗောဓိပက္ခိယ ၃၇ပါးကို ဖော်ပြထား၏။ 
 
ထိုတူညီသော တရားဒေသနာများကို ပိဋကတ်နှစ်ခုစီ၌ စီစဉ်ခွဲခြားထားပုံမှာလည်း တစ်ပုံစံတည်းဖြစ်၏။ သို့ဖြစ်၍ ထိုဒေသနာများသည် ဗုဒ္ဓသံဃာဂိုဏ်းမကွဲမီ ရှေးပဝေသဏီကတည်းက ရှိပြီးဖြစ်ရပေမည်။ မတူညီသော ဒေသနာများလည်း ရှိ၏။
 
 များပြားလှသော တရားဒေသနာများကို နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားစီ နှုတ်ဖြင့်ဆောင်ခဲ့ရာမှ ဖြစ်ပေါ်လာသော ပိဋကတ်နှစ်ခုသည် အချို့နေရာများ၌ ကွဲလွဲကြမည်မှာ ဓမ္မတာဖြစ်၏။ ကွဲလွဲသော အချက်အားလုံး ဘုရားဟောစကား ဖြစ်သည်ဟူ၍ကား မဆိုနိုင်ချေ။
 
 သို့ဖြစ်၍ ပိဋကတ်နှစ်ခုတွင် မည်သည့်ပိဋကတ်က ရှေးဦးစွာ ပေါ်ပေါက်လာ၍ မူလဗုဒ္ဓဝါဒနှင့် ပိုမိုနီးစပ်ပါသနည်းဟု စူးစမ်းရန် လိုအပ်၏။ ပိဋကတ်နှစ်ခုစလုံးကို လေ့လာဖူးသော ဥရောပပညာရှင်တို့၏ အဆိုအားဖြင့် ပိဋကတ်နှစ်ခုမှာ စီကုံးဖွဲ့နွဲ့မှု မတူကြချေ။
 
 ပါဠိပိဋကတ်သည် အက္ခရာမတင်မီ နှစ်ပေါင်းအတော်ကြာက ပေါ်ပေါက်ခဲ့ပြီး ဖြစ်ဟန်ရှိ၏။ ပါဠိတော်များကို စာဖြင့်ရေးမှတ်သောအခါ စီကုံးဖွဲ့နွဲ့သော နည်းဟန်ကို မပြောင်းလဲဘဲ နှုတ်ငုံဆောင်ထားသည့်အတိုင်း
 ရေးမှတ်ခဲ့ကြသောကြောင့် အရေးအသားချောမွတ်ခြင်း မရှိချေ။ 
 
သက္ကတပိဋကတ်မှာမူ ပါဠိပိဋကတ်ထက် အရေးအသား ညက်ညောပြေပြစ်၏ စီကုံးဖွဲ့နွဲ့ရာတွင် အချို့နေရာများ၌ အတော် ရွှမ်းရွှမ်းဝေဝေဆာဆာ ရှိ၏။ သို့ဖြစ်၍ ထိုပိဋကတ်သည် အာရှတိုက် အလယ်ပိုင်း၌ စာရေးသားခြင်းအတတ် ပေါ်ပြီးမှ စာပေအဖြစ်သို့ ကူးပြောင်းလာဟန် ရှိ၏။ 
 
သမိုင်းသုတေသနပြုမှု မရှိသေးသောခေတ်က စာပေကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ ခေတ်နှင့် ကျမ်းပြုဆရာ၏ ခေတ်အချိန်ကာလ ကွာခြားလေ ဒဏ္ဍာရီပုံပြင်ဆန်ဆန် အကြောင်းအရာများကို ပိုမိုတွေ့ရလေ ဖြစ်၏။
 
 မြန်မာနိုင်ငံတွင် ဘကြီးတော်လက်ထက်က ရေးသားထားသော မှန်နန်းရာဇဝင်ထဲမှ ပြူစောထီး ဒွတ္တဘောင်စသော ရှေးပုဂံခေတ် မတိုင်မီက မင်းများအကြောင်း ရေးသားချက်များ၌ အထက်ပါစကားထင်ရှား၏။ 
 
သက္ကတပိဋကတ်၌ ပါရှိသော ဗုဒ္ဓဝင်မှာ အံ့ဖွယ်သရဲများဖြင့် ဖောင်းပွ၍ ဗုဒ္ဓမှာ လူသားစင်စစ် မဟုတ်တော့ဘဲ ထာဝရဘုရား သို့မဟုတ် စကြာဝဠာ မဟာဗြဟ္မာကြီးလိုလို ဖြစ်နေသည်ကို တွေ့ရ၏။ ပါဠိပိဋကတ်၌မူ လူသားမျိုးနွယ် အတုမရှိ သူတော်သူမြတ် အဖြစ်သာ ဖော်ပြထား၏။
 
 ထေရဝါဒီတို့၏ ဗုဒ္ဓအကြောင်း အံ့ဖွယ်သရဲများကို အများအားဖြင့် နောက်မှပေါ်ပေါက်သော အဋ္ဌကထာများ၌ တွေ့ရ၏။ ဗုဒ္ဓကိုယ်တိုင်က မိမိသည် တန်ခိုးပြာဋိဟာပြမှုကို စက်ဆုပ်ကြောင်း မိန့်ကြားခဲ့၏။ 
 
(ဤအကြောင်းကို ဗုဒ္ဓကိုးကွယ်မှု အခန်း၌ အကျယ်ပြဆိုအံ့) ဒေဝါတိဒေဝေါ (နတ်တကာတို့၏ နတ်မင်း) ဆိုသော ဗုဒ္ဓ၏ဘွဲ့ကို ဘီစီ ၉၀-၈၀ လောက်က ရေးသားသော မိလိန္ဒပဥှာကျမ်း၌ ပထမအကြိမ်တွေ့ရ၏။ ပါဠိပိဋကတ်၌ ထိုစကားကို မတွေ့ရချေ။ 
 
ထို့ကြောင့် အနောက်နိုင်ငံ ပညာရှင်တို့သည် ပါဠိပိဋကတ်မှာ ဗုဒ္ဓဝါဒသမိုင်း၌ ပထမဦးစွာ ပေါ်လာသော စာပေဖြစ်ကြောင်း တညီတညွတ် အသိအမှတ်ပြုကြ၏ ထေရဝါဒက မူလဗုဒ္ဓဝါဒနှင့် မဟာယာနထက် ပိုမိုနီးစပ်သည်ဟု ယုံကြည်၍ ပါဠိပိဋကတ်ကို ဦးစားပေး လေ့လာကြ၏။ ဗုဒ္ဓလက်ထက်က အိန္ဒိယပြည်၌ စာရေးခြင်းအတတ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပိဋကတ်အထောက်အထား ရှိ၏။ 
 
သို့ရာတွင် စာရေးရန် ပစ္စည်းကိရိယာ စုံစုံလင်လင် လုံလုံလောက်လောက် မရှိသေးသောကြောင့် ရှည်လျားသောစာများကို မရေးသားကြချေ။ ထို့အပြင် ထိုခေတ်က အိန္ဒိယသားတို့သည် ဘာသာရေးခေါင်းဆောင်ကြီးများ၏ နှုတ်စကားကို စာစကားထက် ပို၍သာလွန်မြတ်နိုး တန်ဖိုးထားကြ၏။
 
 တရားဒေသနာများကို နှုတ်တက်ကျက်မှတ်ပြီးလျှင် သားစဉ်မြေးဆက် နှုတ်ဖြင့်သာ ဆောင်ကြ၏။ သို့ဖြင့် အချို့သော ဘာသာရေးဂိုဏ်းများ၏ ဟောပြောချက်များသည် ပါဠိပိဋကတ်ပေါ်ပေါက်ပြီးနောက် ကာလအတန်ကြာသည့် တိုင်အောင် စာပေအဖြစ်သို့ မရောက်ရှိသေးချေ။ 
 
ဂျိန်းဘာသာဝင်တို့၏ ပိဋကတ်သည် အေဒီ ၅ရာစု လောက်ကျမှ စာပေဖြစ်လာကြောင်း သိရ၏။ နှုတ်စကားက စာစကားထက် အချို့နေရာ၌ ပိုမိုထိရောက်ကြောင်း ယုံမှားဖွယ် မရှိချေ။ တရားဟောရာ၌ စာဖတ်၍ ပြောခြင်းထက် စာမဖတ်ဘဲပြောခြင်းက လူပရိတ်သတ်၏ စိတ်ကို ပိုမိုဆွဲဆောင်နိုင်ကြောင်း ထင်ရှား၏။ 
 
သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦး၏ စကားများကို နဂိုမူမပျက်စေဘဲ သန့်ရှင်းစင်ကြယ်စွာ ကာလတာရှည် တည်မြဲစေလိုက စာဖြင့်မှတ်သားထားရန် လို၏။ ဆရာအစဉ်အဆက် နှုတ်ငုံဆောင်ထားရုံမျှဖြင့် စိတ်ချရမည်မဟုတ်ချေ။
 
 ထို့ကြောင့် အစပထမက နှစ်ပေါင်းများစွာ နှုတ်ဖြင့်ဆောင်ခဲ့သော ပါဠိပိဋကတ်သည် မည်မျှသန့်ရှင်းစင်ကြယ်၍ မူလဗုဒ္ဓဓမ္မကို မည်မျှကိုယ်စားပြုပါသနည်းဟု စဉ်းစားရန်ရှိ၏။ မချို့သော ပါဠိတော်များသည် ဗုဒ္ဓကိုယ်တော်တိုင်ဟောသော ဒေသနာများမဟုတ်ကြောင်း ပိဋကတ်စာပေ၌ အထင်အရှား ပြဆိုထား၏။ 
 
အဘိဓမ္မာပိဋကတ်မှ ကထာဝတ္ထုသည် အရှင်မောဂ္ဂလိပုတ္တတိဿ၏ လက်ရာဖြစ်၏။ ဝိနည်းပိဋကတ်မှ ပရိဝါကျမ်းမှာ ဒီပမည်သော မထေရ်တစ်ပါး ရေးသားကြောင်း ကျမ်းနိဂုံး၌ ပြဆိုထား၏။ 
 
 မဇ္ဈိမနိကာယ်နှင့် ဒီဃနိကာယ်မှ သုတ်ပေါင်း ၂၆ခုမှာ ရှင်သာရိပုတ္တရာ ရှင်အာနန္ဒာ ရှင်ကစ္စည်း စသော တပည့်သာဝကကြီးများ ဟောကြားသည့် သုတ်များဖြစ်၏။ အချို့သော ပါဠိတော်များမှာ သင်္ဂါယနာတင် ရဟန်းတော်များ ထည့်သွင်းထားသော စကားများဖြစ်သည်ဟု အဋ္ဌကထာဆရာများက ဆိုကြ၏။
 
အချို့ထေရီ ဂါထာများသည် သင်္ဂါယနာတင်မထေရ်တို့၏ ဂါထာများဖြစ်ကြောင်း ပရမတ္ထဒီပနီ၌ အဋ္ဌကထာဆရာ ရှင်ဓမ္မပါလက ဖော်ပြထား၏။ သုတ္တနိပါတ် မဟာဝဂ် ပဓာနသုတ်၌လာသော နောက်ဆုံးဂါထာသည် အချို့ဆရာတို့ အဆိုအားဖြင့် သင်္ဂါယနာတင် ရဟန်းတို့၏ လက်ရာဖြစ်၏။ 
 
(ဆက်ရန်) {ဦးအေးမောင်}
 
Ko Latt ရေးသားသောပို့မှ ပြန်လည်မျှဝေသည်။
 

No comments:

Post a Comment