Pages

Friday, January 3, 2014

အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး သမိုင်းအကျဉ်း

 Photo: အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး

အေဒီ ၁၈၇၃ - ၁၉၈၄ 
(၁၂၃၅ - ၁၃၄၆)

ဆက်လက်ရေးသားပူဇော်ပါသည်။
***********************

     ဆရာတော်သည် သုသာန် (သင်္ချိုင်း) များတွင် သုသာန်ဓုတင်
ကမ္မဋ္ဌာန်းဘာဝနာပွားများ ရှုမှတ်
နေစဉ်အခါများတွင် ဖော်ပြခဲ့သော
နားဋောင်းကျကျေးရွာသုသာန်မှကလေးငိုသံမျိုးကြားရသကဲ့သို့ သုသာန်တိုင်းလိုလို၌ လူကြီးညည်း
ညူသံများ ထိတ်လန့်တကြားအော်
ဟစ်လိုက်သည့် ယောက်ျားမိန်းမ
အသံမျိုးများမကြာခဏကြားရ
တတ်သည်။

နတ်သမီးအလောင်းကောင်နှင့် အချောအလှများပြခြင်း
  
 ယင်းသုသာန်သချုင်္ိင်းတို့၌ မကျွတ်
မလွတ်ဖြစ်နေကြသော နာနာဘာ
ဝ ဝိနာဘာဝတို့ကဆရာတော်အား
အမျိုးမျိုးသော အနှောင့်အယှက်
ပေးခြင်း,ကြောက်မက်ဖွယ် ပုံသ
ဏ္ဌာန်ဖန်ဆင်း၍ကိုယ်ထင်ပြခြင်း
ခြောက်လှန့်ခြင်း, တစ်နည်း ဥဂ္ဂဟ
နိမိတ်, သမထနိမိတ်ရှိမရှိပြခြင်း,
ပဋိဘာဂ နိမိတ်နတ်သမီးအ
လောင်းကောင် မကောင်းဆိုးရွား
များနှင့်အချောအလှပြခြင်းမျိုး ကြုံ
တော်မူရကြောင်း အမိန့်ရှိဖူးသည်။

     ဆရာတော်သည် အေဒီ ၁၉၃၈ - ၁၉၄၈ ခုအထိ နှစ်ပေါင်း
၁၀ နှစ်ကာလပတ်လုံး ညစဉ်တိုင်း
မပျက်မကွက် ကျင့်ကြံအားထုတ်
တော်မူခဲ့လေသည်။

သစ်စေးသုတ်သော သင်္ကန်းနှင့်
၁၀ နှစ်တာကာလ

     ဆရာတော်သည် တရားထိုင် ဘာဝနာပွားသည့်အခါတိုင်းလိုလို
မိုးနှင့်တိုးပြီးရွှဲရွှဲစိုနေသောအခါ ကျန်းမာရေးငဲ့ပြီး နည်းလမ်းရှာရာ
မိမိသင်္ကန်းအပြင်ပိုင်းကို သစ်စေး များသုတ်၍ တစ်ကိုယ်လုံးလွှမ်းခြုံ
ပြီးတရားထိုင်ရလေသည်။ ဆရာ
တော် ၁၀ နှစ်တိတိ သုသာန်ဓုတင်
အသုဘကမ္မဋ္ဌာန်းပွားများအား
ထုတ်ခဲ့သည့် ရွာများမှာ (ကျားတွန်
ရွာ, ရွာကြီး, အင်းတိမ်ရွာ, နား
ဋောင်းကျရွာ, တောင်ပို့နီရွာ, အင်း
ကြင်းကုန်းရွာ, ကျေးပေါခုံရွာ) သု
သာန်များ ဖြစ်ကြောင်း အမိန့်ရှိဖူး
လေသည်။

မှက် ခြင်တို့ကြောင့် မယားခြင်း

     အင်းလေးတစ်ကြောမှ ခြင်
ကောင်မှာ အကောင်ကြီးအဆိပ်
ပြင်းသောခြင်မျိုးဖြစ်၍ ကိုက်တွယ်
ခံရလျှင် အသည်းခိုက်အောင် နာ ကျင်သည်။ ထူးခြားသည်မှာ ဆရာ
တော်သည် မှက် ခြင်များ တရားရှု့
မှတ်စဉ် ကိုက်တွယ်နေသော်လည်း
နာသည် ယားသည်မရှိ ဒဏ်ရာအ
နာတရမဖြစ်ဘဲ မတုန်မလှုပ် အဓိ
ဋ္ဌာန်အပျက်မခံခဲ့ကြောင်း သိမှတ်ခဲ့
ရသည်။

ကျားရဲ ကျားသစ်များနှင့်ဥဒေါင်း
များ
       
         ထိုထက်ထူးခြားသည်မှာ ဆရာတော် ရွှေဥဒေါင်းတောင်ပေါ်
ရောက်စက မကြာခဏဟိန်း
ဟောက်အော်မြည်တတ်သော ကျားရဲ ကျားသစ်သတ္တဝါအကောင်
များသည် ထိုတောင်ပေါ်တွင်ဆရာ
တော် တရားထိုင်, မေတ္တာဘာဝနာ
ပွားချိန်မှစ၍တောပြောင်းသွားကြ
သောကြောင့် တောင်ပေါ်တွင် ဆ
ရာတော်နှင့်အတူ ဥဒေါင်းကောင်
များနှင့်ကျေးငှက်များသာ ကျန်ရှိ
ကြလေသည်။

ဥဒေါင်းများတောင်ပံဖြန့်၍ နေရိပ်
ပြုလုပ်ပေးခြင်းအံ့ဖွယ်
 
    မိုးလေဝသကင်းစင်သည့်အ
ချိန်၌ ဆရာတော်တရားထိုင်နေ
သည့်အခါများတွင် ရံဖန်ရံခါ ဥ
ဒေါင်းကောင်များသည် ဆရာ
တော်အနီးအနားရှိ သစ်ပင်နှင့် တောင်စောင်းများပေါ်မှ လှပသော
သူတို့၏ တောင်ပံများကိုယှက်ဖြာ
၍ အရိပ်သဖွယ်နေပြောက်မထိုး
အောင် ကာကွယ်ပေးတတ်ကြ
သည်ဟု ကြားဖူးခဲ့သည်။

     ဆရာတော် ကျားတွန်ရွာသို့
ဆွမ်းခံကြွသွားသည့်အချိန်တွင် ကျောင်းဒကာနှင့် ရွာလူကြီးများ
မျက်နှာပျက်စေရန် ရွာသူ ရွာသား
အချို့က စီစဉ်တိုင်ပင်ထားကြသည်
မှာ ဆရာတော်အား မည်သူမျှဆွမ်း
မလောင်းလှူရန် တိုင်းပင်ဆုံးဖြတ်
ထားကြသည်။
    ရွှေဥဒေါင်းတောင်ပေါ်မှ ကျား
တွန်ရွာအရောက် နှစ်မိုင်ကျော်ခရီး
လမ်းတွင် ဆွမ်းလောင်းရန် ကျေး
ရွာလူသူမရှိ တောချည်းသက်သက်
ဖြစ်သော်လည်း ကျားတွန်ရွာသို့
ရောက်သော် ဆွမ်းသပိတ်အပြည့်
ဖြစ်နေခဲ့ခြင်းကြောင့် ကျားတွန်ရွာ
တစ်ရွာလုံး ထူးခြားအံ့သြကြကုန်၏

ဓာတ်တော်ကွန့်မြူးသည်ကို
မီးလောင်သည်ဟု ထင်ကြခြင်း
 
    ဆရာတော်သည် ရွှေဥဒေါင်း
တောင်စေတီအတွင်း ဓာတ်တော်
များဌာပနာပြီးစဉ်က တစ်ညဦးအ
ချိန်တွင် ဓါတ်တော်ကွန့်မြူးကာ တစ်တောင်လုံးလင်းနေသဖြင့် ရွှေ
ဥဒေါင်းတောင်နှင့် နှစ်မိုင်ကျော်
ဝေးသော ကျားတွန်ရွာမှ ရွာသူ ရွာ
သားများက တောင်ပေါ်၌ မီး
လောင်နေသည်အထင်ဖြင့် ရေနှင့်
မီးသတ်ရန်ပစ္စည်းများယူဆောင်၍
ရောက်လာကြဖူးကြောင်းသိခဲ့ရ
သည်။

ရေလှူသော နတ်မောင်နှမ
 
    တောင်ပေါ်တွင် ရေလုံလောက်
ရုံမျှသာရှိသည်။ အပိုအလျှံမရှိ။ အပိုအလျှံလှောင်နိုင်သောရေကန်
လည်းမရှိပေ။ ဆရာတော်ကြီး
သည် အေဒီ ၁၉၆၃ ခုနှစ် နွေအခါ
ကာလ တစ်နေ့သော နေ့ခင်းပိုင်း
တွင် တောင်ပေါ်ရေအစဉ်မပြတ် ရ ရှိရေးအတွက် ကျားတွန်ရွာ ဒါယ
ကာ ဒါယကာမများနှင့် တိုင်ပင်
ဆွေးနွေးတော်မူလေသည်။
     ထိုဆွေးနွေးသည့် ညသန်း
ခေါင်ယံမှာပင် ဆရာတော်ကြီး
သည် ပြုလုပ်နေကျ ကမ္မဋ္ဌာန်းဘာ
ဝနာတရားအားထုတ်ပြီးချိန်တွင်
တစ်ကိုယ်လုံးအဖြူရောင် ဝတ်ဆင်
ထားသော ထူးဆန်းသော အဘိုး
အို အဘွားအိုနှစ်ဦးဆရာတော်အ
နီးသို့လက်အုပ်ချီ ချဉ်းကပ်၍ တရားချီးမြှင့်ပါဘုရားဟု လျှောက်
ထားကြသည်။
     ဆရာတော်ကြီးမှ ငါးပါးသီလ
ပေး၍တရားချီးမြှင့်ပြီးသော် အဘိုး
အို အဘွားအိုတို့က သာဓုသုံးကြိမ်
ခေါ်ဆိုပြီး ဆရာတော်ကြီး အလိုရှိ
ရာ မိန့်တော်မူပါရန်လျှောက်ထား
သည်။ ဆရာတော်ကြီးမှ တောင်
ပေါ်မှာ ရေလိုကြောင်း ရေရလို ကြောင်း မိန့်တော်မူရာ ရပါသည်
သပြေရေထွက်မှယူတော်မူပါ
ဘုရားဟုလျှောက်တင်ကာပြန်သွား
ကြလေသည်။
 
     ဆရာတော်ကြီးသီတင်းသုံးရာ ရွှေဥဒေါင်းတောင်ပေါ်တွင် အဖူးအ
မြှော်ရောက်လာသူ ဧည့်သည်မှန်
သမျှ လူဘယ်နှစ်ယောက် ဘယ်
နှစ်အုပ်စု ဘယ်နှဖွဲ့တက်တက်အ မောေ့ပြရေအေးအေး,ရေနွေးကြမ်ုး
အခါးရည် အိုးအဆင်သင့်။ အိုးကြီး
အိုးငယ်များကလည်း ထမင်းစား ဆောင်တွင်အဆင်သင့် စားမကုန်
သောက်မကုန်ဝင်၍ စားနိုင်
သောက် နိုင်ကြပေသည်။
     ဆရာတော်ကြီးမှ ဆွမ်းဟင်း ချက်ကျွေးမွေးသူ ၁၀ ဦးခန့် အမြဲ
ထားရှိသည်။ နာရီမလပ် ထမင်း ပေါင်းအိုးကြီးများမှာ ရှစ်လုံးခန့်
ဖြစ်သည်။

      အချို့သောသူများက ဆရာ
တော်ဘုရားကြီးအား ရဟန္တာဟူ၍
လည်းကောင်း, အရိယာပုဂ္ဂိုလ်ဟူ
၍လည်းကောင်း, သမထဘာဝနာ
ကျင့်စဉ်မှ ဝိပဿနာကျင့်စဉ်သို့
ကူးပြောင်းလာသော အရိယာဝိဇ္ဇာ
ကြီးဟူ၍ လည်းကောင်း, အချို့က
ရွှေဥဒေါင်းတောင်အနီးတွင် ဈာန်
သမာပတ် ကြွနေသည်ဟုလည်း
ကောင်း, မန္တလေးမဟာမြတ်မုနိဘု
ရားကြီး အလုံပိတ်ထားသော သံ
တံခါးအတွင်း၌ အာရုဏ်ဦးအချိန် ဘုရားဖူးမြော်နေတတ်သည်ဟု
လည်းကောင်း, ရံဖန်ရံခါ ရန်ကုန်
ရွှေတိဂုံစေတီရင်ပြင်တော် ပေါ်တွင်
ဘုရားဖူးနေသည်ကိုလည်းကောင်း
အံမခန်းကျော်လွှားမွှေးပျံလျှက်
အမျိုးမျိုးသောကျော်ကြားမှုတို့ရှိခဲ့
လေသည်။

ပန်းပုဆရာကြီးဦးဟန်တင်၏
ကိုယ်တွေ့
  
       ပန်းချီဆရာကြီးဦးငွေကိုင်၏
တပည့်ဖြစ်သူမှလည်းကိုယ်တွေ့ဖြစ်
ရပ်မှန်ကို ဒါရိုက်တာ ဆရာဦးမြင့်
မောင်မှ ကိုယ်တိုင်တွေ့ဆုံမှတ်
တမ်းတင်ခဲ့ပါသည်။
       အကျဉ်းချုပ်တင်ပြပူဇော်ရ
သော် ပန်းပုဆရာကြီးဦးဟန်တင်
သည် ရွှေတိဂုံဘုရားပေါ်တွင် ဖူး တွေ့ပျောက်ကွယ်ခဲ့ရသော ရဟန်း
ထူးမှာ ရွှေဥဒေါင်းတောင်ဆရာ
တော်ဘုရားကြီးဖြစ်ကြောင်းကို ဆရာတော်ကြီးပုံတူ ပန်းပုထုရန် အလုပ်အပ်၍ အင်းလေးဆရာ်
တော်ဘုရားရှိရာ ကိုယ်တိုင်ကိုယ်
ကျဖူးမြှော်ရောက်ရှိမှ အဖြေပေါ်
တော့သည်ဟု ဆိုခဲ့ပါသည်။

     မျက်မှောက်ခေတ် ပရိယတ်
ပဋိပတ် သာသနာတော်တွင် နေ
လအသွင် သီလ သမာဓိ ပညာ သိက္ခာသုံးပါးဂုဏ်တို့ဖြင့် ပြည့်စုံ
ထင်ရှားတော်မှုသော အင်းလေး ရွှေဥဒေါင်းတောင် ဆရာတော်ဘု
ရားကြီးသည် သက်တော် ၉၄ နှစ်
သိက္ခာတော် ၃၇ ဝါအရ အေဒီ ၁၉၈၅ ခု, နိုဝင်ဘာလ ၃ ရက်
(၁၃၄၆ ခု, ပြာသိုလဆန်း ၁၃)
ရက်နေ့ညဥ့် ၁၀:၄၅ အချိန်တွင်
ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါ
သည်။
ိ

အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး

အေဒီ ၁၈၇၃ - ၁၉၈၄
(၁၂၃၅ - ၁၃၄၆)


ဆရာတော်သည် သုသာန် (သင်္ချိုင်း) များတွင် သုသာန်ဓုတင်
ကမ္မဋ္ဌာန်းဘာဝနာပွားများ ရှုမှတ်နေစဉ်အခါများတွင် ဖော်ပြခဲ့သော
နားဋောင်းကျကျေးရွာသုသာန်မှကလေးငိုသံမျိုးကြားရသကဲ့သို့ သုသာန်တိုင်းလိုလို၌ လူကြီးညည်း
ညူသံများ ထိတ်လန့်တကြားအော်ဟစ်လိုက်သည့် ယောက်ျားမိန်းမ
အသံမျိုးများမကြာခဏကြားရတတ်သည်။

နတ်သမီးအလောင်းကောင်နှင့် အချောအလှများပြခြင်း

ယင်းသုသာန်သချုင်္ိင်းတို့၌ မကျွတ်မလွတ်ဖြစ်နေကြသော နာနာဘာ
ဝ ဝိနာဘာဝတို့ကဆရာတော်အားအမျိုးမျိုးသော အနှောင့်အယှက်
ပေးခြင်း,ကြောက်မက်ဖွယ် ပုံသဏ္ဌာန်ဖန်ဆင်း၍ကိုယ်ထင်ပြခြင်း
ခြောက်လှန့်ခြင်း, တစ်နည်း ဥဂ္ဂဟနိမိတ်, သမထနိမိတ်ရှိမရှိပြခြင်း,
ပဋိဘာဂ နိမိတ်နတ်သမီးအလောင်းကောင် မကောင်းဆိုးရွား
များနှင့်အချောအလှပြခြင်းမျိုး ကြုံတော်မူရကြောင်း အမိန့်ရှိဖူးသည်။

ဆရာတော်သည် အေဒီ ၁၉၃၈ - ၁၉၄၈ ခုအထိ နှစ်ပေါင်း
၁၀ နှစ်ကာလပတ်လုံး ညစဉ်တိုင်း
မပျက်မကွက် ကျင့်ကြံအားထုတ်တော်မူခဲ့လေသည်။

သစ်စေးသုတ်သော သင်္ကန်းနှင့်၁၀ နှစ်တာကာလ

ဆရာတော်သည် တရားထိုင် ဘာဝနာပွားသည့်အခါတိုင်းလိုလို
မိုးနှင့်တိုးပြီးရွှဲရွှဲစိုနေသောအခါ ကျန်းမာရေးငဲ့ပြီး နည်းလမ်းရှာရာ
မိမိသင်္ကန်းအပြင်ပိုင်းကို သစ်စေး များသုတ်၍ တစ်ကိုယ်လုံးလွှမ်းခြုံ
ပြီးတရားထိုင်ရလေသည်။ 


ဆရာ
တော် ၁၀ နှစ်တိတိ သုသာန်ဓုတင်အသုဘကမ္မဋ္ဌာန်းပွားများအား
ထုတ်ခဲ့သည့် ရွာများမှာ (ကျားတွန်ရွာ, ရွာကြီး, အင်းတိမ်ရွာ, နား
ဋောင်းကျရွာ, တောင်ပို့နီရွာ, အင်းကြင်းကုန်းရွာ, ကျေးပေါခုံရွာ) သု
သာန်များ ဖြစ်ကြောင်း အမိန့်ရှိဖူးလေသည်။

မှက် ခြင်တို့ကြောင့် မယားခြင်း

အင်းလေးတစ်ကြောမှ ခြင်
ကောင်မှာ အကောင်ကြီးအဆိပ်ပြင်းသောခြင်မျိုးဖြစ်၍ ကိုက်တွယ်
ခံရလျှင် အသည်းခိုက်အောင် နာ ကျင်သည်။ ထူးခြားသည်မှာ ဆရာ
တော်သည် မှက် ခြင်များ တရားရှု့မှတ်စဉ် ကိုက်တွယ်နေသော်လည်း
နာသည် ယားသည်မရှိ ဒဏ်ရာအနာတရမဖြစ်ဘဲ မတုန်မလှုပ် အဓိ
ဋ္ဌာန်အပျက်မခံခဲ့ကြောင်း သိမှတ်ခဲ့ရသည်။

ကျားရဲ ကျားသစ်များနှင့်ဥဒေါင်းများ

ထိုထက်ထူးခြားသည်မှာ ဆရာတော် ရွှေဥဒေါင်းတောင်ပေါ်
ရောက်စက မကြာခဏဟိန်းဟောက်အော်မြည်တတ်သော ကျားရဲ ကျားသစ်သတ္တဝါအကောင်များသည် ထိုတောင်ပေါ်တွင်ဆရာ
တော် တရားထိုင်, မေတ္တာဘာဝနာပွားချိန်မှစ၍တောပြောင်းသွားကြ
သောကြောင့် တောင်ပေါ်တွင် ဆရာတော်နှင့်အတူ ဥဒေါင်းကောင်
များနှင့်ကျေးငှက်များသာ ကျန်ရှိကြလေသည်။

ဥဒေါင်းများတောင်ပံဖြန့်၍ နေရိပ်ပြုလုပ်ပေးခြင်းအံ့ဖွယ်

မိုးလေဝသကင်းစင်သည့်အချိန်၌ ဆရာတော်တရားထိုင်နေ
သည့်အခါများတွင် ရံဖန်ရံခါ ဥဒေါင်းကောင်များသည် ဆရာ
တော်အနီးအနားရှိ သစ်ပင်နှင့် တောင်စောင်းများပေါ်မှ လှပသော
သူတို့၏ တောင်ပံများကိုယှက်ဖြာ၍ အရိပ်သဖွယ်နေပြောက်မထိုး
အောင် ကာကွယ်ပေးတတ်ကြသည်ဟု ကြားဖူးခဲ့သည်။

ဆရာတော် ကျားတွန်ရွာသို့
ဆွမ်းခံကြွသွားသည့်အချိန်တွင် ကျောင်းဒကာနှင့် ရွာလူကြီးများ
မျက်နှာပျက်စေရန် ရွာသူ ရွာသား
အချို့က စီစဉ်တိုင်ပင်ထားကြသည်မှာ ဆရာတော်အား မည်သူမျှဆွမ်း
မလောင်းလှူရန် တိုင်းပင်ဆုံးဖြတ်ထားကြသည်။


ရွှေဥဒေါင်းတောင်ပေါ်မှ ကျားတွန်ရွာအရောက် နှစ်မိုင်ကျော်ခရီး
လမ်းတွင် ဆွမ်းလောင်းရန် ကျေးရွာလူသူမရှိ တောချည်းသက်သက်
ဖြစ်သော်လည်း ကျားတွန်ရွာသို့ရောက်သော် ဆွမ်းသပိတ်အပြည့်
ဖြစ်နေခဲ့ခြင်းကြောင့် ကျားတွန်ရွာတစ်ရွာလုံး ထူးခြားအံ့သြကြကုန်၏။

ဓာတ်တော်ကွန့်မြူးသည်ကိုမီးလောင်သည်ဟု ထင်ကြခြင်း

ဆရာတော်သည် ရွှေဥဒေါင်း
တောင်စေတီအတွင်း ဓာတ်တော်များဌာပနာပြီးစဉ်က တစ်ညဦးအ
ချိန်တွင် ဓါတ်တော်ကွန့်မြူးကာ တစ်တောင်လုံးလင်းနေသဖြင့် ရွှေ
ဥဒေါင်းတောင်နှင့် နှစ်မိုင်ကျော်
ဝေးသော ကျားတွန်ရွာမှ ရွာသူ ရွာသားများက တောင်ပေါ်၌ မီး
လောင်နေသည်အထင်ဖြင့် ရေနှင့်မီးသတ်ရန်ပစ္စည်းများယူဆောင်၍
ရောက်လာကြဖူးကြောင်းသိခဲ့ရသည်။

ရေလှူသော နတ်မောင်နှမ

တောင်ပေါ်တွင် ရေလုံလောက်
ရုံမျှသာရှိသည်။ အပိုအလျှံမရှိ။ အပိုအလျှံလှောင်နိုင်သောရေကန်
လည်းမရှိပေ။ 


ဆရာတော်ကြီး
သည် အေဒီ ၁၉၆၃ ခုနှစ် နွေအခါကာလ တစ်နေ့သော နေ့ခင်းပိုင်း
တွင် တောင်ပေါ်ရေအစဉ်မပြတ် ရ ရှိရေးအတွက် ကျားတွန်ရွာ ဒါယ
ကာ ဒါယကာမများနှင့် တိုင်ပင်ဆွေးနွေးတော်မူလေသည်။
 

ထိုဆွေးနွေးသည့် ညသန်း
ခေါင်ယံမှာပင် ဆရာတော်ကြီးသည် ပြုလုပ်နေကျ ကမ္မဋ္ဌာန်းဘာ
ဝနာတရားအားထုတ်ပြီးချိန်တွင်တစ်ကိုယ်လုံးအဖြူရောင် ဝတ်ဆင်
ထားသော ထူးဆန်းသော အဘိုးအို အဘွားအိုနှစ်ဦးဆရာတော်အ
နီးသို့လက်အုပ်ချီ ချဉ်းကပ်၍ တရားချီးမြှင့်ပါဘုရားဟု လျှောက်
ထားကြသည်။


ဆရာတော်ကြီးမှ ငါးပါးသီလပေး၍တရားချီးမြှင့်ပြီးသော် အဘိုး
အို အဘွားအိုတို့က သာဓုသုံးကြိမ်ခေါ်ဆိုပြီး ဆရာတော်ကြီး အလိုရှိ
ရာ မိန့်တော်မူပါရန်လျှောက်ထားသည်။ ဆရာတော်ကြီးမှ တောင်
ပေါ်မှာ ရေလိုကြောင်း ရေရလို ကြောင်း မိန့်တော်မူရာ ရပါသည်
သပြေရေထွက်မှယူတော်မူပါဘုရားဟုလျှောက်တင်ကာပြန်သွား
ကြလေသည်။

ဆရာတော်ကြီးသီတင်းသုံးရာ ရွှေဥဒေါင်းတောင်ပေါ်တွင် အဖူးအ
မြှော်ရောက်လာသူ ဧည့်သည်မှန်သမျှ လူဘယ်နှစ်ယောက် ဘယ်
နှစ်အုပ်စု ဘယ်နှဖွဲ့တက်တက်အ မောေ့ပြရေအေးအေး,ရေနွေးကြမ်ုး
အခါးရည် အိုးအဆင်သင့်။ 


အိုးကြီး
အိုးငယ်များကလည်း ထမင်းစား ဆောင်တွင်အဆင်သင့် စားမကုန်
သောက်မကုန်ဝင်၍ စားနိုင်သောက် နိုင်ကြပေသည်။
ဆရာတော်ကြီးမှ ဆွမ်းဟင်း ချက်ကျွေးမွေးသူ ၁၀ ဦးခန့် အမြဲ
ထားရှိသည်။ နာရီမလပ် ထမင်း ပေါင်းအိုးကြီးများမှာ ရှစ်လုံးခန့်
ဖြစ်သည်။

အချို့သောသူများက ဆရာတော်ဘုရားကြီးအား ရဟန္တာဟူ၍
လည်းကောင်း, အရိယာပုဂ္ဂိုလ်ဟူ၍လည်းကောင်း, သမထဘာဝနာ
ကျင့်စဉ်မှ ဝိပဿနာကျင့်စဉ်သို့ကူးပြောင်းလာသော အရိယာဝိဇ္ဇာ
ကြီးဟူ၍ လည်းကောင်း, အချို့က
ရွှေဥဒေါင်းတောင်အနီးတွင် ဈာန်သမာပတ် ကြွနေသည်ဟုလည်း
ကောင်း, မန္တလေးမဟာမြတ်မုနိဘုရားကြီး အလုံပိတ်ထားသော သံ
တံခါးအတွင်း၌ အာရုဏ်ဦးအချိန် ဘုရားဖူးမြော်နေတတ်သည်ဟု
လည်းကောင်း, ရံဖန်ရံခါ ရန်ကုန်ရွှေတိဂုံစေတီရင်ပြင်တော် ပေါ်တွင်
ဘုရားဖူးနေသည်ကိုလည်းကောင်းအံမခန်းကျော်လွှားမွှေးပျံလျှက်
အမျိုးမျိုးသောကျော်ကြားမှုတို့ရှိခဲ့လေသည်။

ပန်းပုဆရာကြီးဦးဟန်တင်၏ကိုယ်တွေ့

ပန်းချီဆရာကြီးဦးငွေကိုင်၏
တပည့်ဖြစ်သူမှလည်းကိုယ်တွေ့ဖြစ်ရပ်မှန်ကို ဒါရိုက်တာ ဆရာဦးမြင့်
မောင်မှ ကိုယ်တိုင်တွေ့ဆုံမှတ်တမ်းတင်ခဲ့ပါသည်။
အကျဉ်းချုပ်တင်ပြပူဇော်ရသော် ပန်းပုဆရာကြီးဦးဟန်တင်
သည် ရွှေတိဂုံဘုရားပေါ်တွင် ဖူး တွေ့ပျောက်ကွယ်ခဲ့ရသော ရဟန်း
ထူးမှာ ရွှေဥဒေါင်းတောင်ဆရာ
တော်ဘုရားကြီးဖြစ်ကြောင်းကို ဆရာတော်ကြီးပုံတူ ပန်းပုထုရန် အလုပ်အပ်၍ အင်းလေးဆရာတော်ဘုရားရှိရာ ကိုယ်တိုင်ကိုယ်
ကျဖူးမြှော်ရောက်ရှိမှ အဖြေပေါ်တော့သည်ဟု ဆိုခဲ့ပါသည်။

မျက်မှောက်ခေတ် ပရိယတ်ပဋိပတ် သာသနာတော်တွင် နေ
လအသွင် သီလ သမာဓိ ပညာ သိက္ခာသုံးပါးဂုဏ်တို့ဖြင့် ပြည့်စုံ
ထင်ရှားတော်မှုသော အင်းလေး ရွှေဥဒေါင်းတောင် ဆရာတော်ဘု
ရားကြီးသည် သက်တော် ၉၄ နှစ်
သိက္ခာတော် ၃၇ ဝါအရ အေဒီ ၁၉၈၅ ခု, နိုဝင်ဘာလ ၃ ရက်
(၁၃၄၆ ခု, ပြာသိုလဆန်း ၁၃)ရက်နေ့ညဥ့် ၁၀:၄၅ အချိန်တွင်ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


 အင်းလေးရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီး သမိုင်းကြောင်း စာအုပ်မှ ပြန်လည် မျှဝေသည်။

No comments:

Post a Comment