Pages

Tuesday, February 25, 2014

**** ကြွေးယူခြင်းနှင့် ဆင်းရဲခြင်း (၆)မျိုး ****



 ကြွေးယူခြင်းနှင့် ဆင်းရဲခြင်း (၆)မျိုး 
************************* 

ကာမဂုဏ်စည်းစိမ် ခံစားသောလူတို့၌ လူမွဲဖြစ်ရခြင်းသည် ဆင်းရဲခြင်းတစ်မျိုး။

ကိုယ်ပိုင်ပစ္စည်းမရှိ၍ ကြွေးယူရခြင်းသည်လည်း ဆင်းရဲခြင်းတစ်မျိုး။

ကြွေးယူရာ၌ အတိုးပေးပါမည်ဟု အာမခံရခြင်းသည်လည်း ဆင်းရဲခြင်းတစ်မျိုး။

အချိန်ရောက်တိုင်း အတိုးပေးရန် အတောင်းခံရခြင်းသည် ဆင်းရဲခြင်းတစ်မျိုး။

အတိုးမပေးနိုင်၍ ကြွေးရှင်တို့က နောက်မှ တစ်ကောက်ကောက် အလိုက်ခံရခြင်းသည် ဆင်းရဲခြင်းတစ်မျိုး။

အကြွေးကို မဆပ်နိုင်၍ ဖမ်းဆီး ချုပ်နှောင်ခံရခြင်းသည်လည်း ဆင်းရဲခြင်းတစ်မျိုး။

-------------------------------

အရိယာတို့၏ အဆုံးအမ၌လည်း သဒ္ဓါ ဟိရီ သြတပ္ပ ဝီရိယ ပညာဟူသော တရားငါးပါးမရှိသူသည် လူမွဲမည်၏။

ထိုလူမွဲ၏ ကိုယ်နှုတ်စိတ် သုံးပါးဖြင့် ဒုစရိုက်မှုများကို ဖုံးကွယ်ရန် အားထုတ်ခြင်းသည် အတိုးတက်ခြင်းမည်၏။

မိမိ၏ ဒုစရိုက်မှုများကို သီတင်းသုံးဖော်တို့ကသိ၍ ကဲ့ရဲ့ပြောဆို ခံရခြင်းသည် ကြွေးတောင်းခံရခြင်းမည်၏။

ဒုစရိုက်မှုများကို ပြုကျင့်မိသူအား ဆိတ်ငြိမ်ရာ အရပ်၌နေစဉ် နှလုံးမသာယာမှုနှင့် မကောင်းသော အကြံများဖြစ်ပေါ်လာရခြင်းသည် ကြွေးရှင်များနောက်မှ အလိုက်ခံရခြင်းမည်၏။

သေလွန်သောအခါ ငရဲဘုံ တိရစ္ဆာန်ဘုံသို့ ရောက်ရခြင်းကား ဖမ်းဆီးချုပ်နှောင်မှု ခံရခြင်းမည်၏။

ငရဲဘုံ တိရစ္ဆာန်ဘုံသို့ ရောက်ရခြင်းသည် အရဟတ္တဖိုလ်သို့ မရောက်စေရန် ဖမ်းဆီးချုပ်နှောင်ထားသည့် ကြီးစွာသော ဖမ်းဆီးချုပ်နှောင်မှုမည်၏။

(ဣဏသုတ်)

မေတ္တာရှင်-ရွှေပြည်သာ

No comments:

Post a Comment