/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, January 14, 2014

**ဗုဒ္ဓ** အပိုင်း(၂)

Photo: **ဗုဒ္ဓ**
******
အပိုင်း(၂)

(ခ)ဗုဒ္ဓ၏ ထူးခြားချက်များ
--------------------------
ဗုဒ္ဓသည် မိုးရာသီ၌ နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို့ ခရီးလှည့်လည်ပြီးလျှင် တရားဟောတော်မူလေ့ရှိ၏။ တစ်ခါတစ်ရံ၌မူ သာဝတ္ထိ ဝေသာလီစသော မြို့ကြီးများ၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသနသုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္ထိမြို့၌ သီတင်းသုံးနေတော်မူစဉ် တစ်နေ့တာ မည်သို့ ကုန်လွန်စေပုံကို ဖော်ပြထား၏။ တစ်နေ့သော နံနက်စောစော၌ ဗုဒ္ဓသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မြို့တွင်းသို့ ဆွမ်းအလို့ငှါ ကြွသွား၏။ ထိုအခါ ရဟန်းတို့သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို့မကြားနာရသည်မှာ ကြာပြီဖြစ်၍ ကြားနာလိုကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို့အား ဒမ္မကပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို့သွား၍ နေကြရန်ပြော၏။ ရဟန်းတို့သည် ထိုကျောင်းသို့ သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျှင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို့ ကြွသွားတော်မူ၏။ ထိုကျောင်း၌ တစ်နေကုန် နေတော်မူပြီးသော် အရှင်အာနန္ဒာနှင့်အတူ ရေချိုးဆိပ်သို့  ကြွသွား၍ ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏားကျောင်းတော်သို့ ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို့ ကြွသွား၏။ ရဟန်းတို့သည် တရားစကားဖြင့် စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ် အပြင်ဘက်၌ရပ်လျက် စကားအဆုံးကို ဆိုင်းငံ့နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန့်၍ တံခါးရွက်ကို ခေါက်၏။ ရဟန်းတို့က တံခါးကိုဖွင့်၍ ဗုဒ္ဓသည် ခင်းထားအပ်သော နေရာ၌ ထိုင်ပြီးလျှင် ရဟန်းတို့ ယခုငါဘုရား ကြွလာသောအခါ အဘယ်စကားဖြင့် သင်တို့စည်းဝေး၍ ဟောပြောနေကြကုန်သနည်း ဟုမေး၏။ ရဟန်းတို့က မြတ်စွာဘုရားအကြောင်းကို ပြောဆိုနေကြပါသည်ဟု လျှောက်ကြသော် ဗုဒ္ဓသည် မိမိဘုရားမဖြစ်မီက ကြုံတွေ့ခဲ့ရပုံများကို ပြောပြလို၍ အရိယပရိယေသနသုတ်ကို ဟောတော်မူ၏။ ထိုတရားပွဲများ၌ တခါတစ်ရံ ရဟန်းတစ်ပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓအား အခွင့်ပန်ကြားပြီးနောက် မိမိသိလိုသောအချက်ကို မေးလျှောက်လေ့ရှိ၏။ တရားပွဲများသည် အတော်ညဥ့်နက်မှ ပြီးဆုံး၏။ ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ အရှင်သာရိပုတ္တရာစသော တပည့်မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။ ဗုဒ္ဓနှင့် ရဟန်းသံဃာတို့၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်၌ အဇာတသတ်မင်းသည် ဘုရားရှင်ကို ဖူးမြော်ရန် ဆရာဇီဝကနှင့်အတူ ကျောင်းတော်သို့သွား၏။ အချိန်ကား ညချမ်းအချိန် ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို့ ချဉ်းကပ်မိသောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀နှင့်အတူ ကျောင်းတိုက်ထဲ၌ သီတင်းသုံး နေတော်မူသော်လည်း ချောင်းဆိုးသံ ချေသံ တစ်ချက်မျှ မကြားရဘဲ အလွန်တိတ်ဆိတ်နေသောကြောင့် ဖြစ်၏။ ဇီဝကက အားပေးနှစ်သိမ့်မှ အဇာတသတ်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို့ ဝင်ပြီးနောက် ဗုဒ္ဓကို ဖူးမြော်လေသည်။ ဗုဒ္ဓသည် တိတ်ဆိတ်မှုကို နှစ်သက်၏။ တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တောထဲသို့ကြွသွား၍ သစ်ပင်များအောက်၌ နေတော်မူလေ့ရှိ၏။ ရဟန်းတို့အား စကားပြောလျှင် တရားစကားကိုသာပြောရန် သို့မဟုတ် ဆိတ်ဆိတ်နေရန် မကြာခဏ သတိပေး၏။ တစ်ခါသော် ဗုဒ္ဓကိုဖူးမြော်ရန် ရောက်လာကြသော ရဟန်းတို့သည် အချင်းချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင့် ကျောင်းမှနှင်ထုတ်ခံကြရ၏။ (မဇ္ဈိမနိကာယ် စာတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓနှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို့သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကို မြင်သော် အချင်းတို့အသံမပြုကြကုန်လင့်  ဗုဒ္ဓ၏ တပည့်သည် လာနေ၏။ သူတို့သည် တိတ်ဆိတ်မှုကို နှစ်သက်၏ ဟုအချင်းချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။ (အင်္ဂုတ္တရ-ကိံဒိဋ္ဌိကသုတ်) ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို့စိတ်ကူးဖြင့် ခန့်မှန်းကြည့်ရန် ခဲယဉ်း၏။ အဘယ်ကြောင့်ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုများသည် ဂရိ(ခေါမ)လက်ရာများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည့်နောက် နှစ်ပေါင်း အတော်ကြာသည့်တိုင်အောင် ဗုဒ္ဓရုပ်တုများ ထုလုပ်ကိုးကွယ်သော အလေ့အထမရှိခဲ့ချေ။ အင်္ဂလိပ်ပညာရှင် ဆာချား(စ)အဲလိယော့၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓရုပ်တုများကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲ၌ မြင်လာနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည် ဆားနတ်အရပ်၌ တွေ့ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်တုများသည်သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန် မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ုပ်ထင်ပါသည်။ ထိုရုပ်တုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည် ဟု မဆိုနိုင်စေကာမူ သန်မာတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် အာဇာနည်စိတ်ဓာတ်ရှိသော နီပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက် ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ သို့မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသောစကားမှာ ယုတ္တိရှိ၏။ဗုဒ္ဓသည် ကျန်းမာတောင့်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋကတ်စာပေ၌ ထင်ရှား၏။ ဘုရားမဖြစ်မီ ခြောက်နှစ်တိုင်တိုင် ပြင်းထန်သော အကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန် ခံစားပြီးသည့်နောက်၌ပင် မိုင်ပေါင်းများစွာဝေးသော ကုသိနာရုံသို့ ခြေလျင်ကြွသွားခြင်း စသည်တို့ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာအထူးကြံ့ခိုင် တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ။ ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာ တောင့်တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်၏။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏။ ရဟန်းတို့ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏။ ကိုယ်လက်ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏။ (မဇ္ဈိမနိကာယ် ကိဋာဂီရိသုတ်) လောက၌ ကျန်းမာ၍ အသက်ရှည်သော သူတို့သည် အများအားဖြင့် ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သောသူများဖြစ်၏။ ဗုဒ္ဓသည် လူသတ္တဝါတို့ကို သံသရာဝဋ်ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသော အခါ၌ပင် သုဘဒ္ဒရဟန်းအား ဟောပြောဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော။ ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရစိတ်ငြိမ်းချမ်းမှုဖြစ်၏။ တစ်ခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို့သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ဟတ္ထာအာဠာဝက မင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓတို့မြင်လေသော် အနီးသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော ဟုမေးလျှောက်၏။ ဗုဒ္ဓက မင်းသား ငါသည်ချမ်းသာစွာ အိပ်ရပေသည် ဟုပြန်ပြော၏။ ထိုအခါ မင်းသားသည် များစွာအံ့သြ၍ အရှင်ဘုရား ယခုအချိန်အခါသည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ သစ်ပင်မှ သစ်ရွက်တို့သည် ကျဲရရဲရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသော လေတိုက်ခတ်နေ၍ ဆီးနှင်းတို့ တဖွဲဖွဲကျလျက်ရှိပါ၏။ သို့ဖြစ်ပါလျက် ငါသည် ချမ်းသာစွာ အိပ်ရသည်ဟု အရှင်ဘုရားမိန့်တော်မူဘိ၏။ ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ရာ၌ အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည်မဟုတ်ကြောင်း မိမိမှာ ကိလေသာ ရာဂမီး ပယ်သတ်ပြီးပြီဖြစ်၍ မည်သည့်နေရာမျိုး၌မဆို ချမ်းသာစွာအိပ်စက်ရကြောင်း မိန့်တော်မူလေသည်။ (အင်္ဂုတ္တရနိကာယ် တိကဒဟတ္ထာဠဝကသုတ်) ဗုဒ္ဓ၏ စိတ်ငြိမ်အေးချမ်းသာမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဍာန်၌ အမြဲထင်ဟပ် ပေါ်လွင်နေမည်ဖြစ်၏။ သို့ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ် တွေ့မြင်ရသော ဥပကတက္ကတွန်းက ငါ့ရှင် သင်သည် မည်သူဖြစ်သနည်း သင်၏ ဣနြေ္ဒတို့သည် ကြည်လင်လှ၏။ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏။ဟု ဆို၏ ဗုဒ္ဓကိုဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင့်ပင် မိမိတို့၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြိုပြုကြ၏။ ဗုဒ္ဓ၏ တင့်တယ်ခံ့ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှဖြင့် ကြည်ညိုသောသူများ ရှိသည့်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ် သမာဓိဂုဏ် သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ ပေါက္ခရသာတိ သောဏဒန္တစသော အလွန်ဇာတ်ကြီး မာနကြီးသည့် ဗြာဟ္မာဏခေါင်းဆောင်တို့သည်ပင် ဗုဒ္ဓ၏ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက်ဖူးတွေ့လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသောပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင့် ပသေနဒီကောသလမင်းတို့ ဖြစ်၏။ သူတို့သည် ဗုဒ္ဓအထံသို့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ကို လက်ဖြင့်ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဈိမနိကာယ် ဗြဟ္မာယုသုတ်နှင့် ဓမ္မစေတိယသုတ်) ကောသလမင်းသည် ဓမ္မစေတိယသုတ်၌ ဗုဒ္ဓကို လူတို့မည်မျှ ကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏တရားပွဲ၌ တရားနာပရိတ်သတ်မှာ ဗုဒ္ဓကိုအလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြသောကြောင့် တစ်စုံတစ်ယောက် ချောင်းဟန့်သံ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ တစ်ခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင့် ခရီးထွက်သွား၍ ညစခန်းချသောအခါ ဣသိဒတ္တနှင့် ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို့၏ အရှင်သခင် ဘုရင်ရှိရာဘက်ကို ခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကိုကား ခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှောက်ထား၏။ ပရိဗိုလ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမက များစွာသော ပရိတ်သတ်အား တရားဟောနေစဉ် တစ်စုံတစ်ယောက်သောသူမျှ ချေဆတ်ခြင်း ချောင်းဟန့်ခြင်း မပြုဘဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်သော တပည့်တို့သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးသာလျှင် ဆိုလေ့ရှိပါသည်။ သူတစ်ပါးကို မကဲ့ရဲ့ဘဲ မိမိတို့ကိုယ်ကိုသာ ကဲ့ရဲ့ကြပါသည် ဆို၏။ (မဇ္ဈိမနိကာယ မဟာသကုလုဒါယီသုတ်) ဤသို့များစွာသော လူတို့၏ ကြည်ညိုလေးစားခြင်းကို ခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအားအလွန်အမင်း ကြည်ညိုသော ဝက္ကလိရဟန်းအား မိန့်ကြားချက်သည် ရှင်းလင်းပြတ်သား၏။ ဝက္ကလိ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်သည်မည်၏။ (သံယုတ္တနိကာယ် ခန္ဓသံယုတ် ဝက္ကလိသုတ်) စင်စစ်ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင် နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ့ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန့်ကျင်သည့် ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုက မှားမည်မဟုတ်ချေ။ ဤအကြောင်းနှင့်ပတ်သက်သော ဗုဒ္ဓမိန့်ကြားချက်များကို ရှေ့၌ပြဆိုအံ့။ (------ဆက်ရန်){ဦးအေးမောင်}



**ဗုဒ္ဓ**
******
အပိုင်း(၂)
(ခ)ဗုဒ္ဓ၏ ထူးခြားချက်များ
--------------------------

ဗုဒ္ဓသည် မိုးရာသီ၌ နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို့ ခရီးလှည့်လည်ပြီးလျှင် တရားဟောတော်မူလေ့ရှိ၏။ တစ်ခါတစ်ရံ၌မူ သာဝတ္ထိ ဝေသာလီစသော မြို့ကြီးများ၌ သီတင်းသုံးတော်မူ၏။ 
 
မဇ္ဈိမနိကာယ် အရိယပရိယေသနသုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္ထိမြို့၌ သီတင်းသုံးနေတော်မူစဉ် တစ်နေ့တာ မည်သို့ ကုန်လွန်စေပုံကို ဖော်ပြထား၏။ 
 
တစ်နေ့သော နံနက်စောစော၌ ဗုဒ္ဓသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မြို့တွင်းသို့ ဆွမ်းအလို့ငှါ ကြွသွား၏။ ထိုအခါ ရဟန်းတို့သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို့မကြားနာရသည်မှာ ကြာပြီဖြစ်၍ ကြားနာလိုကြောင်း လျှောက်ကြ၏။ 
 
အရှင်အာနန္ဒာက ရဟန်းတို့အား ဒမ္မကပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို့သွား၍ နေကြရန်ပြော၏။ ရဟန်းတို့သည် ထိုကျောင်းသို့ သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျှင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို့ ကြွသွားတော်မူ၏။ 
 
ထိုကျောင်း၌ တစ်နေကုန် နေတော်မူပြီးသော် အရှင်အာနန္ဒာနှင့်အတူ ရေချိုးဆိပ်သို့ ကြွသွား၍ ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏားကျောင်းတော်သို့ ကြွတော်မူရန် ပန်ကြား၏။ 
 
ဗုဒ္ဓသည် ထိုကျောင်းသို့ ကြွသွား၏။ ရဟန်းတို့သည် တရားစကားဖြင့် စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ် အပြင်ဘက်၌ရပ်လျက် စကားအဆုံးကို ဆိုင်းငံ့နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန့်၍ တံခါးရွက်ကို ခေါက်၏။ 
 
ရဟန်းတို့က တံခါးကိုဖွင့်၍ ဗုဒ္ဓသည် ခင်းထားအပ်သော နေရာ၌ ထိုင်ပြီးလျှင် ရဟန်းတို့ ယခုငါဘုရား ကြွလာသောအခါ အဘယ်စကားဖြင့် သင်တို့စည်းဝေး၍ ဟောပြောနေကြကုန်သနည်း ဟုမေး၏။ 
 
ရဟန်းတို့က မြတ်စွာဘုရားအကြောင်းကို ပြောဆိုနေကြပါသည်ဟု
 လျှောက်ကြသော် ဗုဒ္ဓသည် မိမိဘုရားမဖြစ်မီက ကြုံတွေ့ခဲ့ရပုံများကို ပြောပြလို၍ အရိယပရိယေသနသုတ်ကို ဟောတော်မူ၏။ 
 
 ထိုတရားပွဲများ၌ တခါတစ်ရံ ရဟန်းတစ်ပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓအား အခွင့်ပန်ကြားပြီးနောက် မိမိသိလိုသောအချက်ကို မေးလျှောက်လေ့ရှိ၏။ တရားပွဲများသည် အတော်ညဥ့်နက်မှ ပြီးဆုံး၏။
 
 ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ အရှင်သာရိပုတ္တရာစသော တပည့်မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။ ဗုဒ္ဓနှင့် ရဟန်းသံဃာတို့၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ 
 
သာမညဖလသုတ်၌ အဇာတသတ်မင်းသည် ဘုရားရှင်ကို ဖူးမြော်ရန် ဆရာဇီဝကနှင့်အတူ ကျောင်းတော်သို့သွား၏။ အချိန်ကား ညချမ်းအချိန် ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို့ ချဉ်းကပ်မိသောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန့်သွား၏။ 
 
အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀နှင့်အတူ ကျောင်းတိုက်ထဲ၌ သီတင်းသုံး နေတော်မူသော်လည်း ချောင်းဆိုးသံ ချေသံ တစ်ချက်မျှ မကြားရဘဲ အလွန်တိတ်ဆိတ်နေသောကြောင့် ဖြစ်၏။
 
 ဇီဝကက အားပေးနှစ်သိမ့်မှ အဇာတသတ်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို့ ဝင်ပြီးနောက် ဗုဒ္ဓကို ဖူးမြော်လေသည်။ ဗုဒ္ဓသည် တိတ်ဆိတ်မှုကို နှစ်သက်၏။ 
 
 တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တောထဲသို့ကြွသွား၍ သစ်ပင်များအောက်၌ နေတော်မူလေ့ရှိ၏။ ရဟန်းတို့အား စကားပြောလျှင် တရားစကားကိုသာပြောရန် သို့မဟုတ် ဆိတ်ဆိတ်နေရန် မကြာခဏ သတိပေး၏။
 
 တစ်ခါသော် ဗုဒ္ဓကိုဖူးမြော်ရန် ရောက်လာကြသော ရဟန်းတို့သည် အချင်းချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင့် ကျောင်းမှနှင်ထုတ်ခံကြရ၏။ (မဇ္ဈိမနိကာယ် စာတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓနှစ်သက်ကြောင်း လူအများသိကြ၏။ 
 
ပရိဗိုဇ်တို့သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကို မြင်သော် အချင်းတို့အသံမပြုကြကုန်လင့် ဗုဒ္ဓ၏ တပည့်သည် လာနေ၏။ သူတို့သည် တိတ်ဆိတ်မှုကို နှစ်သက်၏ ဟုအချင်းချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။ (အင်္ဂုတ္တရ-ကိံဒိဋ္ဌိကသုတ်) ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို့စိတ်ကူးဖြင့် ခန့်မှန်းကြည့်ရန် ခဲယဉ်း၏။ 
 
 အဘယ်ကြောင့်ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုများသည် ဂရိ(ခေါမ)လက်ရာများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည့်နောက် နှစ်ပေါင်း အတော်ကြာသည့်တိုင်အောင် ဗုဒ္ဓရုပ်တုများ ထုလုပ်ကိုးကွယ်သော အလေ့အထမရှိခဲ့ချေ။ 
 
အင်္ဂလိပ်ပညာရှင် ဆာချား(စ)အဲလိယော့၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓရုပ်တုများကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲ၌ မြင်လာနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်ပါ။ 
 
အိန္ဒိယပြည် ဆားနတ်အရပ်၌ တွေ့ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်တုများသည်သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန် မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ုပ်ထင်ပါသည်။
 
 ထိုရုပ်တုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည် ဟု မဆိုနိုင်စေကာမူ သန်မာတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် အာဇာနည်စိတ်ဓာတ်ရှိသော နီပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက် ရှိပါသည်။
 
 ဂေါတမသည် ဗုဒ္ဓ သို့မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသောစကားမှာ ယုတ္တိရှိ၏။ဗုဒ္ဓသည် ကျန်းမာတောင့်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋကတ်စာပေ၌ ထင်ရှား၏။ 
 
ဘုရားမဖြစ်မီ ခြောက်နှစ်တိုင်တိုင် ပြင်းထန်သော အကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန် ခံစားပြီးသည့်နောက်၌ပင် မိုင်ပေါင်းများစွာဝေးသော ကုသိနာရုံသို့ ခြေလျင်ကြွသွားခြင်း စသည်တို့ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာအထူးကြံ့ခိုင် တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ။ 
 
ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာ တောင့်တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်၏။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏။ ရဟန်းတို့ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏။ 
 
 ကိုယ်လက်ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏။ (မဇ္ဈိမနိကာယ် ကိဋာဂီရိသုတ်) လောက၌ ကျန်းမာ၍ အသက်ရှည်သော သူတို့သည် အများအားဖြင့် ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သောသူများဖြစ်၏။ 
 
ဗုဒ္ဓသည် လူသတ္တဝါတို့ကို သံသရာဝဋ်ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသော အခါ၌ပင် သုဘဒ္ဒရဟန်းအား ဟောပြောဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော။
 
 ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရစိတ်ငြိမ်းချမ်းမှုဖြစ်၏။ တစ်ခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို့သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ 
 
ဟတ္ထာအာဠာဝက မင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓတို့မြင်လေသော် အနီးသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော ဟုမေးလျှောက်၏။
 
 ဗုဒ္ဓက မင်းသား ငါသည်ချမ်းသာစွာ အိပ်ရပေသည် ဟုပြန်ပြော၏။ ထိုအခါ မင်းသားသည် များစွာအံ့သြ၍ အရှင်ဘုရား ယခုအချိန်အခါသည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ 
 
 သစ်ပင်မှ သစ်ရွက်တို့သည် ကျဲရရဲရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသော လေတိုက်ခတ်နေ၍ ဆီးနှင်းတို့ တဖွဲဖွဲကျလျက်ရှိပါ၏။ သို့ဖြစ်ပါလျက် ငါသည် ချမ်းသာစွာ အိပ်ရသည်ဟု အရှင်ဘုရားမိန့်တော်မူဘိ၏။ ဟု လျှောက်၏။
 
 ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ရာ၌ အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည်မဟုတ်ကြောင်း မိမိမှာ ကိလေသာ ရာဂမီး ပယ်သတ်ပြီးပြီဖြစ်၍ မည်သည့်နေရာမျိုး၌မဆို ချမ်းသာစွာအိပ်စက်ရကြောင်း မိန့်တော်မူလေသည်။
 
 (အင်္ဂုတ္တရနိကာယ် တိကဒဟတ္ထာဠဝကသုတ်) ဗုဒ္ဓ၏ စိတ်ငြိမ်အေးချမ်းသာမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဍာန်၌ အမြဲထင်ဟပ် ပေါ်လွင်နေမည်ဖြစ်၏။ 
 
သို့ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ် တွေ့မြင်ရသော ဥပကတက္ကတွန်းက ငါ့ရှင် သင်သည် မည်သူဖြစ်သနည်း သင်၏ ဣနြေ္ဒတို့သည် ကြည်လင်လှ၏။ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏။ဟု ဆို၏။
 
 ဗုဒ္ဓကိုဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင့်ပင် မိမိတို့၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြိုပြုကြ၏။ 
 
ဗုဒ္ဓ၏ တင့်တယ်ခံ့ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှဖြင့် ကြည်ညိုသောသူများ ရှိသည့်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ် သမာဓိဂုဏ် သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ 
 
 ပေါက္ခရသာတိ သောဏဒန္တစသော အလွန်ဇာတ်ကြီး မာနကြီးသည့် ဗြာဟ္မာဏခေါင်းဆောင်တို့သည်ပင် ဗုဒ္ဓ၏ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက်ဖူးတွေ့လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ 
 
ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသောပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင့် ပသေနဒီကောသလမင်းတို့ ဖြစ်၏။ 
 
သူတို့သည် ဗုဒ္ဓအထံသို့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ကို လက်ဖြင့်ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဈိမနိကာယ် ဗြဟ္မာယုသုတ်နှင့် ဓမ္မစေတိယသုတ်) ကောသလမင်းသည် ဓမ္မစေတိယသုတ်၌ ဗုဒ္ဓကို လူတို့မည်မျှ ကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ 
 
ဗုဒ္ဓ၏တရားပွဲ၌ တရားနာပရိတ်သတ်မှာ ဗုဒ္ဓကိုအလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြသောကြောင့် တစ်စုံတစ်ယောက် ချောင်းဟန့်သံ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ တစ်ခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင့် ခရီးထွက်သွား၍ ညစခန်းချသောအခါ ဣသိဒတ္တနှင့် ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို့၏ အရှင်သခင် ဘုရင်ရှိရာဘက်ကို ခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကိုကား ခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှောက်ထား၏။ 
 
 ပရိဗိုလ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမက များစွာသော ပရိတ်သတ်အား တရားဟောနေစဉ် တစ်စုံတစ်ယောက်သောသူမျှ ချေဆတ်ခြင်း ချောင်းဟန့်ခြင်း မပြုဘဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်သော တပည့်တို့သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးသာလျှင် ဆိုလေ့ရှိပါသည်။ 
 
သူတစ်ပါးကို မကဲ့ရဲ့ဘဲ မိမိတို့ကိုယ်ကိုသာ ကဲ့ရဲ့ကြပါသည် ဆို၏။ (မဇ္ဈိမနိကာယ မဟာသကုလုဒါယီသုတ်) ဤသို့များစွာသော လူတို့၏ ကြည်ညိုလေးစားခြင်းကို ခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝမလိုလားချေ။ 
 
 မိမိအားအလွန်အမင်း ကြည်ညိုသော ဝက္ကလိရဟန်းအား မိန့်ကြားချက်သည် ရှင်းလင်းပြတ်သား၏။ ဝက္ကလိ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်သည်မည်၏။ 
 
(သံယုတ္တနိကာယ် ခန္ဓသံယုတ် ဝက္ကလိသုတ်) စင်စစ်ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင် နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ့ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန့်ကျင်သည့် ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုက မှားမည်မဟုတ်ချေ။ ဤအကြောင်းနှင့်ပတ်သက်သော ဗုဒ္ဓမိန့်ကြားချက်များကို ရှေ့၌ပြဆိုအံ့။
 
 (------ဆက်ရန်){ဦးအေးမောင်}
 

No comments:

Post a Comment