Pages

Tuesday, February 25, 2014

**** ကိုယ်ကျန်းမာမှ ကိုယ်ချမ်းသာမယ် ****

ကိုယ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်
*******************************
  စိတ်ကျန်းမာမှ စိတ်ချမ်းသာမယ်
*****************************

         လာဘ်တကာ လာဘ်တွေထဲမှာ ကျန်းမာခြင်းဟာ အကောင်းဆုံးလာဘ်လို့ ဘုရားဟောတယ်၊ ကျန်းမာမှ ချမ်းသာမယ်၊ မကျန်းမာရင် မချမ်းသာဘူး၊ နည်းနည်းလေး နှာစေး၊ ချောင်းဆိုး ဖြစ်တာတောင် နေရထိုင်ရခက်တယ်၊ မအီမလည်နဲ့ အတော်နေရဆိုးတယ်။

        မကျန်းမမာရောဂါရသူအတွက် တိုက်ကြီးလည်း အလကားပဲ၊ ကားကြီးလည်း အလကားပဲ၊ စိန်တွေ ရွှေတွေလည်း အလကားပဲ၊ ရာထူးအာဏာဆိုတာလည်း အလကားပဲ၊ ကိုယ့်အတွက် တကယ် ထိထိရောက်ရောက် အသုံးမဝင်တော့ဘူး၊ ကိုယ့်အခက်အခဲကို ဘာမှမကူညီနိုင်ကြ၊ မစောင့်ရှောက် နိုင်ကြဘူး၊ ချမ်းသာဖို့ရာ အဓိက လိုအပ်ချက်ကတော့ ကျန်းမာဖို့ပဲ။

          ကျန်းမာရေးက ရုပ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးလို့ နှစ်မျိုးရှိတယ်၊ ရုပ်ကျန်းမာဖို့ မိမိနဲ့မတည့်တဲ့ အစားအစာတွေရှောင်၊ တည့်တာပဲရွေးစား၊ အာဟာရဖြစ်မယ့် အစာတွေစား၊ ဗီတာမင်စုံအောင်စား၊ အပူအအေးမျှတအောင်နေ၊ ကျန်းမာရေးကို အထူးဂရုစိုက်၊ ကျန်းမာရေး ဗဟုသုတလိုက်စား၊ ကာယလေ့ကျင့်ခန်းယူ၊ သီးသန့်လေ့ကျင့်ခန်း မလုပ်နိုင်ရင် တစ်နေ့ တစ်နာရီလောက် လမ်းမှန်မှန်လျှောက်။

         စိတ်ကျန်းမာဖို့အတွက် ဘာသာရေးလိုက်စားဖို့၊ တရားအသိ တကယ်ရှိဖို့လိုတယ်၊ ဘာသာရေးအသိနည်းပါး တရားမရှိတဲ့အခါ လောဘတွေကြီး၊ ဒေါသတွေကြီး၊ မောဟတွေကြီး၊ မာနတွေကြီး၊ ဣဿာ မစ္ဆရိယစိတ်တွေကြီး၊ ဒါဆိုရင် ဒီစိတ်ဟာ မကျန်းမာတော့ဘူး၊ ခံနိုင်ရည်မရှိတော့ဘူး။

         ကိလေသာတွေဟာ အပူဆိုတော့ ကိလေသာအား ကြီးတဲ့စိတ်ဟာ ဘယ်လိုမှ မအေးချမ်းနိုင်တော့ဘူး၊ ပူပန်မှုတွေ၊ ဂနာမငြိမ်မှုတွေ၊ လှုပ်ခါမှုတွေ၊ ဣနြေ္ဒမရမှုတွေ၊ ယောက်ယက်ခတ်မှုတွေ အားကြီးတော့မှာပဲ၊ ဒါ စိတ်ခံနိုင်ရည် အားနည်းလို့၊ စိတ်ဓာတ်မခိုင်မာလို့ စိတ်မကျန်းမာတာပဲ။

        ရုပ်ကျန်းမာဖို့ ခန္ဓာကိုယ်မှာ ဗီတာမင်စတဲ့ အားတွေလိုသလို စိတ်ကျန်းမာဖို့အတွက် စိတ်ထဲမှာ သဒ္ဓါ ဝီရိယ စတဲ့အားတွေ လိုအပ်တယ်၊ ဒီအားတွေရှိမှ စိတ်အင်အားပြည့်ဝပြီး ခံနိုင်ရည်ရှိမယ်၊ စိတ်ကျန်းမာမယ်၊ အများစုကတော့ စိတ်အားနည်းပြီး စိတ်မကျန်းမာသူတွေ၊ စိတ်ရောဂါရနေကြသူတွေက များတယ်၊ ပုထုဇဉ်အရှုးဆိုတာ ဒါပဲ။

         ဘာသာရေးအသိရှိပြီး အနိစ္စသဘောကို သေချာနားလည်မယ်၊ ထဲထဲဝင်ဝင် နှလုံးသွင်း ဆင်ခြင်နိုင်မယ်ဆိုရင် မိမိမှာ တွေ့ကြုံနေရတဲ့ လောကဓံဆိုးတွေ၊ ဒုက္ခသုခတွေဟာ ဘာမှမထူးဆန်းသလို သဘောထားနိုင်ပြီး ဘယ်ဟာကိုမှလည်း ဟက်ဟက်ပက်ပက် ခံစားနေမှာ မဟုတ်တော့ပါဘူး။

          အနိစ္စဆိုတာလေးတစ်ခုကို သေချာသဘောပေါက် စေချင်ပါတယ်၊ အနိစ္စ-မမြဲဘူးဆိုတာ ဘာတွေမမြဲတာလဲ၊ ဘာမှကို မမြဲဘူး၊ ငါလည်း မမြဲဘူး၊ သူလည်း မမြဲဘူး၊ မြင်မြင်သမျှသင်္ခါရ ဘယ်ဟာမှ အမြဲမဟုတ်ဘူး၊ ဆုံရကြုံရ ကောင်းဆိုးနှစ်တန် လောကဓံ ဘယ်ဟာမှအမြဲမဟုတ်ဘူး၊ အချိန်တန် အားလုံးတစ်မျိုးတစ်ဖုံ ပြောင်းသွားကြမယ်။

         ဒီတော့ အရာရာဟာ တဒင်္ဂတစ်ခဏပါ၊ အရာအားလုံးဟာ တိုတောင်းလှတဲ့ တဒင်္ဂတစ်ခဏအတွင်း ဖြစ်ပျက်နေကြတဲ့ အရာတွေပါ၊ ဒါတွေကို သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်နေတာကတော့ ဘာသာရေး အသိတရား ခေါင်းပါးလွန်းလို့ပဲ။

          ဒါကြောင့် စိတ်ကျန်းမာဖို့အတွက် စိတ်အင်အား နည်းပါးစေတတ်တဲ့ လောဘ ဒေါသစတဲ့ ကိလေသာပိုးတွေ နှိမ်နင်းပေးဖို့လိုတယ်၊ ကိလေသာတွေ နှိမ်ဖို့၊ သတ်ဖို့ ကိလေသာနည်းကြောင်း အကျင့်တွေ ကျင့်ဖို့လိုတယ်၊ ကိလေသာနည်းကြောင်း အကျင့်ကတော့ သီလ သမာဓိ ပညာအကျင့်ပဲ။

           သီလ သမာဓိ ပညာ အကျင့်တွေကျင်လို့ ကိလေသာတွေနည်းပါးပြီး စိတ်အင်အားတွေ တိုးပွားလာမယ်ဆိုရင် အားရှိတဲ့စိတ်၊ ခံနိုင်ရည်ရှိတဲ့စိတ်၊ ကျန်းမာတဲ့စိတ်၊ ငြိမ်သက်အေးချမ်းတဲ့စိတ်၊ ချမ်းသာတဲ့စိတ်ကို ရမယ်၊ စိတ်ချမ်းသာဖို့အတွက် စိတ်ကျန်းမာဖို့လိုတယ်။

         ကိုယ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်၊ စိတ်ကျန်းမာမှ စိတ်ချမ်းသာမယ်၊ ဒါကို ကောင်းကောင်း သဘောပေါက်ဖို့လိုတယ်၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်ခုလုံးကို အထူးပဲ ဂရုစိုက်ကြရမယ်။ ။

  အရှင်သံဝရာလင်္ကာရ
  ဓမ္မပိယဆရာတော်  

 ကိုယ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်
****************************

 စိတ်ကျန်းမာမှ စိတ်ချမ်းသာမယ်
လာဘ်တကာ လာဘ်တွေထဲမှာ ကျန်းမာခြင်းဟာ အကောင်းဆုံးလာဘ်လို့ ဘုရားဟောတယ်၊ ကျန်းမာမှ ချမ်းသာမယ်၊

မကျန်းမာရင် မချမ်းသာဘူး၊ နည်းနည်းလေး နှာစေး၊ ချောင်းဆိုး ဖြစ်တာတောင် နေရထိုင်ရခက်တယ်၊ မအီမလည်နဲ့ အတော်နေရဆိုးတယ်။

မကျန်းမမာရောဂါရသူအတွက် တိုက်ကြီးလည်း အလကားပဲ၊ ကားကြီးလည်း အလကားပဲ၊ စိန်တွေ ရွှေတွေလည်း အလကားပဲ၊ ရာထူးအာဏာဆိုတာလည်း အလကားပဲ၊ ကိုယ့်အတွက် တကယ် ထိထိရောက်ရောက် အသုံးမဝင်တော့ဘူး၊ ကိုယ့်အခက်အခဲကို ဘာမှမကူညီနိုင်ကြ၊ မစောင့်ရှောက် နိုင်ကြဘူး၊ ချမ်းသာဖို့ရာ အဓိက လိုအပ်ချက်ကတော့ ကျန်းမာဖို့ပဲ။


ကျန်းမာရေးက ရုပ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးလို့ နှစ်မျိုးရှိတယ်၊ ရုပ်ကျန်းမာဖို့ မိမိနဲ့မတည့်တဲ့ အစားအစာတွေရှောင်၊ တည့်တာပဲရွေးစား၊ အာဟာရဖြစ်မယ့် အစာတွေစား၊ ဗီတာမင်စုံအောင်စား၊ အပူအအေးမျှတအောင်နေ၊ ကျန်းမာရေးကို အထူးဂရုစိုက်၊ ကျန်းမာရေး ဗဟုသုတလိုက်စား၊ ကာယလေ့ကျင့်ခန်းယူ၊ သီးသန့်လေ့ကျင့်ခန်း မလုပ်နိုင်ရင် တစ်နေ့ တစ်နာရီလောက် လမ်းမှန်မှန်လျှောက်။


စိတ်ကျန်းမာဖို့အတွက် ဘာသာရေးလိုက်စားဖို့၊ တရားအသိ တကယ်ရှိဖို့လိုတယ်၊ ဘာသာရေးအသိနည်းပါး တရားမရှိတဲ့အခါ လောဘတွေကြီး၊ ဒေါသတွေကြီး၊ မောဟတွေကြီး၊ မာနတွေကြီး၊ ဣဿာ မစ္ဆရိယစိတ်တွေကြီး၊ ဒါဆိုရင် ဒီစိတ်ဟာ မကျန်းမာတော့ဘူး၊ ခံနိုင်ရည်မရှိတော့ဘူး။


ကိလေသာတွေဟာ အပူဆိုတော့ ကိလေသာအား ကြီးတဲ့စိတ်ဟာ ဘယ်လိုမှ မအေးချမ်းနိုင်တော့ဘူး၊ ပူပန်မှုတွေ၊ ဂနာမငြိမ်မှုတွေ၊ လှုပ်ခါမှုတွေ၊ ဣနြေ္ဒမရမှုတွေ၊ ယောက်ယက်ခတ်မှုတွေ အားကြီးတော့မှာပဲ၊ ဒါ စိတ်ခံနိုင်ရည် အားနည်းလို့၊ စိတ်ဓာတ်မခိုင်မာလို့ စိတ်မကျန်းမာတာပဲ။


ရုပ်ကျန်းမာဖို့ ခန္ဓာကိုယ်မှာ ဗီတာမင်စတဲ့ အားတွေလိုသလို စိတ်ကျန်းမာဖို့အတွက် စိတ်ထဲမှာ သဒ္ဓါ ဝီရိယ စတဲ့အားတွေ လိုအပ်တယ်၊ ဒီအားတွေရှိမှ စိတ်အင်အားပြည့်ဝပြီး ခံနိုင်ရည်ရှိမယ်၊ စိတ်ကျန်းမာမယ်၊ အများစုကတော့ စိတ်အားနည်းပြီး စိတ်မကျန်းမာသူတွေ၊ စိတ်ရောဂါရနေကြသူတွေက များတယ်၊ ပုထုဇဉ်အရှုးဆိုတာ ဒါပဲ။


ဘာသာရေးအသိရှိပြီး အနိစ္စသဘောကို သေချာနားလည်မယ်၊ ထဲထဲဝင်ဝင် နှလုံးသွင်း ဆင်ခြင်နိုင်မယ်ဆိုရင် မိမိမှာ တွေ့ကြုံနေရတဲ့ လောကဓံဆိုးတွေ၊ ဒုက္ခသုခတွေဟာ ဘာမှမထူးဆန်းသလို သဘောထားနိုင်ပြီး ဘယ်ဟာကိုမှလည်း ဟက်ဟက်ပက်ပက် ခံစားနေမှာ မဟုတ်တော့ပါဘူး။


အနိစ္စဆိုတာလေးတစ်ခုကို သေချာသဘောပေါက် စေချင်ပါတယ်၊ အနိစ္စ-မမြဲဘူးဆိုတာ ဘာတွေမမြဲတာလဲ၊ ဘာမှကို မမြဲဘူး၊ ငါလည်း မမြဲဘူး၊ သူလည်း မမြဲဘူး၊ မြင်မြင်သမျှသင်္ခါရ ဘယ်ဟာမှ အမြဲမဟုတ်ဘူး၊ ဆုံရကြုံရ ကောင်းဆိုးနှစ်တန် လောကဓံ ဘယ်ဟာမှအမြဲမဟုတ်ဘူး၊ အချိန်တန် အားလုံးတစ်မျိုးတစ်ဖုံ ပြောင်းသွားကြမယ်။


ဒီတော့ အရာရာဟာ တဒင်္ဂတစ်ခဏပါ၊ အရာအားလုံးဟာ တိုတောင်းလှတဲ့ တဒင်္ဂတစ်ခဏအတွင်း ဖြစ်ပျက်နေကြတဲ့ အရာတွေပါ၊ ဒါတွေကို သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်နေတာကတော့ ဘာသာရေး အသိတရား ခေါင်းပါးလွန်းလို့ပဲ။


ဒါကြောင့် စိတ်ကျန်းမာဖို့အတွက် စိတ်အင်အား နည်းပါးစေတတ်တဲ့ လောဘ ဒေါသစတဲ့ ကိလေသာပိုးတွေ နှိမ်နင်းပေးဖို့လိုတယ်၊ ကိလေသာတွေ နှိမ်ဖို့၊ သတ်ဖို့ ကိလေသာနည်းကြောင်း အကျင့်တွေ ကျင့်ဖို့လိုတယ်၊ ကိလေသာနည်းကြောင်း အကျင့်ကတော့ သီလ သမာဓိ ပညာအကျင့်ပဲ။


သီလ သမာဓိ ပညာ အကျင့်တွေကျင်လို့ ကိလေသာတွေနည်းပါးပြီး စိတ်အင်အားတွေ တိုးပွားလာမယ်ဆိုရင် အားရှိတဲ့စိတ်၊ ခံနိုင်ရည်ရှိတဲ့စိတ်၊ ကျန်းမာတဲ့စိတ်၊ ငြိမ်သက်အေးချမ်းတဲ့စိတ်၊ ချမ်းသာတဲ့စိတ်ကို ရမယ်၊ စိတ်ချမ်းသာဖို့အတွက် စိတ်ကျန်းမာဖို့လိုတယ်။


ကိုယ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်၊ စိတ်ကျန်းမာမှ စိတ်ချမ်းသာမယ်၊ ဒါကို ကောင်းကောင်း သဘောပေါက်ဖို့လိုတယ်၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်ခုလုံးကို အထူးပဲ ဂရုစိုက်ကြရမယ်။ ။


အရှင်သံဝရာလင်္ကာရ

ဓမ္မပိယဆရာတော်


 https://www.facebook.com/bwar99/posts/661475517247175:1

No comments:

Post a Comment