Pages

Friday, January 3, 2014

****** ရေလိုက်မှားသော ငါး ****

ရေလိုက်မှားသော ငါး 
****************
သုခဿာနန္တရံ ဒုက္ခံ၊ ဒုက္ခဿာနန္တရံ သုခံ၊
ကာမဂုဏ်ချမ်းသာ ခံစားမှုနောက်တွင် ဆင်းရဲခြင်းရှိသည်၊
ခက်ခဲပင်ပန်းစွာ အားထုတ်ရသော ဆင်းရဲခြင်းနောက်တွင် ချမ်းသာရှိသည်၊

ဘုရားရှင်၏ဖြစ်တော်စဉ်များတွင်ဖြစ်ရပ်တစ်ခုရှိသည်၊ မင်းညီမင်းသားများနှင့်ခရီးတစ်ခုကိုသွားကြရသည်၊ အလောင်းတော်မင်းသားမှအခြားသော မင်း
သားများသည် အဆင်းနှစ်သက်သူ၊အသံကောင်းကောင်းကိုခံစားလိုသူ၊ အနံ့အရသာကို ခုံမင်သူ၊ 
 စားသောက်ဖွယ်ရာများကို အာသာပြင်ပြခြင်းရှိသူ၊
 တွေ့ထိခြင်း အရသာကို
 တွယ်တာခြင်းရှိသူ တို့ဖြစ်ကြသည်၊ 

ထိုသူငါးယောက်တို့သည်အာရုံငါးပါးဖြင့်ဖြားယောင်းသော ဘီလူးများ၏သတ်ဖြတ်ခြင်းကိုခံခဲ့ကြရသည်၊သူတို့၏ အာသာဆန္ဒများသည် သူတို့ဘ၀ကို အဆုံးသတ် 
သွားစေခဲ့ကြသည်၊အလောင်းတော်သည်သာ လိုရာခရီးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်၊ 
 သူတို့အထင်ရောက်နေသောကာမဂုဏ်ချမ်း သာနောက်တွင် သေခြင်း ဆင်ရဲရှိနေသည်၊

သီလဆောက်တည်ရခြင်းကြောင့်ကိုယ်နှုတ်စောင့်စည်းရသည်၊ ထိုစောင့်စည်းမှုများကြောင့် မိမိ အလိုအတိုင်း မဖြစ်ရကောင်းလားဆိုပြီး စိတ်အလိုမကျဖြစ်တတ်ပြန်သည်၊သီလဆောက်တည်ခြင်းမှ တဆင့်တက်ကာစိတ်ကိုပါ ထိမ်းသိမ်းလိုက်သောအခါ ပြင်ပအာရုံများနောက်သို့
 မလိုက်တော့ပဲ အမြင်ချမ်းသာ၊ အကြားချမ်းသာ၊ အနံ့ချမ်းသာ၊
 အစားချမ်းသာ၊ အတွေ့အထိချမ်းသာများကို လွန်နိုင်တော့သည်၊ 
ကိုယ် နှုတ် စိတ် စောင့်စည်းမှု အသာကျ၍ 
အလေ့အထတစ်ခုဖြစ်သော အခါ 
ထိုစောင့်စည်းခြင်းများက ချမ်းသာဆောင်ခြင်းကို တွေ့ရတော့ သည်၊

ကာမဂုဏ်ချမ်းသာရှာသောသူနှင့်ပြောင်းပြန်ဖြစ်သည်၊
 ယောဂီတစ်ယောက်သည်မျက်စိမှတ်ထားသည်၊ ဇွတ်အတင်းမှိတ်ထားခြင်းမျိုးမဟုတ်၊ ပြင်ပလောက၀ယ်ရှာ
စရာမလိုတော့သည့်အတွက်မိမိစိတ်တွင်းသို့ပြန်ပြီး ရှာဖွေနေခြင်းမျိုးဖြစ်သည်၊ 
 
ထိုသို့ရှာဖွေသောအခါညောင်ညာကိုက်ခဲခြင်းမျိုးရှိပေမည်၊ ထိုသို့နာကျင်ခြင်းမျိုးရှိသော်အခါစိတ်နာကျင်ခြင်းကို သာ ကြောင့်ကြစိုက်တော့ သည်၊
 ပြင်ပခန္ဓာကိုယ်နာကျင်ခြင်းကိုဂရုမစိုက်တော့ပါ၊ စိတ်နာကျင်းခြင်းကို စောင့်ထိမ်းနိုင်သောအခါ 
 အမြင့် အမြတ်ဆုံးသောချမ်းသာ ကို ရှာဖွေတွေ့ရှိတော့သည်၊ 

တရားသဘောကိုထားဦးတော့
 လောကတွင်ပင်အချို့သောသူများသည်ဇာတ်ပွဲကြည့်လိုက်၊
ရုပ်ရှင်ကြည့်လိုက်၊စားလိုက်၊သောက်လိုက်ဖြင့်ဘ၀ကို
ကုန်လွန်စေခဲ့ကြသည်၊သူတို့သည်ဘ၀နှောင်ပိုင်း
ကာလများတွင်ဆင်းဆင်းရဲရဲ အဖြစ်မျိုးတွေ့ရတတ်သည်၊ဇာတ်ထဲတွင်သာမဟုတ်ပါ၊ ထိုအဖြစ်မျိုးသည် လောကကြီးတွင် ထုနဲ့ဒေးပါ၊ 
ငယ်စဉ်က ဆင်းဆင်းရဲရဲနေခဲ့ရ
 သော်ငြားအာရုံနောက်သို့မလိုက် 
အသိနောက်ကိုသာ မိမိစိတ်ညွှန်နိုင်သူတို့သည်
 လျှောက်လှမ်းရစဉ်ကာလအတွင်ကိုယ်စိတ်ဆင်းရဲခြင်းမျိုး ရှိခဲ့သော်ငြား နောက်ပိုင်ကာလကြီးရင့်မြင့်မားသော
 အခါတွင် ချမ်းသာခြင်းကို ၀န်းရံနေ တတ်သည်၊

ဘုရားအလောင်းတော်မြတ်သည်လေးသင်္ချေနှင့် 
ကမ္ဘာတစ်သိန်းကာလတစ်လျှောက်ကိုယ်ဆင်းရဲနှင့် စိတ်မသက်မသာဖြစ်ရမှုများတွေ့ခဲ့ရသည်၊ 
အဆုံးတွင် လောက၏ အတုမဲ့တစ်ဦးဖြစ်တော်
 မူခဲ့သည်၊ဆင်းရဲခြင်းနောက်ကွယ်တွင် ချမ်းသာခြင်းက စောင့်ကြိုနေသည်သာ ဖြစ်တော့သည်၊ 

အဆင်းလှလှမြင်လို၊ အသံကောင်းကောင်းကြားလို၊အနံ့မွှေးမွှေးကိုရှူရှိုက်လို
၊အရသာခံလို၊ကောင်းမွန်သော
 တွေ့ထိခြင်းကိုခံစားလိုသော အာသာဆန္ဒများကြောင့် မောင်နှင်းအားတိုးတက်ပြီး
 ကာမ အရသာ အလိုလိုက်ကာ ကာမဂုဏ်ကို
 ချမ်းသာထင်ပြီး လိုက်နေကြသော သူများသည်
 သူတို့ရှာနေသော ချမ်းသာခြင်းကို
 တွေ့ရသောခါဝယ် အတော်တန် ပင်ပန်းနေချေပြီ၊ 
သို့သော် ရလိုမှုဖြင့် လိုက်ခဲ့သေ အောင်မြင်မှုအတွက်
ပင်ပန်းလျှက်ပင် ခံစားလိုက်ကြသည်၊ 

တစ်ချို့ရှိသေးသည်၊ခက်ခက်ခဲခဲလိုက်လံရှာဖွေမိခဲ့သော မိမိတို့လိုရာကို ရကြသောအခါ အခုမှရလေခြင်း ဆိုပြီး အရွဲ့တိုက်ကာ အသာပျက်နေသော စားစရာတစ်ခုကို ကိုက်ဖဲ့ဝါးမြိုပြတတ်ကြသည်၊ ထိုသူတို့ကိုမြင်ရသူတို့မှာ ပင်ပန်းဆင်းရဲ 
 လွန်းလှသည်၊ ဘ၀ဇာတ်သည် အရသာပျက်တော့သည်၊


မေတ္တာလွင်ပြင် အရှင်ဉေယျဓမ္မ ရေးသားသောပို့မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment