မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ဘဝ
(၁) ဇီဝိတ၊ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး။
သတ္တ၀ါတွေဟာ ဘယ်အသက်အရွယ်ထိပဲ
နေရတယ်၊ ဘယ်အသက်အရွယ် ရောက်လို့ရှိရင် သေကြရတယ်လို့
အမိဝမ်းအတွင်းမှာလည်း
ကာလလရေကြည်အခိုက်မှာပဲ ဖြစ်ဖြစ်၊ ရေမြှုပ်ဖြစ်နေတဲ့အခိုက်မှာပဲ
ဖြစ်ဖြစ်၊
အသားတစ်ဖြစ်နေတဲ့အခိုက်မှာပဲ ဖြစ်ဖြစ်၊
စသည်အားဖြင့်အမိဝမ်းအတွင်းမှာလည်း
အချိန်အမျိုးမျိုးမှာ သေဆုံးသွားနိုင်တယ်။
အမိဝမ်းကထွက်လာပြန်တော့လည်း
တစ်နာရီ၊
နှစ်နာရီ စတဲ့ နာရီပိုင်းအတွင်း၊ တစ်ရက်၊ နှစ်ရက်စတဲ့
ရက်ပိုင်းအတွင်း၊ တစ်ပတ်၊ နှစ်ပတ်စတဲ့ အပတ်ပိုင်းအတွင်း၊
တစ်နှစ်၊ နှစ်နှစ်
စတဲ့ နှစ်ပိုင်းအတွင်း
စသည်အားဖြင့် ဘယ်အသက်အရွယ်မှာမဆို
သေဆုံးသွားနိုင်တာပဲ။
ဘယ်အသက်အရွယ်မှာမဆို
သေဆုံးသွားနိုင်တဲ့အတွက်ကြောင့်လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို
ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာကိုလည်း
ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။
(၂) ဗျာဓိ၊ ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်ဆိုတာကိုလည်း မသိနိုင်ဘူး။
သတ္တ၀ါတွေဟာ
ဘယ်အနာရောဂါနဲ့ပဲ
သေဆုံးကြတယ်ဆိုတဲ့ အတိအကျ သတ်မှတ်ချက်မရှိပါဘူး။
မျက်စိနဲ့
ပတ်သက်တဲ့ အနာရောဂါနဲ့လည်းသေနိုင်သလို၊ နားနဲ့
ပတ်သက်တဲ့
အနာရောဂါ၊ နှာခေါင်းနဲ့
ပတ်သက်တဲ့ အနာရောဂါ၊ လျှာနဲ့
ပတ်သက်တဲ့ အနာရောဂါ၊
ကိုယ်နဲ့ ပတ်သက်တဲ့ အနာရောဂါ၊ စိတ်နဲ့
ပတ်သက်တဲ့အနာရောဂါစသည်အားဖြင့်
ဘယ်အနာရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တယ်။
အနာရောဂါ
တစ်ခုတည်းသာမကဘဲ
တစ်ခုထက်များတဲ့ အနာရောဂါတွေနဲ့လည်း
သေဆုံးသွားနိုင်တာပဲ။
တစ်ယောက်နဲ့တစ်ယောက် သေဆုံးရမယ့်
အနာရောဂါတွေကလည်း မတူကြဘူး။
ဘယ်အနာရောဂါမျိုးနဲ့မဆို
သေဆုံးသွားနိုင်တဲ့အတွက် လူသားအပါအ၀င် သတ္တ၀ါတွေဟာ
ကိုယ့်ကိုယ်ကို
ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်၊
မိမိသေလွန်တဲ့အချိန်မှာ
ဘယ်အနာရောဂါဖြစ်မယ်ဆိုတာကိုလည်း
ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။
(၃) ကာလ၊ သေရမယ့် အချိန်ကိုလည်း မသိနိုင်ဘူး။
သတ္တ၀ါတွေဟာ မနက်ပိုင်းအချိန်မှာပဲ သေကြတယ်၊
ကျန်တဲ့ အချိန်တွေမှာ မသေကြဘူးလို့ ဒီလိုသတ်မှတ်ချက် မရှိပါဘူး။
မနက်ပိုင်းအချိန်မှာလည်း
သေနိုင်သလို၊ နေ့လယ်ပိုင်းအချိန်မှာလည်း
သေနိုင်တယ်၊
ညနေပိုင်းအချိန်မှာလည်း
သေနိုင်တယ်၊ ညပိုင်းအချိန်မှာလည်း
သေသွားနိုင်တယ်။
ထမင်းစားရင်းလည်း သေနိုင်သလို ရေသောက်ရင်းလည်း
သေသွားနိုင်တယ်။
ဘုရားရှိခိုးရင်းနဲ့လည်း
သေဆုံးသွားနိုင်သလို
သတင်းစာဖတ်ရင်းတန်းလန်းနဲ့လည်း သေချင်သေသွားနိုင်တာပါပဲ။
ဘယ်အချိန်မှာမဆိုသေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ
ကိုယ့်ကိုယ်ကို
ဘယ်အချိန်မှာ သေဆုံးရမယ်ဆိုတာ
ကြိုတင်ပြီး မသိနိုင်ကြဘူး။
(၄) ဒေဟနိက္ခေပန၊ သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ဘူး။
သတ္တ၀ါတွေဟာ
သေဆုံးသွားတဲ့အခါမှာ
နေရာတစ်နေရာတည်းမှာပဲ အလောင်းကောင်
ပစ်ချခံရတယ်လို့
အတိအကျ
သတ်မှတ်ချက် မရှိဘူး။ ရေထဲမှဓာ မွေးတဲ့ပုဂ္ဂိုလ်က ကုန်းပေါ်မှာ
အလောင်းပစ်ချခံချင် ခံရမယ်။ ကုန်းပေါ်မှာ မွေးတဲ့ ပုဂ္ဂိုလ်က
ရေထဲမှာ
အလောင်းပစ်ချခံချင်ခံရမယ်။ ရွာမှာ မွေးတဲ့
ပုဂ္ဂိုလ်က မြို့မှာ
အလောင်းပစ်ချခံချင် ခံရမယ်။ မြို့မှာ
မွေးတဲ့ပုဂ္ဂိုလ်ကတောမှာ
အလောင်းပစ်ချခံချင်ခံရမယ် စသည်အားဖြင့်
ဘယ်နေရာမှာမဆို မိမိရဲ့
အလောင်းကောင်က ပစ်ချခံရနိုင်တယ်။
အရင်တုန်းကဆို
ရန်ကုန်မှာနေတဲ့ ပုဂ္ဂိုလ်တွေက
ငါသေရင် ငါ့အလောင်းကို ကြံတောသုသာန်မှာ
သေချာတယ်လို့ အတပ်ပြောချင်ပြောကြလိမ့်မယ်။ အခုတော့
ကြံတောသုသာန်လည်း
မရှိတော့တဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေရဲ့
တွေးဆပြောဆိုချက်ဟာ ဘယ်နည်းနဲ့မှ
မမှန်နိုင်တော့ဘူးနော်။
ဘယ်နေရာမဆို၊
ဘယ်သုသာန်မှာမဆို
အလောင်းကောင်ကို ပစ်ချခံရနိုင်တဲ့ အတွက်ကြောင့်
လူအပါအ၀င်
သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ငါသေရင် ငါ့အလောင်းကောင်ကို
ဘယ်နေရာမှာ ပစ်ချခံရမယ်၊ စွန့်ပစ်ခံရမယ်ဆိုတာကိုလည်း
ကြိုတင်ပြီး
မသိနိုင်ကြပါဘူး။
(၅) ဂတိ၊ သေလွန်ပြီးတဲ့နောက် ဘယ်ဘ၀ကို လားရောက်ရမယ်၊ ဘယ်ဂတိကို သွားရမယ်ဆိုတာကိုလည်း ကြိုပြီးတော့ မသိနိုင်ဘူး။
သတ္တ၀ါတွေဟာ သေဆုံးပြီးသွားရင်
ဘယ်ဂတိတစ်ခုကိုပဲ သွားရတယ်လို့ အတိအကျ
ပုံသေကန့်သတ်ချက် မရှိပါဘူး။
ဥပမာဆိုပါတော့၊
လူတွေ သေသွားလို့ရှိရင် လူပဲ ပြန်ဖြစ်တယ်လို့ ဒီလို အတိအကျ ကန့်သတ်ချက်
မရှိပါဘူး။
လူသေလို့ရှိရင် လူလည်း ပြန်ဖြစ်နိုင်သလို နတ်လည်း ဖြစ်နိုင်တယ်။
ငရဲလည်းကျသွားနိုင်တယ်၊ တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်၊ ပြိတ္တာလည်း
ဖြစ်နိုင်တယ်၊
ဂတိငါးမျိုးမှာ တစ်မျိုးမျိုး ဖြစ်နိုင်တယ်။
နတ်တွေသေသွားလို့ရှိရင်
နတ်ပဲပြန်ဖြစ်တယ်လို့
ဒီလို အတိအကျ ကန့်သတ်ချက်လည်း မရှိဘူး။ နတ်တွေ
သေလွန်ပြီးတော့ နတ်ပြန်ဖြစ်တဲ့သူလည်း ရှိမယ်၊ လူဖြစ်တဲ့သူလည်း
ရှိမယ်၊ ငရဲ၊
တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်တဲ့သူလည်း ရှိမယ်
စသည်အားဖြင့်ပေါ့။ ဂတိငါးမျိုးမှာ
တစ်မျိုးမျိုး ဖြစ်နိုင်တယ်။
အသူရကာယ်ကို ပြိတ္တာမှာ သွင်း၊ ပြဟ္မာကို
နတ်မှာ သွင်းပြီး ဂတိငါးမျိုး(လားရာဘ၀ငါးမျိုး) ရှိပါတယ်။
ရဟန္တာမှအပ
သတ္တ၀ါတွေ သေဆုံးပြီးတဲ့အခါမှာ
(၁) ငရဲ
(၂) တိရစ္ဆာန်
(၃) ပြိတ္တာ
(၄) လူ
(၅)
နတ် လို့ခေါ်တဲ့ ဂတိငါးပါးမှာ
တစ်ပါးပါးသို့ လားရောက်ရမှာ
ဖြစ်တဲ့အတွက်ကြောင့်
လူအပါအ၀င် သတ္တ၀ါတွေဟာ သေဆုံးသွားတဲ့အခါမှာ
ကိုယ့်ကိုယ်ကို
ဘယ်ဘ၀၊ ဘယ်ဂတိကို လားရောက်ရမယ်ဆိုတာကိုလည်း
ကြိုတင်ပြီးတော့
မသိနိုင်ကြပါဘူး။
လူသားအားလုံး။ လူသားအပါအ၀င်
သက်ရှိသတ္တ၀ါအားလုံးဟာ မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြရတဲ့
သနားစရာ သတ္တ၀ါတွေ ဖြစ်ပါတယ်။
(၁) ဘယ်အသက်အရွယ်မှာ သေမလဲ။
(၂) ဘယ်အနာရောဂါနဲ့ သေမလဲ။
(၃) ဘယ်အချိန်မှာ သေမလဲ။
(၄) အသေကောင်ကို ဘယ်သုသာန်မှာ စွန့်ပစ်ခံရမှာလဲ။
(၅) သေပြီးရင် ဘယ်ဘ၀ရောက်မလဲ။
ဒီငါးပါးကိုလူသားတွေ၊လူသားအပါအ၀င်သတ္တ၀ါတွေ
မသိနိုင်ကြပါဘူး။ ဒီမသိခြင်ငါးပါးက
လူသားအားလုံး၊
သက်ရှိသတ္တ၀ါအားလုံးကို လွှမ်းမိုးနှိပ်စက်နေပါတယ်။
လူသားအားလုံးဆိုတာကယေဘုယျအနေနဲ့ အများစုကို ခြုံငုံ ပြောတာပါ။
အနည်းစုအနေနဲ့တရားတန်းခိုးရှိသူ၊ တရားစွမ်းအားကြီးမားသူသူတော်ကောင်းပုဂ္ဂိုလ်တချို့ကတော့ သိနိုင်ကြပါတယ်။
အထူးသဖြင့်
အာနာပါနကမ္မဋ္ဌာန်းကို အောင်မြင်ပေါက်မြောက်အောင် အားထုတ်ထားတဲ့ပုဂ္ဂိုလ်များဟာမိမိသေရမယ့်အချိန်ကို ကြိုတင်ပြီးတော့အတိအကျသိနိုင်ကြပါတယ်။အချိန်ကိုသိသလို ကျန်တဲ့ အချက်လေးချက်ကိုလည်း ကျွဲကူးရေပါ
သိနိုင်ကြပါတယ်။
အနည်းဆုံးသောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်များဟာ“ငါသေလွန်ပြီးရင် အပါယ်လေးပါးမလားရောက်ရတော့ဘူး။လူ၊ နတ်၊ဗြဟ္မာကောင်းရာသုဂတိကိုသာ
လားရောက်ရတော့မယ်”လို့သေချာပေါက်ပြောနိုင်ကြပါတယ်။ ဒါပေမဲ့ကောင်းရာသုဂတိဘုံတွေကအများကြီးရှိတာမို့ ဘယ်ဘုံကို ရောက်ရမယ်ဆိုတာကိုတော့အတိအကျသိဖို့ မလွယ်ပါဘူး။
ဒါ့ကြောင့်ဘာပဲဖြစ်ဖြစ်၊မပြောပလောက်တဲ့ပုဂ္ဂိုလ်အနည်းစုကသာ သိနိုင်ကြ၊သိပြန်တော့လည်းတစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတာမို့တစ်စိတ်တစ်ဒေသလောက်သာသိနိုင်ကြတဲ့ ပုဂ္ဂိုလ်အနည်းစုကို စကားထဲ ထည့်ပြောမနေတော့ဘဲ
ချွင်းချက်အနေနဲ့ ချန်လှပ်ထားခဲ့ပြီး…
လူသားအားလုံး၊သက်ရှိသတ္တ၀ါအားလုံးမသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြရတယ်လို့ဆိုလိုက်ရင်
စကားကတ်ချင်သူများ စောဒကတက်နေဖို့ လိုမယ်မထင်တော့ပါဘူး။
ကိုယ့်ကိုယ်ကိုသိလှပြီ၊တတ်လှပြီလို့အထင်ရောက်၊ ဘ၀င်မောက်နေကြတဲ့ပုဂ္ဂိုလ်များကိုယ့်ဘ၀ကိုယ်မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ဘ၀လို့နားလည်သဘောပေါက်ခဲ့မယ်ဆိုရင် အခြောက်တိုက် မာန်မာနတက်နေစရာ မလိုတော့ဘူး
ထင်ပါတယ်။
မသိခြင်းငါးပါးကိုသာလူသားအားလုံးသတိရကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးထဲမှာတစ်ကိုယ်ကောင်းဆန်မူတွေ၊ ကိလေသာ သောင်းကျန်းမူတွေ နည်းပါးသွားမှာ
သေချာပါတယ်။
ဇီဝိတံ ဗျာဓိ ကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိံ၊
အနိမိတ္တာ န နာယရေ။
ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိံ၊
အနိမိတ္တာ န နာယရေ။
No comments:
Post a Comment