
သမုဒယသစ္စာကိုသာပယ်ကြစမ်းပါ
**************************
နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်မရောက်မရှိပါဘူး။
တဏှာကို အဖေါ်မလုပ်နဲ့ ၊ဉာဏ်ကိုအဖေါ်လုပ်ပါ။
ဉာဏ်အမြင် မှအမှန်၊ မျက်မြင် ကမမှန်ဘူး။
လူပြောသူပြောတွေကိုမယုံပါနဲ့ ၊ ခန္ဓာက ပြောတာကိုအယုံကြီးယုံလိုက်ပါ။
အကြံအစည်မရှိလို့ မခက်ပါဘူး။အကြံအစည်ရှိလို့ အပါယ်သွားရပါတယ်။
အကြံကြီးတော့ ဒယ်အိုးကြီးတာပေါ့။ခင်ဗျားတို့ ကြံတာဟူသ၍ကဖြင့် အပါယ်တံခါးဖွင့်နေတာပဲ။ သစ္စာမသိတော့သံသရာရှည်၊
ဒိဋ္ဌိဝိစိကိစ္ဆ မသေတော့အပါယ်လား။
ကိစ္စများတာတဏှာ၊ဥပါဒါန်၊ ကံများတာ။
ကိစ္စဆိုတာ သမုဒယသစ္စာ၊ ကိစ္စများရင် ဒုက္ခများတာပဲ။
ပေါ့ပေါ့တန်တန်နဲ့ နေလေကိစ္စကရှုပ်လေ၊
ကိစ္စဆိုတာမဂ်ဖိုလ်တားတာပဲ။ကိစ္စပင်လယ်ထဲမ မျောဘဲနဲ့ 
ကိစ္စတုံးတဲ့ဆီလိုက်ဖြစ်အောင်လုပ်ကြပါ။
အသက်တမ်းကလေးကတိုတိုမှာ ခပ်ခိုခို မနေပါနဲ့ ၊
အသေ စောသွားရင် ကိုယ်ကျိုးနည်းလိမ့်မယ်။
အလကားနေသရွေ့ အမှားနေခြင်းသာလို့ မှတ်ပါ။
ပူစရာမရှိအောင် လုပ်ထားမှ ပူစရာမရှိဖြစ်မယ်။
ခပ်ပျင်းပျင်းနဲ့ ခပ်ဖျင်းဖျင်းနေရင်တော့ပူစရာရှိမှာပဲ။
အင်မတန်ကောင်းတဲ့ကံတွေကို တဏှာခိုင်းတာနဲ့ 
အလကားမဖြုန်းလိုက်ပါနဲ့ ။ ကိုယ့်ကိုယ်ကို အဖိုးတန်တာသိပြီး
အဖိုးတန်တဲ့အလုပ်၊လုပ်ကြစမ်းပါ။
ဗုဒ္ဓဆိုတာ သစ္စာလေးပါးသိတာ၊ဘာသာက သူပြောတာလိုက်နာတာ။
ဒါကြောင့်သစ္စာမသိရင် ဆိုင်းဘုတ်ဗုဒ္ဓဘာသာ။
သစ္စာမြင် မှ နိဗ္ဗာန်ဝင် မှာ။ ကိုယ့်ခန္ဓာထဲမှာဝေဒနာ(သို့ )စိတ်က
လေး၏ဖြစ်ပျက်ကိုမမြင်သေးရင် တို့ ဟာ သာသနာတွင်းတော့မွေးတာပဲ။
သာသနာတော့ဝမ်းထဲ မရောက်သေးဘူးလို့ ဆုံးဖြတ်ချက်ချ။
ကိုယ့်သန္တာန်ဝိပဿနာရှုမိတဲ့အချိန်သာသနာတွင်း၊ မရှုမိတဲ့အချိန် သာသနာပ။
ဘုရားက သားရေးသမီးရေး၊စီးပွားရေးမလုပ်နဲ့ ဆိုတာမဟုတ်ဘူး။
ဒီကြားထဲဝိပဿနာသွင်း မေ့လျော့ပေါ့ဆမ နေကြနဲ့ ။
လောကီမှာစိတ်အေးစရာရှိသလို၊လောကုတ္တရာမှာစိတ်အေးစရာ
ရှိဖို့ ကပိုအ ရေးကြီးတယ်။
ပုဂ္ဂိုလ်သတ္တဝါမရှိဘူးလို့ ရဲရဲတင်းတင်းဆုံးဖြတ်နိုင်ရင်
စိတ်အေးစရာလုပ်ပြီးပြီးမှတ်လိုက်။ပုဂ္ဂိုလ်သတ္တဝါမရှိတာကို
ကိုယ့်ခန္ဓာထဲမွှေနိုင် သ လောက်မွှေပြီးဆုံးဖြတ်
ချက်ချနိုငိအောင် လုပ်ရမယ်။
မိဘရိုးရာက အကန်းလို့ မှတ်ပါ။
ကိုယ့်ခန္ဓာ ဒုက္ခသစ္စာမသိသောကြောင့်
အဝိဇ္ဇာသည် အကန်းပဲ။
{{{ ဒီတစ်ခါဘုန်းကြီးနဲ့ တွေ့ လို့ မှ
မျက်စိနှစ်ကွင်းအလင်းရ အောင် မယူလို့ ရှိရင် သေရင်
အကန်းမသာပို့ ကြွတော်မူပါလို့ သာဖိတ်ပေတော့။
ဒီအဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်မ ပေးနိုင် ခဲ့ရင်
ဘုန်းကြီးကိုလည်းမကိုးကွယ်ကြနဲ့ တော့
၊ကျေးဇူးရှင် လို့ လည်းဆိုလို့ မရဘူး။}}}
ဒီလမ်းကို ကိုယ်ကကြိုက်လည်းလိုက်၊မကြိုက်လည်းလိုက်၊
ကိုယ်မကြိုက်တာက အဝိဇ္ဇာတဏှာတွေဖုံးပြီး
ကိုယ့်အသိဉာဏ်သေးသိမ်မှေးမှိန်နေလို့ ။
ကိုယ်မကြိုက်ပေမယ့် ခေါင်းဆောင်က ကောင်းနေတော့လိုက်သာလိုက်။
ဘုရားဟောတာကိုတစ်လုံးမှမလွဲအောင် ဟောပြီးသကာလ နေ တော့ လိုက်ရမှာပဲ။ ကြိုက်လည်းသွက်သွက်လိုက်၊မကြိုက်လည်းလိုက် ရုံပဲ။
ဘုန်းကြီးက ဒကာ၊ဒကာမ တွေကိုအပါယ်လေးပါး တံခါးပိတ်ပြီး
သုဂတိဒုက္ခတွေတောင် မတွေ့ စေလိုဘူး။
ဒုက္ခသစ္စာငြိမ်းတဲ့နိဗ္ဗာန်ကိုသာရောက်စေချင်တော့တယ်။
ဒီတစ်ခါသေပြီး ဘယ်ဝမ်းခေါင်းမှ မအောင်းရတဲ့နိဗ္ဗာန်
သွားဖို့ ဆုံးဖြတ်ချက်ချပါ။
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)
No comments:
Post a Comment